Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Andrew Muhlach
5.5
Rooftop (2023)
Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Rooftop (2023)
6.3
Wish You Were The One (2023)
Wish You Were The One (2023)~ IMDb - 6.3/10, MyDramaList - 7.5/10 ~လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ "အက်စရွတ်" ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။"အဲလစ်"ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှလေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ ...
movie
Wish You Were The One (2023)
2023
[18+] La Querida (2023)
La Querida (2023)ဂျိုဝယ်ဟာ မိခင်စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကိုလက်မခံပဲ တစ်သက်တာအတူဖြတ်သန်းရမယ့် မိန်းမဟာ သူတကယ်မြတ်နိုးတဲ့ အမျိုးသမီးတစ်ဦးသာဖြစ်စေရမယ်ဆိုပြီး ကြွေးကြော်ရင်း အိမ်ပေါ်ကဆင်းလာခဲ့တဲ့သူ။ မကြာခင်မှာပဲ သူရှာဖွေနေတဲ့ အချစ်စစ်ကို သမိုင်းမေဂျာကျောင်းသူ မာရီယာဆိုတဲ့ မိန်းမလှလေးတစ်ဦးဆီမှာရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မာရီယာဟာ တရားလွန်ချုပ်ချယ်လွန်းတဲ့ ဖခင်တစ်ဦးရဲ့သမီး၊ နောက်ကွယ်မှာမပြီးပြတ်သေးတဲ့အတိတ်တစ်ခုရှိနေခဲ့တာကို သူသိလိုက်ရပြီးနောက် သူတို့ပြတ်စဲသွားခဲ့ကြတယ်။ဆယ်စုနှစ်တစ်ချို့ကြာပြီးတဲ့နောက်မှာ လီယိုဆိုတဲ့ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဟာ သူအိမ်ထောင်ရှိနေတယ်ဆိုတာ သိသိရက်နဲ့ လိုက်လံတွယ်ကပ်နေတဲ့ ကော်နီဆိုတဲ့သက်တူရွယ်တူအမျိုးသမီးတစ်ယောက်နဲ့ တိတ်တခိုးချစ်ကြိုးသွယ်မိခဲ့ပါတယ်။ မချစ်ပဲလက်ထပ်ခဲ့ရတဲ့၊ သမီးလေးသံယောဇဉ်ကြောင့်သာ ပေါင်းဖက်နေရဆဲဖြစ်တဲ့ မသာယာတဲ့အိမ်ထောင်ရေးကနေ ကော်နီနဲ့ဆုံတွေ့မိချိန်ဟာ သူ့ဘ၀ တစ်ဖန်ပြန်လည်ရှင်သန်လာသလို ဖြစ်ခဲ့ရပါသတဲ့။ပထမဇာတ်လမ်းလေးဟာ အလွမ်းနဲ့အဆုံးသတ်ခဲ့ရသလို ဒုတိယဇာတ်လမ်းလေးမှာ ပျော်စရာဇာတ်သိမ်းရနိုင်ပါ့မလား။ ဂျိုဝယ်၊ မာရီယာ၊ လီယို နဲ့ ကော်နီတို့ကြားက ဆက်နွယ်မှုတွေက ဘာဖြစ်လေမလဲဆိုတာကို ဇာတ်လမ်းလေးမှာအဖြေရှာကြပါ။ 18 နှစ်အထက်ဇာတ်ကားမဆန်ပဲ အချစ်ဒရာမာ ကားလေးတစ်ကားလိုဇာတ်အိမ်မျိုးပေမယ့် ထုံးစံအတိုင်း အချစ်ခန်းတွေကတော့ ကြမ်းကြမ်းရမ်းရမ်းပါဝင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ...
movie
[18+] La Querida (2023)
2023
[18+] Kara Krus (2022)
Kara Krus (2022)အန်ဒယ်လာဟာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ သူ့အပေါ် အရိပ်အကဲကြည့် အလိုလိုက် အောင်မြင်တဲ့ရှေ့နေ ခင်ပွန်းသည်၊ ချစ်စဖွယ်သမီးငယ်လေးနဲ့ အတူနေမိခင်တို့ကြောင့် သူ့ဘဝမှာ လိုလေသေးမရှိဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိပဲ အန်ဒယ်လာတစ်ယောက်တည်း ရင်ဆိုင်နေရတဲ့ လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဘယ်သူမှအနားမရှိချိန်မှာ ရောက်လာတတ်တဲ့ လယ်နာဆိုတဲ့ သူနဲ့ တစ်ထေရာတည်းတူတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ။လယ်နာဟာ သူသတိလွတ် မိန်းမောချိန်တွေမှာ သူ့ခန္ဓာကိုယ်ကို ဝင်ရောက်ပြီး ကလပ်တက် လျှောက်သွား ယောက်ျားတကာနဲ့ ပျော်ပါးတာမျိုးတွေ လုပ်တတ်ပါတယ်။ အဆိုးဆုံးအချက်ကတော့ သူနဲ့ဆက်ဆံပြီးတဲ့ယောက်ျားတွေကို မထင်ရင်မထင်သလို သတ်ပစ်တဲ့အထိ သောင်းကျန်းတာပါပဲ။ ဒါတွေကို သူအမျိုးမျိုးဟန့်တားပေမယ့် မအောင်မြင်ပဲ တစ်နေ့မှာတော့ လယ်နာက ဒီလိုတစ်လှည့်စီမနေနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ကိုအမြဲတမ်းအပိုင်စီးတော့မှာဖြစ်ကြောင်း ခြိမ်းခြောက်လာပါတော့တယ်။လယ်နာဟာ သူ့အနားမှာစွဲကပ်နေတဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တစ်ခုလား...? ဒါမှမဟုတ် သူ့ကိုယ်တိုင်ရဲ့စရိုက်ခွဲတစ်ခုလား...? အတိတ်ရဲ့ခြောက်လှန့်မှုတစ်စုံတစ်ရာများလားဆိုတာတော့ ကိုယ်တိုင်ပဲ ခန့် "မှန်း" ရင်း ဆက်လက်အဖြေရှာလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias ...
movie
[18+] Kara Krus (2022)
2022
7
(18+) Boy Bastos (2022)
Boy bastos 2022 Comedy/ 18+၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာအာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်းရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်းခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက်ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြားအဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါအဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြားဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေးကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။ File size…1.6GB / ...
movie
(18+) Boy Bastos (2022)
2022