Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anaswara Rajan
6
Malayalee from India (2024)
Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Malayalee from India (2024)
2024
6.9
Guruvayoor Ambalanadayil (2024)
Guruvayoor Ambalanadayil (2024) "ရည်းစားဟောင်း"IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ …အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Guruvayoor Ambalanadayil (2024)
2024
5.3
Yaariyan 2(2024)
Yaariyan 2 (2023) "အချစ်များ လွှမ်းခြုံ၍"မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါလာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ "အမေ့နို့ဖိုး" ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ်သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို...တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.64GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Yaariyan 2(2024)
2024
7
Abraham Ozler (2024)
Abraham Ozler (2024) "အဘေရာဟမ် အိုဇလာ"IMDb 7 ရထားတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ နန်းတွင်းကား Ponniyin Selvan နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Jayaram၊ မလေယာလမ် regular တစ်ယောက်ဖြစ်တဲ့ Mammootty နှင့်အတူ ရှေ့နေကား Neru ထဲက မင်းသမီး Anaswara Rajan တို့ ပါဝင်အားဖြည့်ထားပါတယ်ဒု-ရဲမှူးဖြစ်သူ အိုဇလာက အလုပ်အားတုန်းမှာ ဇနီးသည်၊ သမီးလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်နေရင်း ရုတ်တရက် တာဝန်တစ်ခုပေးခံရပါတယ်အဲဒီအချိန်လေးက သူ့ဘဝတစ်ခုလုံး မှောင်မိုက်သွားမယ့်နေ့ ဆိုတာကို သူမသိခဲ့ဘူး တချိန်က မူးယစ်သယ်ဆောင်မှုနဲ့ သူဖမ်းဆီးခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်...လက်စားပြန်ချေဖို့ ရည်ရွယ်ချက်နဲ့ လိမ်ညာဖုန်းဆက်ပြီး အိုဇလာမရှိတုန်း ဇနီးနဲ့သမီးလေးကို ရက်ရက်စက်စက် သတ်လိုက်တယ်ဒီကနေ အိုဇလာ တစ်ယောက် စိတ်ကျရောဂါ၊ အိပ်မပျော်ခြင်းတို့ နာတာရှည်အဆင့်ထိ ရောက်လာတဲ့အခါ သူငယ်ချင်း စိတ်ရောဂါကုဆရာဝန် အကြံပေးတဲ့အတိုင်း အတိတ်မှရုန်းထွက်ဖို့အတွက် အလုပ်ကိုစိတ်နှစ်ထားရာကနေ...ရှုပ်ထွေးပွေလီပြီး ဆေးလောကနဲ့ပါ သက်ဆိုင်နေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို ဖော်ထုတ်ရင်း...ရဲတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စိတ်ဝေဒနာနဲ့ ...
movie
Abraham Ozler (2024)
2024
7.8
Neru (2023)
Neru (2023) "အမှန်တရား" IMDb - 7.8/10(function(f,b,n,j,x,e){})();လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.23GB / 2.16GB / 918MB Quality…4k ...
movie
Neru (2023)
2023
4K HEVC
6.8
Padmini (2023)
Padmini(2023) ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, ...
movie
Padmini (2023)
2023
8.0
Thugs (2023)
Thugs 2023 IMDb 8.4Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်)ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ...
movie
Thugs (2023)
6.0
Raangi (2022)
Raangi (2022)IMDb 6.1/10Thaiyal Nayagi ဆိုတာအမျိုးသမီးတွေရဲ့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါ နာမည်နဲ့လိုက်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သတင်းထောက်မလေး မတရားတာတွေကိုလက်ပိုက်ကြည့်မနေဘဲ ဖြေရှင်းပေးတတ်သူ သူတင်တဲ့သတင်းတိုင်းက မပေါက်တာမရှိတဲ့လူပေါ့ ဒါကြောင့်ပဲ ဇာတ်လမ်းစစချင်းမှာ FBI တွေက သူ့နာမည်ကိုမေးပြီး အပူတပြင်းလိုက်ရှာနေကြတယ်ဘာကိစ္စကိုဘယ်လိုပတ်သက်မိလို့ FBI ကအစပါဝင်နေလဲသူလည်းမသိခဲ့ဘူး ဒီအဖွဲ့အစည်းကပါလို့ပြောပြီး သူ့ကိုနေရာတစ်နေရာဆီဆွဲခေါ်သွားကြတယ် ဒီအကြောင်းကိုသတင်းရေးရင် သေသလားရှင်သလားပြည်သူတွေမသိအောင် လူပျောက်စာရင်းဖွင့်မယ်လို့လည်း ခြိမ်းခြောက်ထားကြတာပေါ့ ...ဒီဇာတ်လမ်းတွေရဲ့အစက သူ့တူမ စုရှ်မီသာကစပါတယ် သူ့နာမည်နဲ့ သူ့ပုံပါတဲ့ Facebook က ယောကျာ်းလေး ၁၈ယောက်နဲ့ Sex Chat ထားပြီး အဲဒီ၁၈ယောက်တည်းကတစ်ယောက်ကခြိမ်းခြောက်လေတော့ သိုင်ရယ်လည်းမနေနိုင် ဝင်ဖြေရှင်းရပါတော့တယ် ဒီလိုနဲ့ သူ့တူမနာမည်နဲ့အကောင့်ထဲဝင်လိုက်ရင်း ထင်မထားတဲ့ဓာတ်ပုံကိုတွေ့ပြီး မီဒီယာမှာတင်လိုက်မိရာက.... သူ့ဘဝတစ်ဆစ်ချိုးဘယ်လိုပြောင်းလဲသွားမလဲ စိတ်ဝင်စားစရာတွေတစ်ပုံကြီးနဲ့ ကြည့်ရှုရမဲ့ကားဖြစ်တာကြောင့် အခုပဲကြည့်လိုက်ကြပါတော့နော် File size…2.51GB / 1.08GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~Yunni ~ Nyein Aye
movie
Raangi (2022)
2022
8.5
Mike (2022)
Mike (2022) IMDb - 8.5/10ကျွန်တော်တို့ရဲ့လက်ရှိဘဝမှာ ပျော်စရာတွေဝမ်းနည်းစရာတွေနဲ့လူတိုင်းကြုံကြရပါတယ်...ပျော်စရာတွေရှိရင်ပျော်လိုက်ကြပြီး ဝမ်းနည်းစရာတွေကြုံလာရင်ရော ပျော်ရွှင်မှုလိုမျိုးလက်ခံပေးနိုင်ကြဦးမှာလားစိတ်ဓာတ်တွေကျဆင်းသွားကြမလား...ကိုယ်ရတဲ့ဘဝတစ်ခုမှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုကြောင့် ကိုယ်မပျော်နိုင်ဘူးဆိုရင်တောင် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်လျော့ပြီးပြောင်းလဲမယ့်အစား ရင်ဆိုင်အနိုင်ယူလိုက်တာအကောင်းဆုံးပါပဲဟုတ်ကဲ့...ဒီဇာတ်ကားလေးကတော့ မျှော်လင့်ချက်တွေပျောက်ဆုံးပြီးဘဝကိုရေစုန်မျှောနေတဲ့အန်တိုနီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့....မိန်းကလေးဖြစ်နေရတဲ့သူ့ဘဝကို မကျေမနပ်ဖြစ်နေရတဲ့ ယောကျ်ားလျာမလေး ဆာရာတို့အကြောင်းပေါ့...တစ်နေ့သူတို့နှစ်ယောက်ခရီးတစ်ခုမှာဆုံမိကြပြီး ခင်မင်ရင်းနီးခဲ့ကြပါတယ်..ဒီလိုနဲ့တစ်ယောက်အကြောင်းတစ်ယောက်နားလည်လာကြပြီး ယောက်ျားလေးအဖြစ်ခွဲစိတ်ပြောင်းလဲချင်နေတဲ့ဆာရာကို အန်တိုနီကဘယ်လိုတွေကူညီပေးမှာလဲ...ဘာကြောင့်များဆာရာကရော ခွဲစိတ်ပြောင်းလဲချင်ရတာလဲ...ဆိုတာကို သူတို့နှစ်ယောက်က ဇာတ်ကားအဆုံးထိတွဲဖက်ခေါ်ဆောင်သွားပေးမှာမို့ ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလူလူ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်နော်... File size…1080p True Web Dl / 720p Quality…2GB / 1GB Format…mp4 Duration….1h 48m Subtitle….Myanmar Subtilte (Hard Sub) Encoder….YK Translated by Taylor & Thet Ko
movie
Mike (2022)
2022