Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anasuya Bharadwaj
7.7
Simbaa (2024)
Simbaa 2024 အမှန်တရားအောက်ပိုင်းသေနေတဲ့ယောကျာ်းဖြစ်သူ၊သမီးလေးတစ်ယောက်နဲ့ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့အက်ရှာလေး ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး မဆိုးလှတဲ့လစာနဲ့ ဒီမိသားစုကိုတော့သူကောင်းကောင်းကြီးလုပ်ကျွေးနိုင်ခဲ့တယ်စိတ်ထားလှသူတစ်ယောက်မို့ ရပ်ကွက်ထဲကလူတိုင်းချစ်ခင်မှုကိုရရှိထားသူဆိုလည်းမမှားဘူးပေါ့ ဒါပေမဲ့လူအများမသိတဲ့အက်ရှာရဲ့အမှောင်ခြမ်းရှိပါတယ် အဲဒါကတော့ တစ်နေ့ မီးပွိုင့်မိနေတုန်း လူတစ်ယောက်ကသူ့ကိုကားနဲ့ဝင်တိုးမိတယ် အဲဒီအချိန်ကစ အက်ရှာကအက်ရှာမဟုတ်တော့ဘဲ စိတ်ရိုင်းတွေဝင်ပြီး ကားနဲ့တိုက်တဲ့လူနောက်တကောက်ကောက်လိုက်ရင်း ရက်ရက်စက်စက်သတ်ပစ်ခဲ့တယ်ဒီအမှုကိုလိုက်ဖို့ အထူးစုံစမ်းရေးပါခေါ်ထားရတဲ့အနေအထားထိဖြစ်လာခဲ့တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ အက်ရှာကရော ဘာလို့ခုလိုအကြောင်းအရင်းမရှိ စိတ်ရိုင်းဝင်ရလဲဆိုတဲ့အကြောင်းရင်းခံကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.64GB / 1.23GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Simbaa (2024)
8.0
Peddha Kapu – 1 (2023)
Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ...
movie
Peddha Kapu – 1 (2023)
2023
9.8
Prema Vimanam (2023)
Prema Vimanam (သို့) အိပ်မက်ဆီသို့ (2023)IMDb - 10/10ကျွန်တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်းတွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစား အိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုတစ်ချိန်က အမှတ်တရတွေကို CMပရိသတ်တို့ ပြန်အမှတ်ရနိုင်ဖို့ Prema Vimanamဆိုတဲ့ Teluguရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းရာမူးနဲ့လာချူးတို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲရင်တောင် မလဲနိုင်လေတော့ ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးက လေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။ ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်း သီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ....အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက် သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့် ခိုးရာလိုက်ပြေးလာတဲ့ မာနီနဲ့အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီး ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Prema Vimanam (2023)
2023
Rangamarthanda (2023)
Rangamarthanda (2023)IMDb-8.2/10ဗီလိန်ဇာတ်ရုပ်တွေနဲ့ ကျွန်တော်တို့ရင်းနှီးခဲ့ကြတဲ့မင်းသားကြီး Prakash Raj ကို ပြဇာတ်ကိုမြတ်နိုးတန်ဖိုးထားရူးသွပ်လွန်းတဲ့ ပြဇာတ်မင်းသားကြီးအဖြစ် မြင်တွေ့ရမဲ့ဇာတ်လမ်းဖြစ်ပါတယ် မင်းသမီးလေးကတော့ ငယ်ငယ်ချောချောShivathmika Rajashekar လေးပါသက်တံ့ကိုနှစ်ရောင်ပဲခြယ်နိုင်ရင်တောင် ခံစားချက်ကိုးမျိုးထိပေးစွမ်းနိုင်တဲ့ အနုပညာရှင် လက်ခုပ်အားပေးသံတွေကိုစားသုံးပြီး လေချွန်သံတွေနဲ့ အသက်ဆက်ခဲ့ရတဲ့ အနုပညာရှင်ဆစ်ဒူးဆိုတာ အောင်မြင်တဲ့သရုပ်ဆောင်ဖြစ်ချင်တဲ့ တက်သစ်စ လူငယ်လေးတစ်ယောက် တစ်နေ့ပြဇာတ်အဖွဲ့တစ်ခုကို စိတ်ဝင်စားလို့လိုက်ကြည့်ရင်း ပန်းကန်ဆေးနေတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့သွားတယ် အဲဒီအဘိုးကြီးက သူ့ရဲ့ဆရာ တ စ်ချိန်ကပြဇာတ်သဘင်လောကမှာ သူတထူးပြောရလောက်သည်ထိ နာမည်ကျော်ကြားခဲ့သူရန်ဂါ အဲဒီချိန်မှာပဲ ပြဇာတ်ရုံကြီးမီးလောင်ပြာကျတဲ့သတင်းကလည်းကြားလိုက်ရချိန်ရင်ကွဲနာကျခဲ့ရသူက ရန်ဂါမီးလောင်ပြင်ပြဇာတ်ရုံကြီးမှာ အတိတ် နဲ့ ပစ္စုပ္ပန်ကို ယှဉ်ပြီး တသသတမ်းတပြောဆိုနေတဲ့ ပြဇာတ်မင်းသားကြီးရဲ့အတိတ်ဘဝဇာတ်ကြောင်းကို ကြည့်ရှုခံစားကြည့်ပါဦး(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Moon ~ Zwe ~ Cherry ~Yunni ~ V တို့ပဲဖြစ်ပါတယ်) File size…2.69GB / 1.09GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31mins Subtitle….Myanamar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Moon ...
movie
Rangamarthanda (2023)
5.9
Michael (2023)
Michael 2023ဒီရက်ပိုင်းမှ လောလောလတ်လတ်ထွက်ရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ rating 5.8/10 အထိရထားတဲ့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား တေလဂူးနာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဓားမြှောင်တစ်ချောင်းဆောင်ပြီး လောကဓံကိုအရွယ်နဲ့မလိုက်အောင် ထမ်းပိုးသယ်နေရတဲ့ 13 နှစ်အရွယ်ကောင်လေး မိုက်ကယ်၊ နားကြပ်လေးတပ်ပြီး ဘာကိုမှဂရုမစိုက်တတ်သလို လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့ လူငယ်လေးတစ်ဦးပေါ့။တစ်နေ့မှာမထင်မှတ်ပဲမိုက်ကယ်ဟာ မြို့ရဲ့ဒုစရိုက်ခေါင်းဆောင်ဖြစ်တဲ့ ဂူရူနာသ်ကိုအသက်ဘေးကနေ ကယ်တင်ပေးလိုက်ရာကနေ မွေးစားခံလိုက်ရပါတယ်။ အရွယ်ရောက်လာလို့ ဂူရူနာသ်ရဲ့ယုံကြည်ရတဲ့သူတစ်ဦးဖြစ်လာပြီး သူ့ရဲ့ ရန်သူဖြစ်သူကိုသတ်ဖို့ မိုက်ကယ်ကိုစေခိုင်းလိုက်တဲ့အချိန်မှာ မိုက်ကယ်ဟာ ရန်သူရဲ့ရန်သူကိုချစ်မိသွားတဲ့အခါ ...မိုက်ကယ်တစ်ယောက် ကိုယ့်ရဲ့ကျေးဇူးရှင်ကိုပြန်သစ္စာဖောက်မှာလား၊ ကိုယ်ချစ်ရတဲ့သူကိုပဲ သတ်ပစ်မှာလား ဆိုတာကတော့ ဒုစရိုက်တွေကြား ဂိုဏ်းပေါင်းစုံနဲ့အရှုပ်အရှင်းတွေကြား ဇာတ်ရှိန်အစကနေ အဆုံးထိ ဆွဲခေါ်သွားပေးသွားမှာပါ။ File size…2.16GB / 999MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Nyein Aye
movie
Michael (2023)
2023
5.9
GodFather (2022)
မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie
GodFather (2022)
2022
8.2
Rangasthalam (2018)
Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie
Rangasthalam (2018)
2018
1080p HEVC
9.0
Yatra(2019)
Yatra(2019) IMDb....9.0 တစ်နေ့ကားတစ်စီးနဲ့သားအဖ(၂)ယောက် စာသင်ကျောင်းထဲရောက်လာတယ်....အဖေဖြစ်သူက ကျောင်းဆရာအား သူ့သားကိုအပ်ရင်း တောင်းဆိုမှုတွေပြုလုပ်တယ်... " ဆရာ ကျွန်တော့်သားကို စာတွေသင်ပေးတာအပြင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်သင်ပေးပါ" " အံအားသင့်စရာပဲဗျ ကျွန်တော့်ဘ၀မှာအဖေတွေက သူ့တို့သားသမီးတွေကို ဆရာဝန်၊ အင်ဂျင်နီယာတွေပဲဖြစ်အောင်လုပ်ပေးပါလို့ပြောတာပဲတွေ့ဖူးတာ..ခင်ဗျားလို သူ့သားကို နိုင်ငံရေးးခေါင်းဆောင်ဖြစ်အောင်လုပ်ပေးပါဆိုတဲ့အဖေကိုတော့ ပထမဆုံး တွေ့ဖူးတာပဲဗျ...." "အင်ဂျင်နီယာ ဒါမှမဟုတ် ဆရာဝန်က လူတစ်ထောင်သို့မဟုတ် တစ်သိန်းလောက်ကိုပဲကူညီနိုင်တယ်...ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကတော့ လူမီလီယံပေါင်းများစွာကိုတစ်ချက်ထဲနဲ့ကူညီနိုင်တယ်... ပြီးတော့ ကျွန်တော့သားကိုပြောပြီးပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပေးတဲ့ခေါင်းဆောင်ဖြစ်အောင် သင်ပေးပါဆရာ၊အသက်မရှည်ရင်မရှည်ပါစေနဲ့၊အာဏာမရှိရင်မရှိပါစေနဲ့၊လူတွေရဲ့နှလုံးသားထဲမှာ အမြဲတမ်းကျန်ရှိနေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးပါဆရာ" ဒါကတော့ တစ်ချိန်မှာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ့် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ အဖေဖြစ်သူက သူ့သားကိုကျောင်းအပ်စဉ်က ပြောခဲ့တဲ့စကားဖြစ်ပါတယ်... ဒီဇာတ်ကားကတော့ ၂၀၀၄ ကနေ ၂၀၀၉ အထိ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ YSR လို့ခေါ်ကြတဲ့ ၀န်ကြီးချုပ် ရာဂျာရှက်ခါရာ ရက်ဒီ ရဲ့ ရွေးကောက်ပွဲအတွက် လမ်းလျှောက်မဲဆွယ်တဲ့ ယာထရာအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်... နိုင်ငံရေးလောက ထဲကိုသူ လျှောက်လမ်းစဉ်မှာ အခက်အခဲပေါင်းစုံ၊အတိုက်အခံပါတီပေါင်းစုံနဲ့ သူဖြတ်သန်းခဲ့တဲ့ ခယောင်းလမ်းကို တွေ့ရမှာဖြစ်ပါတယ်... သူဟာ ငယ်စဉ်က သူ့အဖေပြောခဲ့သလို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကျန်ရှိနေတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်မလား၊ သူဘယ်လိုတွေပေးဆပ်ခဲ့ရလဲ... ဘယ်လိုတွေကြိုးစားခဲ့လဲ... ပြည်သူတွေအပေါ်ဘယ်လိုသဘောထားခဲ့လဲ... ပါတီဝင်အချင်းချင်းနဲ့ အတိုက်အခံတွေကြားမှာ ဘယ်လို လှုပ်ရှားခဲ့လဲ.... စတာတွေကို ကြည့်ရမှာဖြစ်မှာပါတယ်.... ငယ်ဘ၀ကိုအနည်းအကျဉ်းပဲပြထားပြီး ...
movie
Yatra(2019)
2019