Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anandaraj
7.8
Vasco Da Gama (2024)
Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း)မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ ........ သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.3GB / 1.04GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar ...
movie
Vasco Da Gama (2024)
7
Uyir Thamizhukku (2024)
Uyir Thamizhukku (2024) တမီးလ် အဓွန့်ရှည်စေသော်ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating 7.3 အထိ ရရှိထားတဲ့ တမီးလ်ဘာသာစကားပြော နိုင်ငံရေးဒရာမာဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Adam Bhava ရိုက်ကူးပေးထားပြီးတော့ Ameer Sultan, Imman Annachi, Chandini Sreedharan တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင်တော့ တမီးလ်နာဒူရဲ့ လူမှုရေး နိုင်ငံရေးကို အခြေခံထားပြီး ယဉ်ကျေးမှုနဲ့ နိုင်ငံရေးလှည့်ကွက်တွေ စတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်တင်ဆက်ပေးထားတာမလို့ စိတ်ဝင်စားစရာကောင်းမှာကတော့ သေချာပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် သစ္စာဖောက်မှုတွေ ပူးပေါင်းကြံစည်မှုတွေက ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ကို လွှမ်းမိုးနေတဲ့အခါ သူကိုယ်တိုင်ကလည်း အမှန်တရားကို ဖော်ထုတ်ဖို့ ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့ဆိုပြီး စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဉာဏ်ပညာနဲ့ ကိုယ့်ရဲ့ မဟာမိတ်တွေကို အသုံးချရင်း တရားမျှတမှုနောက် လိုက်ရာကနေ ဘယ်လိုအခက်အခဲ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးရှင်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood ...
movie
Uyir Thamizhukku (2024)
2024
8.0
Vithaikkaaran (2024)
Vithaikkaran (2024)IMDb 8.1/10 ရရှိထားပြီး ဘောလ်ဝုဒ်ရုပ်ရှင်ပရိသတ်ကြီးတို့ သဘောကျစေမဲ့ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဒီဇာတ်ကားကတော့ မင်းသား Sathish ရဲ့ တွေ့နေကျ ဟာသကားတွေကနေ ကွဲထွက်ပြီးပါဝင်ထားတဲ့ အက်ရှင်ကားတစ်ကားဖြစ်လို့ သူ့အတွက်တော့ သရုပ်ဆောင်လမ်းကြောင်းရဲ့ အချိုးအကွေ့တစ်ခုလို့လည်း ဆိုရမှာပါ။ငယ်စဉ်ကတည်းက မျက်လှည့်ပညာကိုကြိုက်ပြီး ' လိမ်တာမမှားဘူး လိမ်ခံရတာကမှ မှားတာ' ဆိုတဲ့စကားကို လက်ကိုင်ထားတဲ့ မျက်လှည့်ပညာရှင်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် အိန္ဒိယထိပ်တန်းမှောင်ခိုဂိုဏ်းခေါင်းဆောင် သုံးယောက်နဲ့ ဇယားရှုပ်မိသွားတဲ့မင်းသား။ဒီဂိုဏ်းခေါင်းဆောင်သုံးယောက်ကို သတင်းလိုက်နေတဲ့ ဂျာနယ်လစ်မင်းသမီး။ မတော်တဆအတိတ်မေ့သွားတဲ့ မင်းသားနဲ့ မင်းသမီးတို့တွေ့ပြီး အရှုပ်တော်ပုံကြားထဲ သတိမထားမိလိုက်ခင်မှာပဲ ဝင်မိသွားပြီး ပစ်မှတ်တစ်ခုဖြစ်သွားတဲ့အခါ ဒီအရှုပ်တွေကို ဘယ်လိုရှင်းမလဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို မပျင်းတမ်းကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ် ) File size…1.8GB / 830MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie
Vithaikkaaran (2024)
2024
6.5
Conjuring Kannappan (2023)
Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ" ============================== IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ် တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ ...
movie
Conjuring Kannappan (2023)
2023
4.4
80’s Buildup (2023)
80s Buildup 2023ဇာတ်လမ်းအကျဉ်းဇမီးမိသားစုအိမ်တော်ဟာ မျိုးရိုးစဉ်ဆက်ချမ်းသာလာကြပြီး ရှေးဟောင်းရတနာတွေအိမ်မှာမြှုပ်ထားတယ်လို့ ဓားပြတွေတချောင်းချောင်းဖြစ်နေတဲ့အိမ်။ထိုအိမ်မှာ ကာသီရ်နဲ့ မန်ဂျာကီလီတို့မောင်နှမနှစ်ယောက်ရှိပါတယ်။ စကားတစ်ခွန်းအပြန်အလှန်ပြောကြတာနဲ့တင် အချင်းချင်းထသတ်ကြတဲ့ မတည့်အတူနေတွေပါ။သို့ပေမယ့်သူတို့နှစ်ယောက်မှာ ဝါသနာတူအကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ အလောင်းအစားလုပ်ပြီးစိန်ခေါ်မှုလုပ်တာပါပဲ။ နှစ်ယောက်သား စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်သူတွေပါ။ တစ်နေ့မှာ လူလိမ်အဖွဲ့တစ်ဖွဲ့ရတနာပစ္စည်းရှာဖို့အိမ်ကိုရောက်လာပြီး မတော်တဆမှုတစ်ခုကြောင့် အဖိုးဖြစ်သူရုတ်တရက်ဆုံးသွားရှာပါတယ်။ဒီလိုနဲ့အသုဘမှာ ရတနာရှာမယ့်သူခိုးကတစ်ဖွဲ့ အလောင်းအစားလုပ်ပြီး စိန်ခေါ်နေတဲ့မောင်နှမကတစ်ဖွဲ့ အမွေခွဲပေးဖို့ကိုသာ မျက်စိကျနေတဲ့တစ်ဖွဲ့ အဲလိုနဲ့ပဲ အဖိုးဖြစ်သူအသုဘဟာ ပြဿနာအရှုပ်ထုပ်တွေကြား အေးအေးချမ်းချမ်းနဲ့ ပြီးသွားနိုင်မလားဆိုတာကို အသုဘထဲရယ်ရမလိုလို ငိုရခက်စေမယ့် တမီးလ်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.96GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
80’s Buildup (2023)
2023
7.2
Naanum Rowdydhaan (2015)
Naanum Rowdy Dhaan (2015) IMDb 7.2 နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie
Naanum Rowdydhaan (2015)
2015
4.6
Prince(2022)
Prince (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hero (2019), Doctor (2021) ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ မင်းသား ရှီဗားကာသီကေယန်းရဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားမှာ မင်းသားက ကျောင်းဆရာ.. ကျောင်းဆရာဆိုလို့ မြတ်ဆရာတော့ မထင်လိုက်နဲ့နော် အတန်းချိန်မှာ စာမသင်ဘဲ အတန်းလစ်ပြီး ရုပ်ရှင်သွားသွားကြည့်တတ်တဲ့ကျောင်းဆရာ...ကျောင်းသားတွေကို စာမေးပွဲမှာ စာခိုးချခွင့်ပြုတဲ့ ကျောင်းဆရာ...။ပေါ့တီးပေါ့ဆနိုင်လွန်းတဲ့ ဆရာပေါ့ဗျာ...။အဲ...သူ စာသင်တဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကျောင်းဆရာမလေး တစ်ယောက်ရောက်လာတယ်... သူကတော့ ဗြိတိသျှသူလေး ဂျက်ဆီကာပေါ့နော်...။ဘာမှသေချာအောင်မလုပ်နိုင်တဲ့ ဒီကျောင်းဆရာလေးဟာ အခုသူ့အချစ်ကို ရေရာသေချာစေဖို့ ဆရာမကိုပဲ အသည်းစွဲအောင်ချစ်မိပြီ ဆိုပါပြီခင်ဗျာ...။ဆရာမလေးကလည်း မောင်နဲ့သာဆိုရင် ဆိုပြီးစိတ်ယိုင်စပြုလာနေပါပြီ...။အဲ့မှာပဲ ဒါရိုက်တာက ရက်စက်ပါပြီ..ဘယ်လိုရက်စက်တယ်လို့ထင်လဲမင်းသားအဖေက ဗြိတိသျှကို မုန်းတယ် မင်းသမီးအဖေက အိန္ဒိယသားတွေကို မုန်းတယ် ဆိုတော့ သူတို့နှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူကြဘူး...။ကဲ..အချစ်အတွက်ဆို ဓါးတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရဆိုတဲ့သူများ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားသောတပန်ဆင်လို့ရပါပြီနော်.. File size…2.5GB /1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM ~ Sora ~ Taylor ...
movie
Prince(2022)
2022
6.4
Cobra (2022)
ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Vikram လို နာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား? ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ ပြစ်မှုကျူးလွန်ပါတယ်သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေးသမားတွေကိုမှ လုပ်ကြံသတ်ဖြတ်တာ ဖြစ်ပါတယ်ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင် ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို အမိဖမ်းမှာပဲ ဖြစ်ပါတယ်သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့ ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။ သူကတကယ်ရေ ာတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော် File size…7GB /3.2GB / 1.5GB Quality…4k HEVC / 1080p True WEB DL / 720p Format…mp4 Duration….3h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & OeliuJ & Lwin ...
movie
Cobra (2022)
2022
4K HEVC Web-DL
7.5
Bigil (2019)
(Unicode)တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။Genere- Drama,Sport,ActionIMDb - 7.5/10တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့.....-------------------------------------ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။အဖေ ပေးတဲ့ ...
movie
Bigil (2019)
2019
8.1
Sathya (2017)
IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။နောက်ပိုင်းမှာတော့ ဆတ္တယာ ကိုယ်တိုင်ကလည်း ဆွီသာ့ စကားတွေကို မယုံမကြည်ဖြစ်လာပြီးတဲ့နောက် ဆွီသာဟာ အထပ်မြင့်တိုက်တစ်ခုနေခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။ဒါပေမယ့်… အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ…. ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ...
movie
Sathya (2017)
2017