Channel Myanmar

An Ruiyun

Do the World Darts 6 (2007) 5.8
Do the World Darts 6 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ...... အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ....... အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 6 (2007)

The Legend of Detective Sleek Rat 2: The Blood Light Agato (2016) 5.8
The Legend of Detective Sleek Rat 2: The Blood Light Agato (2016) ဒါလေးကတော့ အပိုင်း (၁) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarထူလုံအဖွဲ့ကိုချေမှုန်းနိုင်ခဲ့ပြီ ဆိုပေမယ့် သတ်ဖြတ်မှုတွေက ရှိနေပါသေးတယ်။ မင်းကြီးက ပေါင်ချိန်နဲ့ ပိုင်ယွိထန်တို့ ထူလုံအဖွဲ့ကို ရှင်းလင်းလိုက်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ပေမယ့် ရာထူးနဲ့ ဆုလာဘ်တော်တွေ မချီးမြှင့်ပေးခဲ့ပဲ ပေါင်ချိန်ကို ဇာတိပြန်ခိုင်းခဲ့ပါတယ်။သတ်ဖြတ်မှုတွေ တဖန်ပြန်စတင်လာချိန်မှာ ပိုင်ယွိထန်က သူ့သိုင်းပညာနဲ့ ဉာဏ်ပညာကိုအသုံးပြုပြီး လိုက်လံသတ်ဖြတ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ဖမ်းမိန့်ထုတ်ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ နောက်ကွယ်က အဓိကကြံစည်သူပေါ်ထွက်လာခဲ့ပြီး အမှန်တရားလည်း ပေါ်ထွက်လာခဲ့ပါတယ်။အဓိက ကြံစည်သူက ဘယ်သူဖြစ်လိမ့်မလဲ...... မင်းကြီးနဲ့ မယ်တော်ကြီးတို့ တော်ဝင်မိသားစုအတွင်းမှာရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , ...
movie

The Legend of Detective Sleek Rat 2: The Blood Light Agato (2016)

The Legend of Detective Sleek Rat 1: The Bloody City (2016) 5.8
The Legend of Detective Sleek Rat 1: The Bloody City (2016) တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။ မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့် ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက် ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီး ဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ် ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ...... ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 28 min Subtitle : Myanmar ...
movie

The Legend of Detective Sleek Rat 1: The Bloody City (2016)