Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Amy Hargreaves
5.0
Founders Day (2023)
Founders Day (2023)=============Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ )File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / ...
movie
Founders Day (2023)
6.7
Linoleum (2022)
Linoleum (2022)~ IMDb - 6.7/10, RT - 80%, Meta - 80% ~အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က ...
movie
Linoleum (2022)
2022
5.8
Buck Run (2019)
Buck Run (2019)==============IMDb Rating - 5.8/10 အတိတ်က နာကျင်စရာတွေကို လက်ခံနိုင်ဖို့ ကြိုးစားဖူးလား။ နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ အမှန်တရားတွေကလက်ခံနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်.....ဒီကားမှာတော့ ကင်ဆာရောဂါသည်မိခင် သေသွားပြီးနောက်ပိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မိခင်အလောင်းနဲ့တစ်အိမ်ထဲမှာ အတူနေရတဲ့ ၁၅နှစ်သားအရွယ် ကောင်လေး ရှော။ အမေမရှိတော့မှ အရက်စွဲနေတဲ့ အဖေရောက်လာပြီး အဖေဖြစ်သူ ဝီလီယံနဲ့အတူ နေနိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဘဝကို အရက်သောက်၊မိန်းမလိုက်စား၊ အဓိပ္ပါယ်မဲ့စွာဖြတ်သန်းပြီး အတိတ်ကအကြောင်းတွေကနေ ရုန်းမထွက်နိုင်တဲ့ ဝီလီယံ။ မိခင်ကို ဆုံးရှုံးလိုက်ရပြီး ဘေးပတ်ဝန်းကျင်ကအနိုင်ကျင့်ခံရတဲ့ ကောင်လေး၊ ငယ်ငယ်ထဲကထွက်သွားပြီး အခုမှပေါ်လာတဲ့ အဖေနဲ့အတူ သူဘယ်လိုနေထိုင်မလဲ.....သူ့စိတ်ထဲဘာတွေရှိနေမလဲ။ နောက်ဆုံး သူတို့ သားအဖနှစ်ယောက် အတိတ်က နာကျင်စရာတွေကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဆုတွေလည်း အတော်များများရထားပြီး ဇာတ်လမ်းအေးအေးလေးတွေကိုစီးမျောခံစားတတ်တဲ့သူတွေအဖို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။) Quality ...
movie
Buck Run (2019)
2019
7.1
Blue Ruin(2013)
Blue Ruin(2013)အညွှန်း**********************IMDb...7.1/10Rotten Tomatoes....96% ဒွိုက်အေဗန်စ်ဟာ အိမ်ခြေရာမဲ့တစ်ယောက်ဖြစ်ပြီး စွန့်ပစ်အမှိုက်တွေထဲကရှာဖွေစားသောက်ကာ သူ့ကားပေါ်မှာပဲအိပ်လေ့ရှိပါတယ်။ဒီလိုကားတစ်စီးနဲ့ လမ်းမတွေပေါ်မှာလှည့်လည်နေထိုင်ရင်း တစ်နေ့မှာတော့ ရဲမေတစ်ယောက်ကသူ့ဆီ သတင်းဆိုးတစ်ခုယူဆောင်ပြီးရောက်ချလာပါတယ်။အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ဒွိုက်မိဘတွေကိုသတ်ခဲ့တဲ့ လူသတ်သမား ဝိတ်ကလီလန် လွတ်မြောက်လာတော့မယ်ဆိုတာပါပဲ။ သတင်းကြားကြားချင်းပဲ ဒွိုက်ဟာကလီလန်တွေရဲ့နေရာဆီ သေနတ်ပါယူပြီး လိုက်ပါတော့တယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီဇာတ်ကားက မှုခင်းရုပ်ရှင်ဟာ ဆုပေါင်း (၇)ဆုတောင်ရရှိခဲ့ပြီး IMDb ရော RT ရော အကောင်းဆုံးအနေအထားမှာရှိတာမို့Crime ဇာတ်လမ်းကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ei Phyu Khin ပဲဖြစ်ပါတယ်....File Size : (850 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo ...
movie
Blue Ruin(2013)
6.8
Wonderstruck (2017)
ဒီဇာတ်ကားလေးက IMDb 6.6 ရ ထားပြီး စာရေးဆရာ Brian Selznick ရဲ့ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonderstruck ဆိုတဲ့ Novel ကို ပြန်လည်အသက်သွင်းထားတာပါမိဘမဲ့ကလေးဖြစ်တဲ့ ဘန် ဆိုတဲ့ကောင်လေးဟာ မွေးတည်းက နားတစ်ဖက်မကြားတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်သူဟာ သူ့ရဲ့ဖခင်ကို ဘယ်တုန်းကမှ မသိခဲ့သလို သူ့အမေကလဲ တစ်ခါမှမပြောပြခဲ့ဖူးပါဘူးဘန်ရဲ့မိခင်ပိုင်တဲ့ စာအုပ်လေးတစ်အုပ်ရဲ့ကြားထဲက Bookmark လေးမှာ ရေးထားတဲ့ စာတိုလေးမှာ Love Danny လို့အဆုံးသတ်ထားတာကိုတွေ့ခဲ့ပြီး သူ့အဖေနာမည်ဖြစ်ရမယ်လို့ တွေးခဲ့တယ်တစ်ည သူတို့အိမ်ကို မိုးကြိုးပစ်လိုက်ရာက ဘန် ရဲ့ ကျန်ရှိနေတဲ့နားတစ်ဖက်ကိုလျှပ်စီးဝင်ပြီး လုံးဝနားမကြားသူတစ်ဦး ဖြစ်သွားခဲ့တယ်သူ့ရဲ့ဖခင်ကိုရှာပုံတော်ထွက်ဖို့အတွက် ဆေးရုံကထွက်ပြေးပြီး နယူးယောက်မြို့ကြီးကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်တစ်ယောက်တည်းဒုက္ခရောက်နေတုန်း ဂျေမီဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ ပုန်းအောင်းနေခဲ့ကြတယ်တစ်ဖက်မှာလည်း ရို့စ်ဆိုတဲ့ ကလေးမလေးဟာ မွေးတည်းကနားမကြားတဲ့သူတစ်ယောက်ပါပဲရို့စ်ကလဲ အိမ်မှာ မပျော်ရွှင်လို့ သူအရမ်းသဘောကျတဲ့ မင်းသမီးကြီး လီလီယန်ကို ...
movie
Wonderstruck (2017)
2017
6.6
Super Dark Times (2017)
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်လာတဲ့ Super Dark Time ဆိုတဲ့ကားလေးပါလူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ပြသနာလေးတွေကို ရိုက်ပြထားတာပါဒီထဲမှာတော့ ဇက်နဲ့ ဂျော့ရှ်နဲ့က အချစ်ဆုံးသူငယ်ချင်းတွေပါဇက်မှာ ငယ်ငယ်က အမြဲအတူတူဆော့ခဲ့တဲ့ ဒဲလ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်သူကပြသနာကောင်ပေါ့ ဒါ့အပြင် သူတို့ထက်နည်းနည်းငယ်တဲ့ အလယ်တန်းကျောင်းကကောင်လေး ချာလီဆိုတာလဲ ရှိပါသေးတယ်သူတို့က အမြဲကိုယ်စီစက်ဘီးတွေနဲ့ အုပ်စုလိုက် တံတားပေါ်မှာ လျှောက်လည်လေ့ရှိပါတယ်တစ်နေ့တော့ ဂျော့ရှ်အိမ်ကို လိုက်သွားရင်း ဂျော့ရှ်အစ်ကိုရဲ့ ဆေးခြောက်ထုပ်ကိုတွေ့တော့ဒဲလ်က စမ်းသုံးကြည့်ချင်ပါတယ်ဂျော့ရှ်က ခွင့်မပြုပါဘဲ တခြားစိတ်ဝင်စားစရာပစ္စည်းတစ်ခု ထုတ်ပြပါတယ်အဲဒါက သူ့အစ်ကိုရဲ့ဓားပါ သူတို့အဲ ဓားနဲ့ဆော့မယ်ဆိုပြီး တောထဲထွက်လာကြပါတယ်ဒဲလ်က ဂျော့ရှ်မသိအောင် ဆေးခြောက်ထုပ်ခိုးယူလာတာကို သိသွားတော့ ပြသနာတက်ကြပြီး ထိုးရင်းကြိတ်ရင်းဒဲလ်ကို ဓားနဲ့ထိုးမိသွားပါတယ်အဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေ ဒီကိစ္စကို လူမသိအောင်ဖုံးရင်းဖိရင်း ဘာတွေကြုံရတယ်ဆိုတာကို ရိုက်ပြထားတာပါတကယ်ကြည့်လို့ကောင်းတဲ့ကားလေးပါဒါ့အပြင် လူငယ်ဆန်ဆန်လွတ်လွတ်လပ်လပ်သရုပ်ဆောင်ပုံလေးတွေနဲ့ တကယ်ကြည့်ရှုသင့်တဲ့ကားမျိုးလို့ ညွှန်းပါရစေ File Size : (900 MB) and (370 MB) Quality : ...
movie
Super Dark Times (2017)
2017