Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ammy Virk
6
Bad Newz (2024)
Bad Newz 2024 ဖူးစာရွာလည်Imdb 6/10၁၉နှစ်အရွယ် ဘရာဇီးအမျိုးသမီးတစ်ဦးဖြစ်ပျက်ခဲ့တာကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံကားတစ်ကားတင်ဆက်ပေးချင်ပါတယ် ကုဋေ၈၀သုံးထားပြီး ရုံတင်ငွေအနေနဲ့ ကုဋေ၁၁၅.၇၄ ပြန်လည်ရရှိထားတဲ့အပြင် အပေါက်ဆုံး၄ကားမြောက်ဇာတ်ကားဖြစ်လာခဲ့ပါတယ်ဒီကားထဲမှာ မင်းသားချောဗစ်ကီ ပါဝင်သရုပ်ဆောင်ထားပြီး အသည်းထဲကစွဲရတဲ့ မင်းသမီးလေးTriptii Dimri ကလည်း အစွမ်းကုန်လှပပေးထားပါသေးတယ်ဖအေမတူဘဲ အမြွှာမွေးဖွားခြင်း ဒီသတင်းကအိန္ဒိယတစ်ဝှမ်းဟိုးလေးတကျော်ကျော်ဖြစ်နေပါတယ် ဒီဇာတ်လမ်းကိုရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ ကာယကံရှင်ဆီသွားရောက်မေးမြန်းခဲ့ပြီး အသေးစိတ်နောက်ကြောင်းပြန်ပေးထားတာပါဇာတ်လမ်းကတော့ ဘောစိမိသားစုမင်္ဂလာပွဲကစခဲ့ပါတယ် သမီးရှင်တွေ သားရှင်တွေက ကိုယ့်သားသမီးကိုပွဲထုတ်ကြတဲ့ပွဲတစ်ခုဆိုလည်း မမှားဘူးပေါ့ရှင် ဒီပွဲမှာ အာခေးလ်နဲ့ ဆာလိုနီတို့တွေ့ခဲ့ကြတယ် နှစ်ဦးသားက Sagittarius နဲ့ Gemini ဆိုတော့ လိုက်ဖက်ညီတယ်ဆိုပြီး ၂ဖက်မိဘကလည်းသဘောကျတဲ့အပြင် အတိုင်အဖောက်လည်းညီကြတဲ့ စိတ်တူကိုယ်တူသူတို့၂ယောက် တွေ့တွေ့ချင်းပဲစွဲလမ်းမိသွားလို့ အာခေးလ်တစ်ယောက် အားကြိုးမာန်တက်လိုက်ပါတော့တယ်ဒါပေမဲ့လည်းဆာလိုနီ့အိပ်မက်က စားဖိုမှူးတွေအတွက် အမြင့်ဆုံးဆုကို ဆွတ်ခူးနိုင်ဖို့ပါ ပန်းတိုင်မရောက်ခင် လမ်းမှာဝင်တိုက်မိတဲ့ ခလုတ်တံသင်းလေးအာခေးလ်နဲ့တွေ့မိတော့ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါဦးမလား အဖေမတူတဲ့အမြွှာဇာတ်လမ်းကရော ဘယ်လိုဖြစ်တည်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…2.3GB / 1.1GB Quality…WEB DL 1080p HEVC / 720p Format…mkv/ mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Bad Newz (2024)
6
Gaddi Jaandi Ae Chalaangaan Maardi (2024)
Gaddi Jaandi Ae Chalaangaan Maardi 2023 လက်ဖွဲ့ကားစိတ်ညစ်ညူးစရာ အလုပ်တက်ရက်ကြီးမှာ CM Bollywood Teamက ပရိသတ်ကြီးကို ဟာဒယရွှင်ဆေးတိုက်ကျွေးဖို့ ပန်ချာပီဟာသကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာတော့ ပစ္စည်းတွေ စားစရာတွေလိုပဲ သားတွေကို ဈေးတင်ရောင်းမယ့် ကပ်စေးနည်းဖေဖေကြီးနဲ့ ခမည်းခမက်တွေကြားက အလွဲလေးတွေကို ရှုစားရမှာပါ။ချွေးမကိုမကြည့်ဘူး ခန်းဝင်ပစ္စည်းပဲကြည့်မယ် ချွေးမမှာလက်မပါလာတာအရေးမကြီးဘူး ခန်းဝင်ပစ္စည်းလျော့လို့တော့မရဘူးဆိုတဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် သားတွေကို အိမ်ထောင်ချပေးရမယ့်အချိန်ရောက်ရင် သတို့သမီးတွေကို ခန်းဝင်ကြိုက်ဈေးပေးရင် ရော့ခန်းဝင်ပစ္စည်း ရော့ငါ့သားလုပ်တတ်တဲ့သူပါ။ ဖြစ်ချင်တော့ သားကြီးဘိုလာကို မင်္ဂလာဆောင်ပေးချိန်မှာ သတို့သမီးဘက်က ဘိုလာ 8 တန်းကျ ပညာမတတ်ဆိုတာသိသွားပြီး ခန်းဝင်ပစ္စည်းထဲထည့်ပေးရမယ့် ဆိုင်ကယ်နဲ့ကုတင်က ပါမလာတော့ပါဘူး။ဒီတော့ တစ်ပြားကနေ နှစ်ပြားရအောင်ပွတ်နေတတ်တဲ့ လာ့ဘ်ဆင်းဂ်တစ်ယောက် ဒီဆိုင်ကယ်ကို ကြိတ်မနိုင်ခဲမရဖြစ်နေတာ ဘိုလာတို့သားလေး ကျောင်းနေအရွယ်ရောက်တဲ့အထိပါပဲ။ သားကြီးမှာ ဆုံးရှုံးခဲ့ရတာကို သားငယ်ဟက်ပီးအလှည့်ကျ ဆတိုးပြန်ယူဖို့ လုပ်ထားတာပေါ့လေ။ဒီလိုနဲ့ ခန်းဝင်ပစ္စည်းတောင်းလို့ကောင်းအောင် ၃၀၀၀၀ တန် MBA အောင်လက်မှတ်နဲ့ သူဌေးသမီးကိုထောင်ဖမ်းမယ့် လာ့ဘ်ဆင်းတို့နဲ့ ခန်းဝင်ပစ္စည်းတွေထဲ ကားကြီးတစ်စီးပါ ထည့်ပေးမှာဆိုတဲ့ ဟက်ပီးသဘောကျနေတဲ့ ပူဂျာတို့မိသားစုနဲ့တွေ့တဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Gaddi Jaandi Ae Chalaangaan Maardi (2024)
2023
5
Annhi Dea Mazaak Ae (2024)
Annhi Dea Mazaak Ae (2023) "အချစ်ဖြင့်စတင်သော..." IMDb - 5.7/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်အပန်းဖြေစရာ အချစ်ဟာသရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့ သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။ တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။ မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား...။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.3GB / 979MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Annhi Dea Mazaak Ae (2024)
2023
8.4
Maurh – Lehndi Rutt De Nayak (2023)
Maurh (2023)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie
Maurh – Lehndi Rutt De Nayak (2023)
2023
6.8
Aaja Mexico Challiye (2022)
Aaja Mexico Challiye (2022)IMDb-6.8/10ဘွဲ့ရပညာတတ်လူငယ်တွေနိုင်ငံရပ်ခြားကို ထွက်ကုန်ကြတာမြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး:3 Saunkan Saunkne ကားထဲက မယားနှစ်ယောက်နဲ့ အခွီမင်းသားကြီး Amy Virk က ဒီကားမှာတော့ မျက်ရည်လည်တဲ့အထိမတူတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ပန်မန်ဟာ အများနည်းတူ အမေရိကန်သွားပြီး အလုပ်လုပ်၀င်ငွေတွေရှာချင်နေတဲ့တက်ကြွပန်ချာပီလူငယ်လေးတစ်ယောက်ပါ နိုင်ငံရပ်ခြားကိုပို့ပေးတဲ့ အေဂျင်စီတွေခြေချင်းလိမ်နေတဲ့အချိန်ကာလတစ်ခုပေါ့အမေရိကန်ကို သွားချင်လွန်းနေတဲ့ပန်မန်ကို အေဂျင်စီကတောင်းတဲ့မတန်တဆဈေးနဲ့ တစ်အိမ်လုံးကအနစ်နာခံပြီးပို့ပေးလိုက်ကြတယ် ခရီးစဉ်တစ်လျောက်တက်ကြွနေတဲ့ကောင်လေးဟာ လေဆိပ်အဆင်းမှာတော့ လွဲချော်မှုတွေစလာပြီ အေးဂျင့်ဆိုတဲ့လူကလည်းဖုန်းမကိုင်တော့ပါဘူး အဲဒီချိန်မှာပဲ သူ့လိုအမေရိကန်အိမ်မက်နဲ့အလိမ်ခံလိုက်ရတဲ့လူတွေနဲ့ဆုံဆည်းပြီး ဒုက္ခသုခတွေကြုံလာရပါတော့တယ်ဒီလိုနဲ့ပန်မန်အပါအ၀င် အမေရိကန်အိမ်မက်တွေနဲ့လူတွေဟာ အေးဂျင့်ကျေးဇူးနဲ့ အမေရိကန်မရောက်ပဲ မက္ကဆီကိုက တောကြီးထဲရောက်သွားချိန်မှာတော့.... စိတ်တောင်မကူးခဲ့ဖူးတဲ့ မက္ကဆီကိုတောကြီးထဲမှာ ဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲ သူတို့တွေ ဒီအခက်အခဲတွေကျော်ပြီးအမေရိကန်ကိုရောက်နိုင်ပါဦးမလား ရှူစားကြည့်ပါဦး File size…2.7GB / 1.25GB Quality…1080p WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Cherry
movie
Aaja Mexico Challiye (2022)
2022
6.3
Saunkan Saunkne (2022)
Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey
movie
Saunkan Saunkne (2022)
2022
8.6
Angrej (2015)
IMDb rating 8.6 ရရှိထားပြီး ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ အချစ် နဲ့ ဘ၀ အခြေအနေ ဇာတ်ကြောင်းလွန်ဆွဲကြပုံကို ရိုက်ပြထားပြီး လူငယ်လေးတယောက်က မိမိဘ၀အခြေအနေနဲ့ အချစ်ရေး ၂ခုကြားထဲမှာ ဘယ်ဟာကို ရွေးချယ်ရမလဲဆိုတာကို ဒွိဟဖြစ်ပုံကို ပညာသားပါပါ ရိုက်ကူးပြသပေးထားပြီး ယခုခေတ်လူငယ်တွေ အတုယူကြည့်ရှူသင့်တဲ့ ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်လမ်း လေးကတော့ ယခုခေတ် ပါကစ္စတန်ကောင်လေးတစ်ယောက်နဲ့ အစပြုထားပြီး သူ့ကောင်မလေးဟာ နိုင်ငံခြား လူနေမှုဘ၀ကို အထင်ကြီးသူတယောက်ပါ တနေ့မှာ ကောင်မလေးက ကောင်လေးကို လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးဖို့ ပူဆာရာမှ ကောင်လေးက သူ့အဖေရဲ့ စကူတာလေးကို ရောင်းလိုက်ပြီး ၀ယ်ပေးခဲ့ပါတယ် ဒီလိုနဲ့ အဲ့ကောင်လေးဟာ အိန္ဒိယ ကောင်လေးတစ်ဖြစ်လဲ Angrej နဲ့ မိတ်ဆွေဖြစ်မိပြီး ပါတီပွဲတစ်ခုမှာခင်မင်ခဲ့ပါတယ် ဒီလိုနဲ့ Angrej နဲ့ ကောင်လေး စကားပြောကြရင်း Angrej ကိုကောင်လေးက သူ့စကူတာပျောက်သွားတဲ့ အကြောင်း ပြောပါတော့တယ် အဲ့မှာ Angrej က ကောင်လေးကို မင်းစကူတာက ပျောက်သွားတာ မဟုတ်တဲ့ အကြောင်း ကောင်မလေးကို လက်ဆောင်ဝယ်ပေးလိုက်တာဖြစ်ကြောင်းပြောရင်း Angrej က သူ့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြပါတော့တယ် ကဲ ပရိတ်သတ်ကြီးေ၇ Angrej ရဲ့ အချစ်ဇာတ်လမ်းလေးက လွမ်းမောစရာကောင်းမလား ပျော်ရွင်စရာတွေနဲ့ ပြည့်နက်နေမလားဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားကြည့်လိုက်ပါတော့ ဗျာDownload On Mega Download On Google Drive Download On ...
movie
Angrej (2015)
2015