Channel Myanmar

Alexander Ludwig

Bad Boys for Life (2020) 6.9
Bad Boys for Life (2020) Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys  ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie

Bad Boys for Life (2020)

2020
4K HEVC
Lone Survivor (2013) 7.5
Lone Survivor (2013) Lone Survivor (2013)အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ...
movie

Lone Survivor (2013)

2013
4K HEVC
Heart of Champions (2021) 5.6
Heart of Champions (2021) Heart of Champions (2021)===================Drama ပရိသတ်တွေအတွက် 2021 ခုနှစ်ထွက် ဇာတ်ကားကောင်းလေးတစ်ကားကို CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းလေးကတော့ တက္ကသိုလ်‌က လှေလှော်အသင်းလေးတစ်သင်း အကြောင်းပါ အဲလက်စ် ဦးဆောင်တဲ့ တက္ကသိုလ်လှေလှော်အဖွဲ့ဟာ ကျောင်းပေါင်းစုံယှဉ်ပြိုင်ပွဲမှာ ဟားဗတ်ကျောင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ ခေါင်းဆောင်မှုအရည်အချင်းပြည့်၀မှုမရှိတဲ့ အဲလက်စ်တစ်ယောက်ဟာ ရှုံးနိမ့်မှုအတွက် အသင်းသားတွေကို အပြစ်တင်နေခဲ့တာပေါ့။ အသင်းသားတွေဟာလည်း အဲလက်စ်ကို ခေါင်းဆောင်အဖြစ်နဲ့ သဘောမကျဘဲ စည်းလုံးမှု မရှိတဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့တာပေါ့။ ဒီလိုနဲ့ သူတို့အသင်းကို နည်းပြအသစ်တစ်ယောက် ရောက်လာပါတယ် သူကတော့ စစ်ပြန်ဟောင်း မာဖီပါ။ ဒါ့အပြင် ရွှေ့ပြောင်းကျောင်းသား အသစ်တစ်ယောက်ဖြစ်တဲ့ ခရစ္စ ဆိုသူဟာလည်း အသင်းထဲ ရောက်ရှိလာခဲ့ပြန်တယ်။ခေါင်းဆောင်ရည် မပြည့်၀ဘဲ လူမုန်းများတဲ့ အဲလက်စ်ရယ် အသင်းသားတွေသဘောအကျဆုံးဖြစ်တဲ့ လှော်သား ဂျွန်ရယ် သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာမယ့် ကတောက်ကဆတွေကို မြင်ရမှာဖြစ်ပြီး ရွှေ့ပြောင်းကျောင်းသား ခရစ္စရဲ့ အတိတ်ဇာတ်ကြောင်းတွေကရော ဘာတွေဖြစ်ဦးမလဲ ဆိုတာ ကြည့်ရှုရဦးမှာပါ။ စစ်ပြန်ဟောင်းနည်းပြ မာဖီတစ်ယောက် ဒီလို ဗရုတ်သုက္ခဖြစ်နေတဲ့ လှေလှော် အသင်းတစ်သင်းကို ပါးပါးနပ်နပ်ကိုင်တွယ်ပြီး ဟားဗတ်ကိုအနိုင်ရ ဗိုလ်စွဲအသင်းတစ်သင်းဖြစ်အောင် တွန်းပို့ပေးနိုင်မလားဆိုတာ ပရိသတ်ကြီးတို့ကပဲ ...
movie

Heart of Champions (2021)

2021