Channel Myanmar

Akhil Akkineni

Hello! (2017) 7.3
Hello! (2017) Hello (2017) IMDb: 7.3/10 Genre: Action/Romanceဒီရုပ်ရှင်ကို "ငယ်ကချစ်နှစ်တစ်ရာ" လို့ပဲဆိုမလား၊ "နဖူးစာရွာလည်တယ်" လို့ပဲဆိုမလားမသိတော့ပါဘူး။တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့်ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့်ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးကဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့"ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်" တဲ့။ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့်တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်းကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size…    2.7 GB /  1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h ...
movie

Hello! (2017)

2017
Mr. Majnu (2019) 6.7
Mr. Majnu (2019) အိန္ဒိယရုပ်ရှင်ကြိုက်သူတွေ အကြမ်းပတမ်းတွေ ကြည့်ရတာများပြီး အီနေပြီလားဒါဆို အချစ်ဇာတ်လမ်းလေး တစ်ကားလောက်ကြည့်ရအောင်။ဟောဗျာ မင်းသားရှိုးလိုက်တော့ လူကြိုက်များခဲ့တဲ့Helloဆိုတဲ့ တေလဂူးကားထဲက မင်းသား။မင်းသမီး တစ်ချက် ထပ်ရှိုးမယ်။ရိုးပြီး အေးချမ်းလှတဲ့ မျက်နှာထားပိုင်ရှင်လေး။ဇာတ်လမ်းထဲ တစ်ချက်ထပ်ရှိုးမယ် ။"အချစ်ဟာ လိုက်ရင်ပြေးတယ်၊ရပ်လိုက်ပြီဆိုတော့ ကိုယ့်နောက်ကို ပြန်လိုက်တယ်။မာနတွေ သိက္ခတွေ ခဝါချပြီးအရာရာ အနစ်နာခံခဲ့ပေမယ့်မင်းမှ မမြင်နိုင်ခဲ့တာ. . .ကိုယ့်ကိုမင်းတွေ ့ဖူးတဲ့ မိန်းကလေးတွေလိုထင်နေတာ ကိုယ်တကယ်စိတ်မကောင်းဘူး။ကိုယ်သတ်မှတ်ထားတဲ့ အချစ်ဆိုတာမျိုးက တစ်ဦးကိုတစ်ဦး နားလည်ပေးပြီးချစ်သူသက်တမ်းကို လက်ချိုးရေတွက်ရင်း anniversary တွေကို အပတ်စဉ်၊လစဉ် ကျင်းပနေချင်တာမျိုး။မတတ်သာတဲ့အဆုံးမှာကိုယ့်ချစ်သူ ကိုယ့်ဘက်မှာ မရှိမှန်းသိလိုက်ရတဲ့ အခါမှာ. . .ကိုယ်ဟာ ဆောက်တည်ရာမဲ့. . .ပေးဆပ်အချစ်ဆိုပေမယ့်လည်းပိုင်ဆိုင်ခွင့်များ ရလေမလားလို့ မရဲတရဲနဲ့ မျှော်လင့်ချက် တစ်ချို့တစ်ဝက်ကိုရင်မှာပိုက်ရင်း ကိုယ်ဟာ အကြိမ်ကြိမ်သေဆုံးနေခဲ့ရသူပါ။"ဒါက ဗစ်ကီဆိုတဲ့စော်ကြည်ဘဲကောင်လေးကိုချစ်မိတဲ့ နစ်ကီဆိုတဲ့ ကောင်မလေးရဲ့ခံစားချက်နဲ့ အချစ်နဲ့ပက်သက်တဲ့ ခံယူချက်။ကိုယ့်အတွက် အချစ်ဆိုတာတစ်လပဲခံတဲ့ လစဉ်သုံးပစ္စည်းလိုမျိုး၊လကုန်ရင် အသစ်ပြောင်းလဲရတာဟာနေသားကျနေပြီ။ဒီလိုရတဲ့ အချိန် တစ်လအတွင်းကိုယ့်ရည်းစားနဲ့ ...
movie

Mr. Majnu (2019)

2019