Channel Myanmar

Aju Varghese

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

Malayalee from India (2024) 6
Malayalee from India (2024) Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Malayalee from India (2024)

2024
Guruvayoor Ambalanadayil (2024) 6.9
Guruvayoor Ambalanadayil (2024) Guruvayoor Ambalanadayil (2024) "ရည်းစားဟောင်း"IMDb 7.0 ရထားတဲ့ အသစ်ထွက် မလေယာလမ်း ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်သရုပ်ဆောင်တွေအဖြစ် Prithviraj Sukumaran နဲ့ Basil Joseph တို့ ဦးဆောင်ပါဝင်ပြီး ဟာသသရုပ်ဆောင် ယိုဂီဘာဘူပါ အားဖြည့်ထားတဲ့ ဒီကားလေးမှာဆိုရင် ဗီနူးဟာ တစ်ချိန်ကစွန့်ခွာသွားတဲ့ အဆက်ဟောင်းကို မေ့မရနိုင်နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပြီးနောက်မှာတော့ယောက်ဖလောင်း အာနန်ဒန်ရဲ့ အစ်ကိုလို၊ သူငယ်ချင်းလို ဖေးမအားပေးမှုကြောင့် သူ့ညီမ အန်ဂျလီနဲ့ လက်ထပ်မယ့်အရေး အရာအားလုံး အဆင်ပြေချောမွေ့တော့မယ့်ဟန် ရှိပေမယ့် ကံဆိုးချင်တော့ ချစ်ယောက်ဖရဲ့ ဇနီး တနည်းအားဖြင့် သူ့မရီးဟာဖြင့် သူ့ကိုသိပ်ကိုမုန်းလှချည့်ဆိုတဲ့ ရည်းစားဟောင်း ပါဗာသီဖြစ်နေတဲ့ အခါမှာတော့ …အမုန်းတရားတွေကနေ ဖြစ်လာတဲ့ မိသားစုပြဿနာတွေမှသည် ဘယ်လိုတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.15GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Guruvayoor Ambalanadayil (2024)

2024
Varshangalkku Shesham (2024) 7.2
Varshangalkku Shesham (2024) Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie

Varshangalkku Shesham (2024)

2024
A Ranjith Cinema (2023) 5.9
A Ranjith Cinema (2023) A Ranjith Cinema 2023 (ဟာသ) Imdb -5.8/10ဘဝကရိုလာကိုစတာစီးသလိုဖြစ်ချင်ရင်တော့ ဒီကားလေးကြည့်သင့်ပါတယ် Netflix ကနေထုတ်လွှင့်ထားတဲ့ Prankတွေ ဗီဒီယိုတွေရိုက်တင်ပြီး ပျော်စေပြက်စေသဘောမျိုးနဲ့ လူကြည့်များအောင်နည်းလမ်းစုံသုံးကြတဲ့ပရိုဂရမ်ကြောင့် ဘဝတွေကဘာတွေဖြစ်သွားကြတယ်ဆိုတာကို တင်ဆက်ထားတာပါဘဏ်ကိုအနုကြမ်းဝင်စီးနေကြတဲ့ ဓားပြတစ်ဖွဲ့.. သေနတ်ကိုယ်စီနဲ့ ဘဏ်ထဲကလူတိုင်းကို ခြိမ်းခြောက်ပြီး ကြမ်းပေါ်ဝပ်ခိုင်းထားတယ် သေနတ်တွေနဲ့ဆိုတော့ လူတွေကမတတ်သာဘဲ ခိုင်းသမျှလုပ်နေရင်း လုံခြုံရေးကဝင်ကယ်လို့ ဓားပြတွေရဲစခန်းရောက်သွားလေရဲ့ ဒီတော့စုံစမ်းစစ်ဆေးရင်းပေါ်လာတာကတော့ တီဗီမှာထုတ်လွှင့်ဖို့ prank တစ်ခုပါတဲ့လေ ဓားပြတွေကလည်း သရုပ်ဆောင်တွေဖြစ်ပြီး သေနတ်တွေကလည်းအတုပေါ့ဒီလိုနဲ့တရားရင်ဆိုင်နေချိန် နောက်ထပ် prank တစ်ခုထပ်လုပ်ကြပြန်တယ် အဲဒါကတော့ လူခေါင်းတစ်ခေါင်းကို အိတ်ထဲထည့်ပြီး အိတ်ခဏကိုင်ထားပါဆိုပြီး ရဲဖမ်းအောင်လုပ်တာပါ ဖြစ်ချင်တော့ ဒီ prank အလုပ်ခံရတဲ့လူက ဆန်နီ ..ဆန်နီကအဲဒီနေ့မှာ သိန်းထောင်ချီမြတ်မဲ့မီတင်တစ်ခုကိုသွားနေတဲ့လမ်းမှာပေါ့ ကံဆိုးချင်တော့ကားပျက်ရာကနေ ဒီ prank နဲ့တိုးပြီး မီတင်ရော ငွေတွေပါလက်လွှတ်လိုက်ရတယ် ဒီ prank ကြောင့် ဆန်နီနဲ့အတူ တခြားနစ်နာသူလည်းရှိပါတယ် အဲဒါကတော့ပြည်သူ့ရှေ့နေတစ်ယောက်ပါ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဇာတ်ရှိန်မြင့်အောင်ခေါ်သွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe ~ Alex ~ ...
movie

A Ranjith Cinema (2023)

2023
Phoenix (2023) 7.3
Phoenix (2023) Phoenix (2023) သင်္ချိုင်းမြေဟောင်းပေါ်က အိမ်ကြီး IMDb - 7.4/10ဒီတစ်ခေါက်မှာတော့ Thriller ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်သရဲကားတွေလို ဝုန်းဒိုင်းဆိုပြီး ဟိုးနားက ပေါ်လာ ဒီနားက ပေါ်လာတာမျိုးမဟုတ်ဘဲ Sound Effect ကောင်းကောင်းနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ရှေ့နေ့ဂျွန်တစ်ယောက်ဟာ လူမှုရေးပြဿနာတွေကြောင့်နဲ့ အိမ်ပြောင်းရွေ့ဖို့ဖြစ်လာခဲ့ပါတယ်။ ဂျွန်ဟာ အိမ်နီးချင်းတွေနဲ့ ရောရောနှောနှောမနေချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အတွက် အိမ်ကိုသေချာရှာရင်းနဲ့ သူ့အကြိုက်အိမ်တစ်လုံးကို ရှာတွေ့သွားပြီးတော့ အိမ်ကို ပြောင်းလာကြပါတော့တယ်။သူတို့ပြောင်းခဲ့တဲ့ အိမ်ကြီးကတော့ သင်္ချိုင်းဟောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ ဘယ်ကနေ ပို့လာမှန်းမသိတဲ့စာတွေက ဂျွန်တို့ရဲ့အိမ်ရှေ့ပေါက်ဝကို ရောက်ရောက်နေတတ်ပါတယ်။ ရောက်လာတဲ့စာတွေဟာလည်း အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ရေးသားထားတဲ့ စာတွေနဲ့တူနေပါတယ်။ ဒီနောက်မှာတော့ အိမ်မှာ ငှက်ကလေးတွေ ငိုသံကြားရတာမျိုး ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးတွေ ဖြစ်လာပြီးတော့ အဲဒီနောက်ကွယ်က အကြောင်းတွေကို စုံစမ်းရင်းနဲ့ပဲ ဒီစာထဲက အမျိုးသမီးကရော ဘယ်သူလဲ ဘာအတွက်ကြောင့် စာတွေပို့နေရတာလဲ ………. အိမ်မှာဖြစ်နေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကရော ဘယ်လိုတွေကြောင့်ဖြစ်ရတာလဲ....... ဂျွန်တို့ မိသားစုရော ...
movie

Phoenix (2023)

2023
Valatty (2023) 8.6
Valatty (2023) Valatty (2023)"အာဝု တို့ရဲ့ ချစ်ပုံပြင်"IMDb 8.6လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ...ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး "တွန်မီ"က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ "အာမလူ" ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ...
movie

Valatty (2023)

2023
Kurukkan (2023) 5.9
Kurukkan (2023) Kurukkan (2023) IMDb-6.1/10ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်) File size…1.8GB / 860MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~V~Zwe Yan~BpL~Moon
movie

Kurukkan (2023)

2023
Godha (2017) 7.5
Godha (2017) ဒီကားကတော့ 2017ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 7.5ရရှိထားတဲ့ အိန္ဒိယနပန်းအားကစားကားပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ နပန်းအားကစားနဲ့ ပက်သက်ရင် အားလုံးသိထားကြတာကတော့ 2016ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့မင်းသားကြီး Aamir Khanနဲ့ မင်းသမီးFatima Sana Shaikhတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း Dangalဆိုတဲ့ ကားပါပဲ။ဒီလိုမျိုး အိန္ဒိယနိုင်ငံမှာ ရာဇဝင်နဲ့ရှိခဲ့ပြီး အလေးအမြတ်အားကစားတစ်ခုလို တန်ဖိုးထားကြတဲ့ နပန်းအားကစား စတင်ကွယ်ပျောက်လာချိန်....လူငယ်တွေတန်ဖိုးမထားတတ်ကြတော့လို့ အားကစားပညာရပ်တစ်ခု စတင်မှေးမှိန်လာတဲ့အချိန်မှာ နပန်းအားကစားကို တန်ဖိုးထားပြီးအားပေးနေသေးတဲ့ နပန်းအားကစားသမားဟောင်း အဖွဲ့ခေါင်းဆောင်ဖြစ်သူက သူ့ရဲ့သားဖြစ်သူ ဒက်စ်ကို ပညာသင်ဖို့ ပန်ဂျက်ကောလိပ်ကိုလွှတ်လိုက်ပြီးတဲ့နောက်မှာ ဒက်စ်ဟာ နပန်းအားကစားသမား အက်ဒီသီစင့်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပါတယ်။ နဂိုတည်းက အစွန်းရောက်ဝါဒတွေနဲ့မိန်းမဆိုတာ ယောကျာ်းယူပြီး ကလေးမွေးရမယ်လို့ တစ်ဖက်ပိတ်နေသူ အစ်ကိုဖြစ်သူကိုဖောက်ထွက်ပြီး နပန်းဆော့ဖို့ရုန်းကန်နေရတဲ့ပန်ဂျက်သူ​လေး အက်ဒီသီဟာ သူမရဲ့လမ်းကြောင်းမှာ ဘာတွေကို ဆက်ရွေးချယ်သွားလေမလဲ။ ဒက်စ်တစ်ယောက်အနေနဲ့ရောသူ့မြို့ရဲ့ နပန်းအားကစားတစ်ဖက်၊ ချစ်ရသူရဲ့ ဘဝကတစ်ဖက်မှာ ဟန်ချက်ညီအောင် ဘယ်လိုထိန်းပြီး သူချစ်ရတဲ့အရာတွေကိုဘယ်လိုကာကွယ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါနော်။အိန္ဒိယနပန်းအားကစားရဲ့ ...
movie

Godha (2017)

2017