Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adrien Brody
7.6
The Thin Red Line (1998)
The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie
The Thin Red Line (1998)
1998
4K HEVC
7.2
The Darjeeling Limited (2007)
The Darjeeling Limited (2007)~ IMDb - 7.2/10, RT - 69%, Meta - 67% ~The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ...
movie
The Darjeeling Limited (2007)
2007
7.7
Detachment (2011)
Detachment (2011)~ IMDb - 7.7/10, Rotten Tomatoes - 59% ~Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ...
movie
Detachment (2011)
2011
Manodrome (2023)
Manodrome (2023)အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ ...
movie
Manodrome (2023)
2023
7.2
King Kong (2005)
King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie
King Kong (2005)
2005
4K HEVC
5.8
Ghosted (2023)
Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie
Ghosted (2023)
2023
4K HEVC
6.6
See How They Run (2022)
ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie
See How They Run (2022)
6.4
Predators (2010)
မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie
Predators (2010)
2010
1080p HEVC
8.5
The Pianist (2002)
The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie
The Pianist (2002)
2002
1080p HEVC
6.5
The Village (2004)
The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie
The Village (2004)
2004
8.1
The Grand Budapest Hotel (2014)
The Grand Budapest Hotel (2014)IMDb - 8.1/10_____Rotten - 91%Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ...
movie
The Grand Budapest Hotel (2014)
2014
6.5
The Experiment (2010)
လူကိုယစ်မူးစေတဲ့ ထဲမှာ အာဏာကလည်း အဆိုးဆုံးအရာတစ်ခုပါ။ သာမာန်လူတစ်ယောက်က တခြားသာမာန်လူတစ်ယောက် အပေါ် လွှမ်းမိုးမှုရှိနေရတာဆိုတာ တကယ်ကို ယစ်မူးချင်စရာပါပဲ။ ကမ္ဘာဦးအစမှာကတည်းက အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူတယ်။ အခုအချိန်ထိလည်း အင်အားပုံစံတွေသာပြောင်းသွားတယ် အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်တတ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ အဲဒီဖြစ်စဉ်ကနေ မတိုးတက်သေးတဲ့အတွက် တိုးတက်ဖို့လိုနေပါပြီဆိုတာကို The Experiment(2010) ဇာတ်ကားက သက်သေပြထားပါတယ်။ ဒီဇာတ်ကားလေးက IMDB Rating 6.5/10 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူ ၂၆ ယောက်ကို အစောင့်နဲ့ အကျဉ်းသားခွဲပြီး ထောင်ပုံစံစမ်းသပ်မှုပြုလုပ်ရင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကိုပြထားတာပါ။ ကျွန်တော့်အထင်တော့ ဒီဇာတ်ကားမှာ လူသားဆန်မှုဆိုတာ ဘယ်လိုလဲလို့ ရှာတွေ့နိုင်မယ်ထင်ရဲ့ဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 860 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__6.5/10 Format__mp4 Duration__01:36:05 Type__Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt
movie
The Experiment (2010)
2010
7.1
The Bombing (2018)
2018 ထွက် Action/Adventure ဇာတ်ကားသစ်ဖြစ်ပြီး Cast တွေကလည်းကျွန်တော်တို့အကြိုက် မင်းသားတွေဖြစ်ပါတယ်။အက်ရှင်ကားပရိသတ်တွေရဲ့ Action မင်းသားကြီး Burce Willis,2002ခုနှစ်ကထွက်ရှိခဲ့တဲ့ The Pianist ဇာတ်ကားမှာ Performance ကောင်းကောင်းနဲ့စန္ဒယားအနုပညာရှင်ဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Adrein Brody,ဒါ့အပြင် ကိုရီးယားသရုပ်ဆောင်မင်းသားကြီး ဂျွန်စောအဖြစ်လူသိများတဲ့ Song Seung Hun တို့နဲ့အတူ တရုတ်မင်းသားLui Ye တို့အတူပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ WWII နောက်ခံ Action ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့လေကြောင်းတိုက်စစ်ဆင်မှုတွေကြားကနေ ကိုယ်စီတာဝန်အသီးသီးထမ်းဆောင်ကာ အရေးကြီးလက်နက်တစ်ခုကိုကာကွယ်ဖို့ကြိုးစားကြတာပဲဖြစ်ပါတယ်။ပရိသတ်Cast အလန်းစားတွေနဲ့ ရိုက်ကူးထားတာဖြစ်တာကြောင့် အားလပ်ရက်အနားယူရင်းအားပေးရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ ရဲမာန်အောင် ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Action ...
movie
The Bombing (2018)
2018
5.2
Bullet Head (2017)
Bullet Head ဇာတ်ကားဟာ ၂၀၁ရခုနှစ်ကထွက်ရှိထားတဲ့ အမေရိကန် မှုခင်းအက်ရှင်ကားတစ်ကားဖြစ်ပါတယ်Imdb rating 5.2/10 နဲ့ rotten tomatoes 57% အသီးသီးရရှိထားပါတယ်ပါဝင်သရုပ်ဆောင်ထားသူတွေက တော့ Adrien Brody, John Malkovich နဲ့ Antonio Banderas တို့ဖြစ်ပါတယ်ကြာချိန် ၉၃မိနစ်ပဲရှိပေမယ့် ဇာတ်လမ်းအလှည့်အပြောင််းနဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကွက်တွေ ပြည့်နေတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအကျဉ်းကတော့ Career (ကယ်ရီ) သမား ၃ယောက်ဖြစ်တဲ့သူတို့ဟာ တစ်နေ့မှာ အလုပ်လုပ်ရင်းချွတ်ချော်မှုကြောင့် ဂိုထောင်တစ်ခုထဲမှာပိတ်မိသွားပါတော့တယ်ဂိုထောင်အပြင်မှာအသင့်စောင့်နေသူတွေလည်းရှိနေပါတယ်ဥပဒေဘက်တော်သားရဲတွေပါ.....ဒါပေမယ့်ဂိုထောင်ထဲမှာလည်း ကြောက်ရွံ ့ဖွယ်ကောင်းတဲ့ အန္တရာယ်ကြီးကစောင့်ကြိုနေပါတယ်....သူတို့ ၃ယောက် ကျဉ်းထဲကျပ်ထဲကနေ အလွတ်ရုန်းနိုင်မှာလား....အသက်ရှင်လျက်ထွက်လာပြီး ရဲလက်ထဲကပါလွတ်အောင်ပြေးနိုင်မလားဆိုတာ....ပရိတ်သတ်ကြီးပဲကြည့်လိုက်တော့နော် File Size : (750 MB) and (260 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre :Crime, Drama, Thriller Subtitle ...
movie
Bullet Head (2017)
2017
6.9
Back to 1942 (2012)
"စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ သမိုင်းထဲက အစာငတ်လို့ လူ ၃ သန်းသေတဲ့ဖြစ်ရပ်"ကြီးကျယ်ခန်းနားလှတဲ့ အနုပညာလက်ရာတွေ နဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့တဲ့နိုင်ငံ၊ ဂျင်း(အင်)များ ထုတ်လွန်းလို့ အဲ့နိုင်ငံက ထုတ်တဲ့ဓားနဲ့ ခတ်ခံရရင် လူမသေဘဲဓားကျိုးတယ်ဆိုတယ်တဲ့နိုင်ငံ၊ အစားအသောက်မီးလိုတောက်ပြီး အစား အပက်စပ်ဆုံး စားလို့မရတဲ့အသားကမ္ဘာ ပေါ်မှာမရှိစေရဘူးဆိုတာ သက်သေပြနေတဲ့နိုင်ငံ၊ ကမ္ဘာ့ စီးပွားရေးကို လွမ်းမိုးချုပ်ကိုင်နိုင်လုနီးပါး ဖြစ်လာတဲ့နိုင်ငံ၊ သင်ပိုက်ဆံသာယူလာ ကျွန်ပ် တို့ သင်လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆို တဲ့လိုတရနိုင်ငံ၊နိုင်ငံနယ်နမိတ်အတွင်း သဲကန္တာ ရ ၊ရေခဲတောင်၊ တောင်ကုန်းတောင်တန်း၊မြေ ပြန်လွင်ပြင် ၊ မြစ်ချောင်းအင်းအိုင်၊ ဂူဂနိုင်၊ သဘာဝ အလှအပများ အံ့သြမဆုံးတည်ရှိရာ နိုင်ငံ၊ ကမ္ဘာလုဦးရေးအများဆုံးသောနိုင်ငံ.......အကောင်းအဆိုး ရောယှက်နေတဲ့ဒီလိုနိုင်ငံကြီးရဲ့အတိတ်ကဖြစ်ရပ်တစ်ချို့ ကို ပြန်အသက်သွင်းထားတဲ့ သမိုင်းထဲက မထင် မရှား ကြီးမားတဲ့ အမည်းစက်ကြီး ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ဒီကားကို ၂၀၁၂ နိုဝင်ဘာ လမှာ ပြသခဲ့ပါ တယ်။ စတင်ရိုက်ကူးခဲ့တဲ့ Budget ယွမ် သန်း ၂၁၀ ကုန်ကျခဲ့ပါတယ်။ Box Office မှာ ယွမ် ၃၆၄ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ကုန်ကျစရိတ်တော်တော် အကုန်ခံပြီးရိုက်ကူး ထားပြီး သရုပ်ဆောင်တွေထက်ဇာတ်လမ်းသာလွန်မှုကိုပိုပြီး အလေးပေးရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပါတယ်။ UMDb Rating 6.9 ၊ Rotten ...
movie
Back to 1942 (2012)
2012
5.8
Splice(2009)
အလ်ဆာနဲ့ကလိုက်ဗ်လို့ခေါ်တဲ့ ဇီဝဗေဒသိပ္ပံပညာရှင်၂ယောက်ရောဂါကာကွယ်တိုက်ဖျက်ရန်မျိုးဗီဇတွေပေါင်းစပ်ကာမျိုးစိတ်သစ်တစ်ခုကိုတီထွင်လိုက်ပါတယ်။ ထိုပရောဂျက်ကိုကုမ္ပဏီကထောက်ပံ့ပေးဖို့အခက်အခဲတွေရှိလာတဲ့အခါမှာတော့အလ်ဆာနဲ့ဖရက်တို့ဟာ ထိုမျိုးစိတ်သစ်မှာ လူသားမျိုးဗီဇကိုပါထည့်ပြီးသန္ဓေသားလောင်းတစ်ခုဖမ်းတီးဖို့ကြိုးပမ်းပါတော့တယ်။ထိုသို့ဖန်တီးရင်း ထူးခြားဆန်းပြားတဲ့မျိုးစိတ်တစ်မျိုးဟာကြီးထွားနှုန်းလျှင်မြန်စွာနဲ့အရွယ်ရောက်လာပါတော့တယ်။ထိုမျိုးဗီဇပေါင်းစပ်ဖန်တီးထားတဲ့သတ္တဝါလေးဟာသိပ္ပံပညာရှင်တွေဖြစ်တဲ့ ကလိုက်ဗ်နဲ့အလ်ဆာတို့ကို အကျိုးပြုမလားဒုက္ခပေးမလားဆိုတာကို ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်ကြပါဘာသာပြန်နဲ့ အညွန်းကတော့ ရဲမာန်အောင်ပါ Qty - Blu ray 720pDuration - 1hr 47minSubtitle - Myanmar HardsubFormat - Mp4 (×264)Gern - Horror/ Sci- fiTranslator - Ye Mann AungEncoder - Kyaw Ye Aung
movie
Splice(2009)
2009
6.2
Manhattan Night (2016) မြန်မာစာတန်းထိုး
ဒီဇာတ်ကားဟာဆို IMDb rating 6.2/10 ရရှိထားပြီး NewYork Time က တနှစ်တာ အကောင်းဆုံး ၀တ္ထုအဖြစ်အသိအမှတ်ပြုထားတဲ့ ကော်လင်းဟာရစ်ဆန် ရဲ့ Manhattan Nocturne ဆိုတဲ့ ၀တ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာသမားတယောက်ဟာ မမျှော်လင့်တဲ့ မိန်းမတယောက်နဲ့ဆုံဆည်းမိပြီး သူမ ယောကျာ်းရဲ့ ထုဆန်းတဲ့ အသတ်ခံရမှုမပေါ်လိုက်လံ စုံစမ်းမှုမှာလိုက်ပါခဲ့ ရပုံကိုရိုက်ကူးပြထားတာပါ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ ဘယ်သူကများ လူသတ်သမားဖြစ်နေခဲ့မလဲ ဘယ်လို အန္တရာယ်တွေကိုကြုံတွေ့ကြရမလဲကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူကြရမှာဖြစ်ပါတယ်Download On Pcloud
movie
Manhattan Night (2016) မြန်မာစာတန်းထိုး
2016
7.4
Houdini (2014)
Houdini (2014)_____IMDb - 7.4/10 "ဟူဒီးနီ"လို့ပြောလိုက်တာနဲ့ မျက်လှည့်ပညာရပ်နဲ့ မစိမ်းတဲ့သူတွေ တန်းသိကြမှာပါ။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံးသော မျက်လှည့်ပညာရှင်ကြီးပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ဒေးဗစ်ကော်ပါဖီးဆိုတာနဲ့ လူတိုင်းတန်းသိသလိုမျိုး သူ့ခေတ်သူ့အခါကလည်း ဟူဒီးနီဆိုတာနဲ့ ဟိုးလေးတကျော်ကျော်ပါပဲ။ ကိုယ်ပိုင်မျက်လှည့်ပြကွက်တွေ တီထွင်ဖန်တီးပြီး အောင်မြင်မှုယူခဲ့တဲ့သူပါ။သူနာမည်ကြီးရတဲ့အဓိကအကြောင်းရင်းကတော့ အချုပ်မှန်သမျှက လွတ်အောင်လုပ်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ Escape Man လို့ နာမည်ကြီးပါတယ်။ "The Handcuff King" လို့လည်း လူသိများပါတယ်။ လက်ထိပ်ခတ်မယ်၊ ကြိုးတုပ်မယ်၊ သေတ္တာထဲထည့်မယ်၊ လက်ထိပ်ခတ်ပြီး ရေထဲခုန်မယ်၊ သေတ္တာထဲထည့်ပြီး မြစ်ထဲပစ်ချမယ်၊ ဘယ်လိုမျိုးတွေနဲ့ပဲ သူ့ကို တုတ်နှောင်ပြီးထားပေမယ့် သူကတော့ လွတ်အောင်လုပ်ပြနိုင်ပါတယ်။ လက်ထိပ်တွေက ကြိုတင်စီမံထားတဲ့ Fake တွေလို့ ထင်စရာရှိပါတယ်။ အဲဒါကြောင့် ရဲအဖွဲ့ပေါင်းစုံက သူ့ကိုစမ်းသပ်ပါတယ်။ ဘယ်လိုလုပ်ထားတဲ့ လက်ထိပ်နဲ့ပဲခတ်ခတ်၊ သူကတော့ လွတ်တာပါပဲ။ ဒီပြကွက်တွေက ဟူဒီးနီရဲ့ နာမည်ကျော်ပြကွက်တွေပဲ ဖြစ်ပါတယ်။ Now You ...
movie
Houdini (2014)
2014