Channel Myanmar

Ada Stronias

Kajiman: Iblis Terkejam Penagih Janji (2023) 7.4
Kajiman: Iblis Terkejam Penagih Janji (2023) Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Kajiman: Iblis Terkejam Penagih Janji (2023)

2023