Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abhay Deol
5.4
Nanu Ki Jaanu (2018)
Nanu Ki Jaanu 2018 လူကြမ်းကြီးရဲ့နှလုံးသားIMDb -5.4/10အိမ်ငှားလုပ်ပြီး အိမ်တွေကို မတရားသဖြင့် ဈေးနှိမ်ပြီးတော့ အပိုင်သိမ်းတတ်တဲ့ လူမိုက်ကြီး နာနူတစ်ယောက် တစ်နေ့ အိမ်တစ်အိမ်ကိုသိမ်းဖို့ လမ်းမှာသွားနေရင်း လမ်းပေါ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာ တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းပဲ ဝင်စပ်စုကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရတာပေါ့။ဘေးမှာရပ်နေတဲ့ လူတစ်အုပ်ကတော့ရဲအမှုအခင်းထဲပါမှာကြောက်ပြီး ကူညီပေးဖို့ လက်တွန့်နေကြပေမဲ့ ကောင်မလေးကိုကရုဏာသက်သွားတဲ့ နာနူကတော့ ကောင်မလေးကို ပွေ့ချီပြီး ဆေးရုံပို့ဖို့လုပ်ပါတယ်။ဒါပေမဲ့ ကံကြမ္မာက ကျီစယ်ချင်တော့ နာနူရဲ့ကားပေါ်က အားပေးမှုတွေနဲ့ ဂရုစိုက်ပေးမှုကြောင့် ဆေးရုံတော့ရောက်သွားရှာပေမဲ့ ရောက်ရောက်ချင်းပဲ အသက်ထွက်သွားတဲ့အခါ....လူတွေက သေခါနီးနောက်ဆုံးမှာမြင်ရတဲ့အရာကို စွဲကျန်တတ်ကြသလိုပဲ သေသွားတဲ့ဆစ်ဒီလေးကလည်း သေခါနီးမှာ ဂရုတစိုက်ကူညီပေးခဲ့တဲ့ နာနူကိုမှ စိတ်စွဲသွားတဲ့အခါမှတော့......(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.3Gb /1.2GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nanu Ki Jaanu (2018)
7.0
Ahista Ahista (2006)
အိန္ဒိယဒရမ်မာကား ကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ်ဒီထဲမှာ မင်းသားက လက်ထပ်မှတ်ပုံတင်ရုံးမှာ အသိသက်သေအဖြစ် အလုပ်လုပ်တဲ့သူတစ်ယောက်ပေါ့ ဒီအလုပ်နဲ့ပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး ရှေ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့သူပေါ့တစ်နေ့ ကောင်မလေးတစ်ယောက် လက်ထပ်မှတ်ပုံတင်ဖို့ ရုံးရှေ့မှာ သူ့ရဲ့ချစ်သူကို စောင့်ရင်းနဲ့ တစ်ယောက်တည်း ရပ်နေတာကို သူတွေ့လိုက်ရတယ်ဒါပေမယ့် အဲဒီကောင်မလေးရဲ့ချစ်သူက ညဘက်ရောက်တဲ့အထိ ပေါ်မလာတော့ သူကပဲ နေစရာနေရာရဖို့ အကူအညီပေးခဲ့ရတာပေါ့ အဲဒီလိုနဲ့ ကောင်မလေးရဲ့ချစ်သူက တစ်ရက်လည်း ပေါ်မလာ နှစ်ရက်လည်း ပေါ်မလာနဲ့ အချိန်တော်တော်ကြာတာတောင် ပေါ်မလာခဲ့ဘူးသူကပဲ ကောင်မလေး နေဖို့ထိုင်ဖို့နဲ့ အကူအညီအားလုံးကို ကူညီပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်မလေးကို သံယောဇဉ်တွယ်လာခဲ့တယ် ကောင်မလေးကို သူချစ်လာခဲ့တယ် ကောင်မလေးနဲ့တွေ့မှ သူဟာ အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီး ရှိလာခဲ့တယ် ဘဝကို လေးလေးနက်နက် ဖြတ်သန်းလာချင်ခဲ့တယ်သူများတွေ အိမ်ထောင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သူဟာ သူ့အိမ်ထောင်ရေးအလှည့်ကျတော့ လောကကြီးက ပြန်ပြီးကူညီပါ့မလား ကောင်မလေးရဲ့ချစ်သူကရော ပြန်လာဦးမှာလား သူ့အနေနဲ့ ကောင်မလေးရဲ့အချစ်ကို ရပါ့မလား သူ့ရဲ့ရည်မှန်းချက်တွေကို ကောင်မလေးနဲ့အတူ ဖန်တီးခွင့်ရပါ့မလားဆိုတာ ဒီကားလေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ရသလေးကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.7GB / 820MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Ahista Ahista (2006)
2006
8.1
Jungle Cry (2022)
ဒီတစ်ခေါက်မှာတော့ Super 30 တို့လိုပုံစံ Hindi ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 8.1 ထိရရှိထားပြီး NDTV မှာလဲ 4.6/5 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ============ကလေးတွေကို စာနဲ့ အားကစားသင်ပေးတဲ့ အင်စတီကျုတစ်ခုမှာ ရုဒရာဟာ အားကစားဆရာတစ်ယောက်ပါ။ ခရစ်ကတ်သည်သာ နိုင်ငံရဲ့အလေးအထားဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ ဘောလုံးအားကစားတိုးတက်ဖို့ အသင်းထောင်ဖို့ ရွာတွေအထိ မိုင်ပေါင်းများစွာ သွားပြီးရွက်ပုံးသီးကစားသမားလေးတွေကိုရှာဖွေခဲ့သူပါ။ ဒါပေမယ့်တစ်နေ့မှာတော့ ပေါလ် ဆိုတဲ့သူရောက်လာပြီး လေးလ အတွင်း လန်ဒန်မှာကျင်းပမယ့် အမေရိကန်ဘောလုံး ရတ်ဘီပြိုင်ပွဲအတွက် သူရှာထားတဲ့အသင်းကို လုသွားတဲ့အခါမှာ ရတ်ဘီအားကစားကိုမကြားဘူးတဲ့ကလေးတွေ လန်ဒန်မှာ ဘယ်လိုပြိုင်ကြမလဲ။ ခရီးဝေးတောင်မသွားဘူးတဲ့ရွာကကလေးတွေလန်ဒန်မှာ ဘယ်လိုကြုံကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျော ခံစားလိုက်ကြပါဦး File size…2.08GB / 1.03GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & OeliuJ & Lwin Htoo
movie
Jungle Cry (2022)
2022
7.9
Velle (2021)
Velle (2021)IMDB 8.3/10ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ တလောက စီအမ်ကနေတင်ဆက်ပေးလိုက်တဲ့ Govinda Govindaဆိုတဲ့ကားလေးနဲ့ ဆင်တဲ့ Velle ဆိုတဲ့ဟာသဒရမ်မာလေးပဲဖြစ်ပါတယ်ရာဟွန် ရာဂျူး ရမ်ဘိုတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ကြပါတယ်။ ကျောင်းစာမှာဆိုလည်းညံ့ဖျင်းပေါက်တတ်ကရတွေလုပ် ပြဿနာတွေရှာ ဆိုးဖော်ဆိုးဖက်သူငယ်ချင်းဖြစ်ကြပြီး R3 ဆိုတဲ့ အဖွဲ့လေးပေါ့တစ်နေ့မှာ ကျောင်းအုပ်ရဲ့သမီးဖြစ်တဲ့ ရီယာနဲ့ တွေ့ဆုံလာကြတဲ့အချိန်မှာတော့ အရမ်းခင်မင်ကြပြီး R3ကနေ R4 အဖွဲ့ဆိုပြီးပြောင်းလဲသွားပါတော့တယ်။ရီယာကတော့ အကမှာဝါသနာပါပြီး အကသမားဖြစ်ချင်ပေမယ့် ဖခင်ဖြစ်သူကတော့ ဝါဿနာကို support မပေးပဲကျောင်းစာတွေပဲအာရုံစိုက်ခိုင်းတာခံနေရတဲ့ လွတ်လွတ်လပ်လပ်နေချင်တဲ့ကောင်မလေးပဲဖြစ်ပါတယ်။အဲ့လိုနဲ့ အိမ်ကဆင်းပြီး အကသင်တန်းတက်ဖို့ရာအတွက်ပိုက်ဆံကမရှိပြန်တော့ သူငယ်ချင်းသုံးယာက်ကိုသူ့ကိုပြန်ပေးဆွဲခိုင်းပြီးအဖေ့ဆီကဟန်ဆောင်ငွေတောင်းခိုင်းပါတော့တယ်။ကံမကောင်းစွာနဲ့ပဲ ဟန်ဆောင်ပြန်ပေးဆွဲရာကနေ ရီယာတစ်ယောက်တကယ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာတော့သူငယ်ချင်းသုံးယောက်က ဘယ်လိုပြန်ကယ်တင်ကြမလဲ....ငွေရဖို့ကြံကြရာကနေ ပိုဆိုးလာကုန်မှာလား ပိုကောင်းသွားမလား...ဒီသူငယ်ချင်းအဖွဲ့ ဘယ်လိုကမောက်ကမနိုင်ကြမလဲဆိုတာကိုလည်း တစ်ခွီးခွီးတဟားဟားနဲ့ရီရမယ့်ကားလေးလည်းဖြစ်တာကြောင့် ကြည့်ရှုအားပေးကြပါဦး File size…2.18GB / 1.06GB Quality…1080p TRUE HD AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Shwe ...
movie
Velle (2021)
2021
8.0
Dev.D(2009)
Dev.D(2009)IMDb 8/10ဒေ့ဗ်၊ ပါရိုနဲ့ ချန်ဒရာမူခီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘောလီဝုဒ်ဖန်တိုင်း ရင်းနှီးကြမှာပါဘာကြောင့်လဲဆိုတော့ ကင်းခန်းကြီးနဲ့ အရှ်တို့ရဲ့ ဂန္တဝင်ကားကောင်းကြီးတစ်ကားဖြစ်တဲ့ Devdas ကို လူတိုင်းကြည့်ဖူးကြလို့ဖြစ်ပါလိမ့်မယ်ဒီဇာတ်လမ်းကလည်း ထိုနည်းလည်းကောင်းပါပဲဒေ့ဗ်နဲ့ ပါရိုဟာ အင်မတန်သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းငယ်ချစ်တွေပေါ့ တစ်ယောက်စီရဲ့ အချစ်ဦးတွေလိုဆိုရလိမ့်မယ်ဒါပေမဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဒေ့ဗ်နဲ့ပါရိုဝေးကွာသွားခဲ့တယ်ပါရိုနဲ့ဝေးသွားခဲ့တဲ့ဒေ့ဗ်ဟာ သူ့ဘဝသူ အရှုံးပေးကာ ဖြစ်သလိုနေ သွားချင်ရာသွား လာချင်ရာလာနေခဲ့ပြီး ချန္ဒရာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်ဒီအချိန်မှာတော့ ဒေ့ဗ်ရဲ့အချစ်ရေး ဘယ်လိုဖြစ်သွားမလဲ ...ဂန္တဝင်ကားကြီး Devdas ဟာဆိုရင် IMDb 7.5/10 အထိရရှိထားပါတယ်ဒါပေမဲ့ ဒီ Dev.D ကတော့ IMDb 8/10 အထိတောင်ရရှိထားပါတယ်ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ်ရဲ့ မာတင်စကော့ဆေးလို့ တင်စားခေါ်ကြတဲ့ ဒါရိုက်တာကြီး အနျူရက်ကရှ်ယက်ကြောင့်ပါသူ့ကားတွေတိုင်းဟာ အင်မတန်ကို လက်တွေ့ဆန်မှုကိုအခြေခံထားလို့ပါပဲယခုဒီဇာတ်ကားဟာလည်း အေဆင်ဆာ (Adult Only Video) ဖြစ်သောကြောင့်အသက်မပြည့်သေးသူများ၊ ကလေးသူငယ်များ၊ မိသားစုနဲ့အတူကြည့်ရှု့ရန်မသင့်တော်ပါဘူးစကားလုံးတွေဟာ လက်တွေ့ကျကျကြမ်းတမ်းပြီး အရက်သေစာသောက်စားမှုတွေ မူးယစ်ဆေးသုံးစွဲမှုတွေ တသီကြီးပါဝင်လို့ပါပဲသမာရိုးကျဘောလီဝုဒ်ကားတွေကို ရိုးအီနေပြီဆိုရင် ဒီကားလေးမြည်းကြည့်လှည့်ပါသူမတူတဲ့ရသတစ်ခုပေးစွမ်းပါလိမ့်မယ်"ဒေ့ဗ်တိုင်းဟာ ပါရိုကိုပဲ သေသည်အထိချစ်သွားရမှာလားဒါမှမဟုတ် ချန်ဒရာမူခီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလို့ရော မရနိုင်လို့လားဗျာ"ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်.... File Size : ...
movie
Dev.D(2009)
6.7
Hero (2019)
(Unicode)မကြာသေးခင်က မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့... Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။ကလေးတစ်ယောက်ကို "မင်းကြီးလာရင် ဘာလုပ်မလဲ"လို့ မေးကြည့်တဲ့အခါ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ရဲသား ၊ တစ်ချို့က ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို့ မေးကြည့်ရင် "အိမ်ကောင်းကောင်း တစ်လုံး လိုချင်တယ်" ၊ "ကားကောင်းကောင်း စီးချင်တယ်" ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ....?ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချို့ကို ...
movie
Hero (2019)
2019
6.5
Chopsticks(2019)
Chopsticks 2019 IMDb 6.5 မိဘကဆပ်ပြာမှုန့်လုပ်ငန်းလုပ်လို့အစွဲပြုပြီးပေးထားလို့ဆပ်ပြာမှုန့်နာမည်နဲ့တူတဲ့ကောင်မလေးတစ်ယောက်လူကြောက်တတ်တဲ့မိဘစကားနားထောင်တတ်တဲ့အနေအထိုင်အေးတဲ့ကောင်မလေးတစ်ယောက်လူတိုင်းကိုကိုယ့်လိုမှတ်ယူထားတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်.... သူ့အိမ်ကအလုပ်သွားအလုပ်ပြန်ဘတ်စ်ကားတိုးစီးရတာကိုမကြည့်ရက်လို့ကားအသစ်လေးတစ်စီးဝယ်ပေးလိုက်တဲ့နေ့မှာတင်သူခိုးလက်ထဲကိုကားသော့သွားအပ်မိတဲ့ကောင်မလေးတစ်ယောက်ပေါ့.... ရဲစခန်းမှာကားပျောက်ကြောင်းသွားတိုင်တော့သတင်းအစပ်အဆက်တွေနဲ့အနုပညာရှင်လို့ခေါ်တဲ့လူတစ်ယောက်အကူအညီနဲ့သူ့ကားကိုပြန်ရဖို့လိုက်ကြတာဖြစ်ပါတယ်..... ဖြစ်ချင်တော့သူ့ကားလေးကဂန်းစတားလက်ထဲရောက်နေတာဖြစ်တယ်... ကဲဂန်းစတားလက်ထဲကိုဘယ်လိုရောက်သွားတာလဲဘယ်လိုပြန်ယူမှာလဲဆိုတာကြည့်လိုက်ရအောင်..... Bollywood ကားတွေရဲ့ထုံးစံအတိုင်းပညာပေးလေးတွေအတွေးလေးတွေကိုထည့်ထားတာဖြစ်ပြီးNetflix ကထုတ်ထားတာမို့ ဟာသလေးတွေလည်းပါတာဆိုတော့ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့လူတိုင်းကြိုက်တဲ့ကားလေးဖြစ်မှာပါ.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Yoon Wah Wah Theint ဖြစ်ပါတယ်.... Englishလိုပြောသောဒိုင်ယာလော့အချို့တွင်မြန်မာစာတန်းထိုးထားခြင်းမရှိပါ.... File Size : (940 MB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:40:00 Genre : Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Wahwah Theint Encoded by Phyo Pyae
movie
Chopsticks(2019)
2019
7.6
Raanjhanaa (2013)
Raanjhanaa (2013)( အချစ်ဆုံး မင်းတစ်ယောက်သာ) •••••••••••••••••••••••••••••••••••••••••••••••••••••••( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ )အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။ ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်ဝယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိုးနိုး သိခွင့်ရခဲ့တယ်။ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖ၀ါးနုနု နဲ့ ရိုက်ခဲ့တဲ့ ...
movie
Raanjhanaa (2013)
2013
6.1
Zero (2018)
ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင်နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄ဝနားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ နဲ့ ကိုတင်မျိုးလွင် ပါ)File Size : (1.20 GB) Quality : WEB-DL 720p Running Time : 2h 44min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard ...
movie
Zero (2018)
2018
8.1
Zindagi Na Milegi Dobara (2011)
ဇာတ်လမ်းအကြောင်းကိုမပြောခင် ရရှိထားတဲ့ Rating တွေအကြောင်းကို အရင်ပြောချင်ပါတယ်။ ထူးခြားတဲ့ ဇာတ်လမ်းတွေကိုမှ Rating မြင့်မြင့်ပေးတတ်တဲ့ Rotten Tomatoes မှာ ဒီဇာတ်ကားကို Rating (100%) အပြည့်ပေးထားပါတယ်။ IMDb မှာတော့ (8.1/10) ထိရရှိထားပါတယ်။ Rating တွေကိုကြည့်ယုံနဲ့ ကောင်းမွန်လှတဲ့ဇာတ်ကားဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဆုတွေအနေနဲ့လဲ ဆုပေါင်း (၆၆)ခုထိဇကာတင်ပါခဲ့ပြီး (၃၃) ဆုရရှိထားတာတွေ့ရပါတယ်။ဇာတ်ကားနာမည်ရဲ့ အဓိပ္ပါယ်ကတော့ ‘You won’t get another life’ ဖြစ်ပါတယ်။ သူငယ်ချင်းသုံးယောက် လူပျိုဘဝနောက်ဆုံးခရီးထွက်ရင်းနဲ့ ဘဝမှာ အရေးကြီးတဲ့ အရာတချို့ကို သတိပြုမိသွားပုံကို အချိတ်အဆက်မိမိရိုက်ကူးပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်နေကြဇာတ်ကားတချို့လို တအံ့တသြ ရင်လှိုက်သည်းဖို ခံစားရမယ့်ဇာတ်ကားမဟုတ်ပါ။ ဘဝနဲ့ပတ်သတ်နဲ့ အမြင်တချို့ကိုသာ ပြောင်းလဲသွားနိုင်တဲ့ ဇာတ်ကားပါ။ အေးအေးဆေးဆေးခံစားကြည့်ရှုသင့်တဲ့ Bollywood ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော် သတိပြုမိတဲ့ အရာတစ်ခုရှိပါတယ်။အဲဒါကတော့....... "ယောင်္ကျားလေးတွေမှာ ဘုရားပေးထားတဲ့ဆုအနေနဲ့ သူငယ်ချင်းတွေက သူငယ်ချင်းပီသကြတာပါပဲ။"File size...(1.2GB) Quality...BR-Rip 720pFormat...mp4 Duration....02:34:23 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aungနမူနာကြည့်ရန်
movie