Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aaron Eckhart
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)
6.7
Rumble Through the Dark (2023)
Rumble Through the Dark (2023)~ IMDb - 6.7/10, Rotten Tomatoes - 50% ~"You either die a hero or live long enough to see yourself become the villain." ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့... နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် ...
movie
Rumble Through the Dark (2023)
2023
5.8
Battle: Los Angeles (2011)
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး...ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်...အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ...စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး...ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre ..... Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Battle: Los Angeles (2011)
2011
9.0
The Dark Knight (2008)
The Dark Knight (2008)===================IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel ...
movie
The Dark Knight (2008)
2008
4K HEVC IMAXHDR
6.7
Midway (2019)
movie
Midway (2019)
2019
5.1
Line of Duty (2019)
Olympus Has Fallen မင်းသားက ဖရန့်ခ်အနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာ ရဲတစ်ဦးရဲ့ ၁၁နှစ်သမီးကိုပြန်ပေးဆွဲခံရပြီးအဲ့ကောင်မလေးရဲ့တည်နေရာကိုသိတဲ့ သံသယရှိသူကထွက်ပြေးရင်း ဖရန့်ခ်ကနေ သတ်လိုက်မိတဲ့အခါမှာတော့ထိုရဲမှာ ကောင်မလေးရဲ့အသက်အတွက် တာဝန်ပိုကြီးသွားပါတယ်ကလေးမလေးကို ရှာဖို့ အတွက် Live streaming Blogger မလေးရဲ့အကူအညီလိုအပ်ပြီး အတူစုံစမ်းဖော်ထုတ်တဲ့အခါမှာကြုံတွေ့ရတဲ့ အခက်အခဲ အသက်အန္တရာယ်ရှိမှုတွေကို Blogger မလေးက live လွှင့်ရင်းတစ်တိုင်းပြည်လုံးက ရင်သပ်ရှုမောဖွယ်ဖြစ်ရပ် တွေကိုစောင့်ကြည့်အားပေးကြပါတော့တယ် ဘာလို့ ပြန်ပေးဆွဲတာလဲ?ဘယ်လို မျိုး လှည့်ကွက်တွေနဲ့ ကလေးမလေးကို ဖွက်ထားတာလဲ?ကလေးမလေးကို ကယ်လိုက်နိုင်မလား? ဆိုတာတွေကိုပိတ်ကားထက်မှာကြည့်ရှုကြပါဦးဗျာ File Size : ( 930 MB , 337 MB )Quality : WEB-DL 720pRunning ...
movie
Line of Duty (2019)
5.2
Line of Duty(2019)
Line of Duty(2019)(unicode)ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖရန့်ပန်နီဟာ တာဝန်ကျတဲ့နေရာမှာ နေ့စဥ်သွား လုံခြုံရေးယူ...ဒီအချိန် ဒီနေရာ ဒီပုံစံနဲ့ နေ့စဥ်ဖြတ်သန်းနေတယ်...တစ်နေ့တော့ သူတာဝန်ကျတဲ့အနားမှာ ရဲတပ်ဖွဲ့ကအထူးစစ်ဆင်ရေးတစ်ခုလုပ်နေတာကနေ တရားခံကထွက်ပြေးသွားတယ်.. ဒီတော့ သူလည်း လိုက်ဖမ်းပါတော့တယ်... တစ်ချိန်တည်းမှာပဲ သူများတွေနဲ့မတူဘဲ လူထုကိုအစစ်အမှန်တွေပဲချပြတဲ့မီဒီယာသတင်းဝက်ဆိုက်တစ်ခုကိုလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာလည်း သတင်းရှာနေတုန်း ဒီအခွင့်အရေးကိုရသွားပါတယ်။ သွက်သွက်လက်လက်နဲ့ ဇိုးဇိုးဇွက်ဇွက်ယုံကြည်ရာကိုလုပ်တတ်တဲ့သတင်းထောက်မလေးနဲ့ ဖရန့်ပန်နီတို့ပေါင်းမိသွားတဲ့အခါမှာတော့ အွန်လိုင်းအသုံးပြုတွေသူတွေတင်မကဘဲ နာမည်ကြီးမီဒိယာတွေကတောင် အရေးတယူနဲ့ထုတ်လွင့်ပေးရလောက်အောင် သူတို့ဘာတွေလုပ်ခဲ့သလဲ...သူတို့လိုက်နေတဲ့အမှုကရောဘယ်လိုအမှုလဲ...တချိန်တည်းမှာပဲ ဖရန့်ပန်နီဆိုတဲ့အဲဒီရဲအရာရှိရဲ့နောက်ကြောင်းကရောဘယ်လိုတွေရှိထားလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်....(zawgyi)ရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖရန့်ပန်နီဟာ တာဝန်ကျတဲ့နေရာမှာ နေ့စဉ်သွား လုံခြုံရေးယူ...ဒီအချိန် ဒီနေရာ ဒီပုံစံနဲ့ နေ့စဉ်ဖြတ်သန်းနေတယ်...တစ်နေ့တော့ သူတာဝန်ကျတဲ့အနားမှာ ရဲတပ်ဖွဲ့ကအထူးစစ်ဆင်ရေးတစ်ခုလုပ်နေတာကနေ တရားခံကထွက်ပြေးသွားတယ်.. ဒီတော့ သူလည်း လိုက်ဖမ်းပါတော့တယ်... တစ်ချိန်တည်းမှာပဲ သူများတွေနဲ့မတူဘဲ လူထုကိုအစစ်အမှန်တွေပဲချပြတဲ့မီဒီယာသတင်းဝက်ဆိုက်တစ်ခုကိုလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာလည်း သတင်းရှာနေတုန်း ဒီအခွင့်အရေးကိုရသွားပါတယ်။ သွက်သွက်လက်လက်နဲ့ ဇိုးဇိုးဇွက်ဇွက်ယုံကြည်ရာကိုလုပ်တတ်တဲ့သတင်းထောက်မလေးနဲ့ ဖရန့်ပန်နီတို့ပေါင်းမိသွားတဲ့အခါမှာတော့ အွန်လိုင်းအသုံးပြုတွေသူတွေတင်မကဘဲ နာမည်ကြီးမီဒိယာတွေကတောင် အရေးတယူနဲ့ထုတ်လွင့်ပေးရလောက်အောင် သူတို့ဘာတွေလုပ်ခဲ့သလဲ...သူတို့လိုက်နေတဲ့အမှုကရောဘယ်လိုအမှုလဲ...တချိန်တည်းမှာပဲ ဖရန့်ပန်နီဆိုတဲ့အဲဒီရဲအရာရှိရဲ့နောက်ကြောင်းကရောဘယ်လိုတွေရှိထားလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်....File Size : (898 MB) and (394 MB) Quality ...
movie
Line of Duty(2019)
2019
6.5
Olympus Has Fallen (2013)_______IMDb - 6.5/10 ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကို Bluray 1080p 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲသမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီးလေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ကားကို ...
movie
Olympus Has Fallen (2013)
2013
7.6
Thank You for Smoking (2005)
Rotten Romatoes - 86%ဆေးလိပ်သောက်တာ မကောင်းဘူး။ ဆေးလိပ်သောက်တတ်သူတွေ အတော်များများနားခါးကြမယ့်စကားပါ။ အဲဒါကိုဘယ်သူပြောတာလဲ။ အဲဒါကယုံကြည်ရတဲ့နေရာကအချက်အလက်လား။ သောက်ဖူးလား။ တကယ်သောက်တဲ့သူတွေအဲလိုဖြစ်တာမြင်ဖူးလား စတဲ့ အချက်အလက်တွေနဲ့ ပြန်ပြီးဘလိုင်းကြီးဆေးလိပ်သောက်တာ မကောင်းဘူးပြောတဲ့သူကို ပြန်ရှင်းခိုင်းလိုက်ပါ။လေ့လာချက်တစ်ခုအရ စာသားတစ်ခုရဲ့အရှေ့မှာ လေ့လာချက်တစ်ခုအရ ဒါမှမဟုတ်သိပ္ပံနည်းကျပြောပြချက်အရ ဆိုတာကို တပ်ပြီးပြောရင် ပိုပြီးယုံချင်တတ်ကြပါတယ်တဲ့။ဒီဇာတ်ကားမှာကလည်း အဓိကဇာတ်ဆောင်က သိပ္ပံနည်းကျအချက်အလက်တွေကိုသုံးပြီး ဆေးလိပ်ဘက်ကနေ ပြန်လည်တိုက်ခိုက်သွားတာကို မြင်တွေ့ရမှာပါ။အမှန်တရားဆိုတာ ကိုယ်မြင်တဲ့အမြင်ပေါ်မူတည်တယ်ဆိုတဲ့ အချက်ကိုသုံးပြီးနေရာပြောင်းပြသွားတာတွေက အရမ်းကို လှပါတယ်။လူတော်တော်များများက အရမ်းအန္တရာယ်များပါတယ်ဆိုတဲ့ ဆေးလိပ်ကို ပညာသားပါပါနဲ့နေ့စဉ်သုံးပစ္စည်းတစ်ခုအဖြစ်သတ်မှတ်ချင်စိတ်ပေါက်သွားနိုင်အောင် စကားလုံးတွေကအရမ်းလန်းပါတယ်။IMDB Rating 7.6 ထိရရရှိထားပြီး Satire,Comedy အမျိုးအစား ဇာတ်ကားတစ်ကားပါ။ဟားနေရင်း တွေးချင်ရင်တော့ ကြည့်လိုက်ကြပါဗျာ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 350 MB) and ( 850 MB) Quality__BR-Rip 720p IMDb Rating__7.6/10 Format__mp4 Duration__01:32:07 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by ...
movie
Thank You for Smoking (2005)
2005
6.8
Bleed for This (2016)
ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့လုပ်နိုင်မယ်လို့မထင်တဲ့အရာတွေကို လုပ်ဖို့အတွက် ယုံကြည်မှုဟာ ပဓာနကျပါတယ် ဘယ်လောက် အထောက်အပံကောင်းတွေရှိရှိ ယုံကြည်မှုမရှိရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး အဲ့ဒီအချက်ကို ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတဲ့ ဒီရုပ်ရှင်လေးက သက်သေပြထားပါတယ် ၁၉၉၀ခုနှစ်ဝန်းကျင်က ဗန်နီပါဇီယန်ဇာလို့အမည်ရတဲ့ အမေရိကန်လက်ဝှေ့သမားတစ်ယောက်ဟာ နာမည်ကြီးကာစမှာ ကားအက်ဆီးဒန့်တစ်ခုကြောင့် လက်ဝှေ့လိုအားကစားမျိုးကိုပြန်ကစားဖို့ မဖြစ်နိုင်တဲ့ လည်ပင်းရိုးကျိုးသွားတဲ့ဒဏ်ရာကို ရရှိခဲ့ပြီး ကံကောင်းစွာနဲ့အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ် သူ့ရဲ့ဘဝလိုဖြစ်နေတဲ့လက်ဝှေ့ကို မဖြစ်နိုင်တဲ့အခြေအနေကနေ ပြန်ကစားဖို့အတွက် လူတိုင်းကဝိုင်းဝန်းတားဆီးနေသည့်ကြားကပင် ယုံကြည်မှုပြင်းထန်စွာ ကြိုးစားခဲ့ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံအဖြစ် ပြန်လာနိုင်ခဲ့ကာ အားကစားလောကရဲ့အစဉ်အလာမရှိဆုံး ပြန်လာနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ် ဒီဖြစ်ရပ်မှာကာယကံရှင်နေရာကသရုပ်ဆောင်ထားတဲ့မင်းသား Miles Tellerဟာ ကျွန်တော်တို့ပရိတ်သတ်တွေနဲ့သိပ်မစိမ်းတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်းပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ် Imdb 6.8နဲ့ Rotten Tomatoes 70%ထိရရှိထားပါတယ် Flim of the yearဆုကိုလည်းရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး ကျွန်တော်တို့စိတ်ခွန်အားတွေကို တစ်စိတ်တစ်ပိုင်း အားဖြည့်ပေးနိုင်မယ့် ရုပ်ရှင်ချစ်သူတွေလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ် ဒီဖြစ်ရပ်က ကာယကံရှင်တွေရဲ့ပုံရိပ်တွေ ...
movie
Bleed for This (2016)
2016
6.2
The Rum Diary (2011)
မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ဘာလို့ဆို ကျွန်တော်တို့ပုရိသယောကျင်္ားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။ File size(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Rum Diary (2011)
2011
5.4
Incarnate (2016)
ဒေါက်တာ အမ်ဘာ ဟာ ကား အက်ဆီးဒင့် တစ်ခု ဖြစ်ပြီးနောက် ကိုယ်အောက်ပိုင်းသေသွားပြီး ၀ှီးချဲနဲ့ သွားနေရသူ တစ်ဦးဖြစ်ပါတယ် ထို အက်ဆီးဒင့် မှာ အမ်ဘာ ၏ ဇနီး နှင့် ကလေး လဲ သေဆုံးသွားခဲ့တာပါ ထို့နောက်တွင် အမ်ဘာ ဟာ မကောင်းဆိုးဝါးတွေ ၀င်ပူးထားသော လူတွေရဲ့ အာရုံထဲဝင်ရောက် ၍ ကယ်တင်နိုင်သော အစွမ်းတစ်ခုကို ရရှိခဲ့ပါတယ်... ထိုစွမ်းအင် ရပြီးနောက် သူ၏ မိသားစု ကို သတ်ဖြတ်ခဲ့သော စွမ်းအင်ကြီးလွန်းလှတဲ့ မက်ဂီ ဆိုသော မကောင်းဆိုးဝါးကို လိုက်လံရှာဖွေနေရင်း ကမ်မရွန် ဆိုသော ကလေးငယ်ကို ပူးကပ် ဒုက္ခပေးနေသည်အား ရှာဖွေ တွေ့ရှိခဲ့သော အခါ ဒေါက်တာ အမ်ဘာ တစ်ယောက် ကင်မရွန် အား ကယ်တင်နိုင်မလား မက်ဂီ အား တွန်းလှန်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါအုံး.... (ဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော An Architect ...
movie
Incarnate (2016)
2016
5.9
London Has Fallen (2016)
London Has Fallen (2016)________IMDb - 5.9/10 ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့...... လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (5.9/10) ရရှိထားတဲ့ Action, Thriller ဇာတ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားကို Carey Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) Olympus Has Fallen (2013) ကြည့်ရှုရန် နှိပ်ပါ Angel Has Fallen (2019) ကြည့်ရှုရန် နှိပ်ပါ File size…(905 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung နမူနာကြည့်ရန်
movie
London Has Fallen (2016)