Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aadukalam Murugadoss
8.4
Visaranai (2015)
Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Visaranai (2015)
6
Kaaduvetty(2024)
Kaaduvetty 2024 (ဘောလိဝုဒ် ရိုမီရိုနဲ့ဂျူးလိယက်) IMDb - 6.1/10နာမည်ကျော် ရှိတ်စပီးယားပြဇာတ် ရိုမီယိုနဲ့ဂျူးလိယက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အားလုံးသိကြ နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘောလိဝုဒ်ဗားရှင်း ရိုမီရိုနဲ့ဂျူးလိယက်ကားလေးကို ကြည့်ရှူခံစားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းမှာ ရိုးရာအကသဘင်ပညာရှင်တစ်ဦး၏ သမီးဖြစ်သူ ဒက်ရှာရီနီနဲ့ ဇာတ်နိမ့်မျိုးနွယ်မှာ ပေါက်ဖွားကြီးပြင်းတဲ့ အခီလန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။အခီလန်ဟာ ဒက်ရှာရီနီကိုချစ်မိသွားပြီး သူမရဲ့အချစ်ကိုမရရအောင် ကြိုးစားယူခဲ့အပြီးမှာ နောက်ပိုင်းသူတို့ ချစ်သူ၂ဦး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ။ဘောလိဝုဒ် အချစ်ဇာတ်လမ်းတွေ အလွမ်းအဆွေးကားတွေကို အားလပ်ချိန်မှာ ကြည့်ရှူမယ့် ပရိတ်သတ်တို့အတွက် အချိန်ပေးရတာတန်မယ့်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာ။( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.4GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kaaduvetty(2024)
2024
9
Nandhi Varman (2024)
Nandhi Varman 2024 (ကျိန်စာသင့်ရွာ) =====================IMDb 9/10 ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ Supernatural mystery thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ တမီလ်စကားပြော ဇာတ်ကားကောင်းတစ်ကားတင်ဆင်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ ရှေးဟောင်းသမိုင်းဝင်ပစ္စည်းတွေ တူးဖော်သုတေသနလုပ်တာက စလို့ သမိုင်းကြောင်းကို အရင်ထည့်ပြောချင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်က ပါလာဗာမင်းဆက်ခေတ်မှာ ဟာနုမန်သာပူရမ်ဆိုတဲ့နေရာတစ်နေရာရှိခဲ့တယ် ပစ္စည်းဥစ္စာပေါကြွယ်ဝဆုံးနေရာဖြစ်လို့ ဓားပြတွေမျက်စိကျခဲ့ကြတဲ့နေရာတစ်ခုပေါ့ ဒီလိုပေါကြွယ်ဝမှုတွေက ဟာနုမန်သီရှာဝါရာရ်ဘုရားကျောင်းကြောင့်လို ပါလာဗီဘုရင်ကယုံကြည်သက်ဝင်ထားပါတယ်တခြားနေရာတွေမှာ လုယက်မှုတွေအများကြီးရှိခဲ့ပေမဲ့ အဲဒီနေရာကိုတော့ ဘယ်သူမှမလုရဲကြဘူးတဲ့လေ အကြောင်းရင်းကတော့ ပါလာဗာဘုရင်ကြောင့်ပါ ဒီဘုရင်ရဲ့ထင်ရှားမှုကိုပြောရရင်တော့ သူ့ဓားပေါ့ မမြင်ရတဲ့ဓားသွားတစ်လက်က ရန်သူ့သွေးနဲ့ထိရင်တော့ အလင်းနီတန်းပေါ်လာပြီး ပုံရိပ်ထင်လာတဲ့ဒီဓားကြောင့်ရယ် စစ်ဗျူဟာကောင်းလွန်းတဲ့ ပါလာဗီမင်းကြောင့် တော်ရုံဓားပြတွေ လက်ရှောင်ကြတဲ့ဒီနေရာကို မျက်စိကျမိသွားတာက အရက်စက်ဆုံးနဲ အကြမ်းကြုတ်ဆုံးလို့နာမည်ကြီးတဲ့ အာလာရီအဖွဲ့က ဂိုရာပါပဲ သူတို့၂ယောက်ရဲ့ ဇာတ်လမ်းကိုတော့ ဒီကားထဲမှာပဲ စိတ်ဝင်စားစရာတွေနဲ့ဆက်ကြည့်ရှုလိုက်ကြပါခုခေတ်ကိုပြန်ဆက်ရရင်တော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်က ရေမြုပ်ပြီး အမြှုပ်ခံလိုက်ရတဲ့ဒီဘုရားကျောင်းကိုပြန်တူးဖော်ဖို့ပါ ဒီဘုရားကျောင်းရှိတဲ့ရွာကို သုတေသနအတွက်တူးဖော်မယ်လို့ သတင်းပို့ပြီးပြီးချင်းမှာပဲ ရွာကအိမ်မီးလောင်တာတွေ လူသေတာတွေ ထဖြစ်ပါတော့တယ် ဒီရွာက တကယ်ပဲကျိန်စာသင့်နေမလား သုတေသနအတွင်း ဘာတွေများကြုံတွေလာရမလဲဆိုတာကိုတော့။။။။( အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး Yunni ~ V ~ ToMo ~ Zwe ...
movie
Nandhi Varman (2024)
2024
8.2
Jigarthanda (2014)
Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာတွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie
Jigarthanda (2014)
2014
9.2
Rangoli (2023)
Rangoli (2023) "ချယ်မှုန်းရောင်စုံ" IMDb-9.3/10မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။ အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက် အဖေရယ် အမေရယ် အစ်မရယ်။အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။ အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေ အပေါင်းအသင်းမှားနေတယ်ဆိုပြီး ကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ် ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့ မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။ အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။ အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 2.95GB / 1.13GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie
Rangoli (2023)
2023
8.9
96 (2018)
96 (2018)" ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ခင်ခင်ပျိုရေ ..... ငါ စောင့်ခဲ့တယ် ။ ။#အောင်ချိမ့်အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ .... "ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့" ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ...
movie
96 (2018)
2018
7..1
Pyali (2022)
Pyali 2022 IMDb 7.1/10 ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူကြည့်ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ။ မောင်နှမနှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ၅၂၈မေတ္တာလေးကို ကြည့်ရှုခံစားကြရမှာဖြစ်ပြီး ကလေးတိုင်းမှာ ထူးခြားမှုလေးတွေ ကိုယ်စီရှိကြတယ်ဆိုတာကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇီရာဆိုတဲ့ကောင်လေးတစ်ယောက်မှာ ပရာလီလို့ခေါ်တဲ့အရမ်းချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ ဇီရာက သူကိုယ်တိုင် အရွယ်လေးနဲ့မလိုက်အောင်အလုပ်တွေဖိလုပ်ပြီး ညီမလေးကို တတ်နိုင်သမျှ လိုလေသေးမရှိအောင် စောင့်ရှောက်ထားပါတယ်။ ဂုဏ်ပကာသနတွေမပေါပေမယ့် ပျော်ရွှင်နေတတ်ကြတဲ့မောင်နှမနှစ်ယောက်ဟာတစ်နေ့မှာအကြောင်းကြောင်းကြောင့် သံလမ်းဘေးကနေရာလေးကို စွန့်ခွာပြီး နေစရာအသစ်တစ်ခုကို ရှာဖွေရပါတော့တယ်။ လမ်းဘေးမှာပဲနေရတဲ့ကလေးတွေမလို့ ခိုကိုးရာမဲ့ဖြစ်နေတဲ့အချိန်မှာ အန္တရာယ်တွေကြုံလာရပြီး ဇီရာဟာလည်း အစ်ကိုဖြစ်သူပီပီ ညီမလေးကို ကာကွယ်စောင့်ရှောက်ပါတော့တယ်။ သူတို့လေးတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai ThuRein
movie
Pyali (2022)
2022
8.1
Aadukalam (2011)
Aadukalam (2011)~ IMDb - 8.1/10, Rotten Tomatoes - 93% ~အိန္ဒိယတောင်ပိုင်း တမီးလ်နန်ဒူးမှာ ရှေးအစဥ်အလာတည်းက ကြက်တိုက်ခြင်းဓလေ့တွေရှိခဲ့ပါတယ်။ သိမ်မွေ့တဲ့ကြက်တိုက်ပွဲဆိုတာ လူ့ဘဝတိုက်ပွဲတွေလိုပါပဲ။ သူတို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ ကြက်အမတွေကိုရဖို့ တိုက်ခိုက်ကြရပါတယ်...မာဒူရိုင်နယ်မှာ ရိုးရာတိုက်ကြက်ဖတွေကိုလေ့ကျင့်ပေးတဲ့ ပက်တရာကာရန်နဲ့ စုံစမ်းရေးရဲအရာရှိ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲက ပြင်းထန်ပါတယ်။ ပက်တရာကာရန်ရဲ့ ကျွမ်းကျင်လိမ်မာမှုကြောင့် ရာသင်နာဆာမီက ဘယ်တုန်းကမှသူ့ကို ကြက်တိုက်ပွဲမှာမနိုင်ခဲ့ပါဘူး။ ရာသင်နာဆာမီက သူ့အမေမသေခင် ပက်တရာကာရန်ကိုအနိုင်ရချင်တဲ့အတွက် နည်းပေါင်းစုံနဲ့အနိုင်ရဖို့ကြိုးစားခဲ့ပါတယ်။ကာရူပူနဲ့ ဒူရေယန်က ပက်တရာရဲ့အုပ်စုမှာ ပက်တရာသဘောအကျဆုံးလူတွေပါ။ ကာရူပူက တိုက်ကြက်တွေကို မွေးမြူထိန်းကျောင်းတာမှာ ပါရမီထူးချွန်တဲ့သူပေါ့။ ကာရူပူက အီရာနီဆိုတဲ့မိန်းကလေးကိုချစ်မိသွားပြီး အီရာနီက သူ့ကိုတကယ်ချစ်တာမဟုတ်ဘဲ တခြားတစ်ယောက်ကိုရှင်းထုတ်ချင်လို့သာသူ့ကိုချစ်တယ်လို့ညာတဲ့အခါ...သူရင်ကွဲရမှာလား...နောက်ပိုင်း အီရာနီကရော သူ့ကိုတကယ်ချစ်သွားမလား... ပက်တရာကာရန်နဲ့ ရာသင်နာဆာမီတို့ကြားက ကြက်တိုက်ပွဲကရော ဘယ်လိုတွေဖြစ်လာမလဲ။ ရိုးရှင်းတဲ့ ကြက်တိုက်ပွဲကနေ ရှုပ်ထွေးပွေလီတဲ့ လူ့ဘ၀တိုက်ပွဲအကြောင်း ဘယ်လိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာ ဝင်ရောက်စီးမြောလိုက်ကြပါဦး။Bollywood ဆိုရင် အက်ရှင်ကြမ်းကြမ်း ...
movie
Aadukalam (2011)
2011
7.6
Saani Kaayidham(2022)
Saani Kaayidham 2022ဒဏ်ရာတွေကပျောက်ကွယ်သွားနိုင်တယ် မှတ်ဉာဏ်တွေကလည်းအရောင်မှိန်သွားနိုင်ပေမယ့် ဒီနာကျင်မှုကတော့ ဘယ်တော့မှပျောက်မသွားဘူး..ဒီတစ်ခါမှာတော့ IMDb 7.7ရရှိထားပြီး ဖြစ်ရပ်မှန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အထက်လူကြီးနဲ့ အခက်မသင့်ဘဲအလုပ်ထွက်လာခဲ့တဲ့ ယောကျာ်းဖြစ်သူမာရီအား ပွန်နီကအထက်လူကြီးကိုပြန်တောင်းပန်ဖို့ကြိုးစားခိုင်းပေမယ့် ကိစ္စတွေကစီစဉ်ထားသလိုဖြစ်မလာဘဲ လူကြီးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်မိပါတယ်ဒါကိုအထက်ကရန်ငြိုးထားပြီးသူတို့မိသားစုကိုပြန်ကလဲ့စားချေပါတော့တယ် ပွန်နီကိုမုဒိမ်းကျင့် ယောကျာ်းနဲ့သမီးဖြစ်သူကိုအရှင်လတ်လတ်မီးရှို့ပြီး ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ပွန်နီကတခြားသူမဟုတ်ဘဲ ရဲမေပါဒါပေမယ့် ရဲဌာနကလည်းပွန်နီ့ဘက်မှာရှိမနေခဲ့ပါဘူး ဒီကိစ္စအမှန်အတိုင်းပေါ်သွားခဲ့ရင် ရဲဌာနသိက္ခာကျတယ်ဆိုပြီး ဖုံးဖိထားခိုင်းခဲ့ပါတယ်။ ရာထူး ပိုက်ဆံ အင်အားတစ်ခုမရှိတဲ့ ပွန်နီတို့ကိုအဖက်ဖက်ကဖိအားပေးလာခဲ့ပါတယ် ဒါ့အပြင်ရာထူးမြင့်လူတစ်ယောက်ရဲ့အကူအညီနဲ့ မုဒိမ်းကောင်တွေလွတ်သွားတဲ့အခါမှာတော့.....ပွန်နီတစ်ယောက် ဘယ်လိုလက်စားချေမလဲ အမှန်တရားကအနိုင်ရမှာလားဆိုတာ အားရပါးရကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကသွေးသံရဲရဲနဲ့သတ်ခန်းဖြတ်ခန်းတွေပါတာကြောင့် လူသတ်ကားကြိုက်တဲ့ပရိတ်သတ်ကြီးတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင် File size…2.67GB / 1.14GB / Quality…1080p TRUE WEB DL AAC5.1CH / 720p / Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lai Lai & Honey
movie
Saani Kaayidham(2022)
2022