Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aadhi Pinisetty
6.8
Sarileru Neekevvaru (2020)
Sarileru Neekevvaru (2020)တေလဂူးမင်းသားချော Mahesh Babu နဲ့ ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး လာပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ အိန္ဒိယတပ်က စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲအဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကိုရုပ်ရှင်ရုံထဲကြည့်ရသလို ၃ နာရီနီးပါး လိုက်ပါစီးမျောကြည့်ရှုရမှာပါ။(ရုပ်ရှင်ဘာသာပြန်နဲ့အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ ...
movie
Sarileru Neekevvaru (2020)
2020
4K HEVC
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
6.2
Partner (2023)
Partner 2023 (သို့) ညိုကီမှပျိုမဒီ IMDb - 6.3/10တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။ အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။ တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက် ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကို ဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…2.45GB / 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe~BpL~V~YH~ToMo~KKKZ
movie
Partner (2023)
2023
6.6
Sarrainodu (2016)
Sarrainodu (2016) IMDb-6.6/10ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် ကားဟောင်းထဲက ကားကောင်းလေးတကားဖြစ်တဲ့ အာလူးအာဂျွန်နဲ့ မင်းသမီးချော မဟာလက်ရှ်မီးတို့ရဲ့ အမှန်တရားဘက်တော်သား အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဘတ်ဂျတ် ရူပီးသန်းငါးရာ အသုံးပြုထားပြီး ရူပီးသန်းထောင့်နှစ်ရာခုနစ်ဆယ်ပြန်ရခဲ့တဲ့ကားတကားလဲဖြစ်ပါတယ်။အိမ်ရဲ့သဲသဲလှုပ်အချစ်ခံရတဲ့ တဦးတည်းသောသားလေးဖြစ်ပြီး အိန္ဒိယစစ်ပြန်ကြီးလည်းဖြစ်တဲ့ ဂါနာက မတရားတာတွေ့ရင် လက်ပါခြေပါနဲ့ဖြေရှင်းတတ်သူတစ်ယောက်။သိပ်ချစ်မိသွားတဲ့ ချစ်သူလေးက ရန်ဖြစ်တာမျိုးမလုပ်ရင် လက်ထပ်ပါမယ်လို့ကတိပေးပြီးတဲ့နောက်မှာတော့။အိန္ဒိယနိုင်ငံတောင်ပိုင်းဝန်ကြီးဖြစ်သူရဲ့သားဟာ သူ့အကျိုးစီးပွားအတွက် အဖေ့အရှိန်အဝါကို အလွဲသုံးစားလူပ်ပြီး မြေတွေယာတွေကိုသိမ်း မကျေနပ်တဲ့လူကို လက်စဖျောက် ပြန်လှန်ဝံ့သူမရှိလောက်တဲ့ထိ ထင်ရာစိုင်းမိုက်မဲနေခဲ့ပါတယ် အနိုင်ကျင့်ခံရတဲ့ လယ်သမားတွေဘက်ကနေပြီး ရပ်တည်ပေးနေတဲ့ သားဖနှစ်ယောက်နဲ့ချစ်သူကိုရန်မဖြစ်တော့ပါဘူးဆိုပြီး ကတိပေးထားတဲ့ဂါယာတယောက် ဝန်ကြီးသားရဲ့မတရားမှုမှာ ပါဝင်လာတဲ့အခါမှာတော့။ အရင်က ဘောလိ၀ုဒ်ကားတွေရဲ့ အရသာကိုတဖန်ပြန်လည်ခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ V~Zwe~Moon~Cherry~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…4.4GB / 2.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~Cherry~BpL~Yunn
movie
Sarrainodu (2016)
2016
5.4
The Warriorr (2022)
ဒီတစ်ခေါက်မှာတော့ Modern Love Hyderabad ထဲက မင်းသား အက်ဒ်ဟီနဲ့ Uppenaမင်းသမီးချော ကာရီသီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် IMDB မှာ 5.4 ရထားတဲ့ Action, Crime, Thriller အမျိုးအစားမို့ အက်ရှင်ကြိုက်တဲ့သူတွေအကြိုက်တွေ့မှာပါ။ဇာတ်လမ်းအကျဉ်း ရိုးရိုးသားသားနဲ့ကြိုးစားပြီးဖခင်ရဲ့ဆန္ဒပြည့်ဖို့ မိခင်ရဲ့လမ်းညွှန်မှုနဲ့ ဆေးပညာဘွဲ့ရအောင်ယူပြီး ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ ဟိုင်ဒရာဘတ်က ကူအာနိုးကို ပြောင်းလာတဲ့ ဆရာဝန်လေး FM တစ်ခုမှာအလုပ်လုပ်ပြီး မဟာလက်ရှ်မီးရဲ့ဝီစီသံလို့ အမည်တွင်အောင် သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ပြီးထုတ်လွှင့်နေတဲ့ မိတဆိုးသမီးလေးတစ်ယောက်တို့ တိုက်ခန်းတစ်ခုမှာ ဆုံကြတဲ့နောက်.....ဆရာဝန်ဟူသည် ရန်သူပင်ဖြစ်လင့်ကစားကုပေးရမယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကုသမှုပေးတဲ့ဆရာဝန်လေးနဲ့ ကူအာနိုးမြို့ရဲ့ အဓိကရ ဂုရုဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံကြတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေနဲ့ ဇာတ်လမ်းဆက်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါ။ အက်ရှင်ကြမ်းကြမ်း သတ်ဖြတ်ခန်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေကို မိုးအေးအေးနဲ့ စီးမျောနိင်ကြပါစေဗျာ။ File size…11GB / 3.62GB / 1.7GB Quality…1080p True WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin ...
movie
The Warriorr (2022)
2022
4K HEVC Web-DL
8.2
Rangasthalam (2018)
Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie
Rangasthalam (2018)
2018
1080p HEVC
7.8
Good Luck Sakhi (2022)
Good Luck Sakhi (2022)============================‘ကံကောင်းမှုဆိုတာမရှိပါဘူးကံတရားဆိုတာက ငါ့လက်ထဲမှာပဲရှိတယ်’ဒီကားလေးကတော့ Feb 12 မှာမှ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့Sports Comedy အမျိုးအစား ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်သာမန်ရွာလေးတစ်ရွာက ဂေါ်လီပစ်ရင်းပေါ့ပေါ့ပါးပါးသွက်သွက်လက်လက်ကြီးပြင်းလာတဲ့ သာမန်ကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လို့လက်ထပ်ထိမ်းမြားရတော့မယ့်အချိန်မှာ ကံဆိုးစွာနဲ့ သတို့သားလောင်းကဆုံးပါးသွားရပါတော့တယ် ဒီလိုနဲ့ အကြောင်းတွေတိုက်ဆိုင်သွားပြီးသေနတ်ပစ်လေ့ကျင့်ကာ ပြိုင်ပွဲဝင်ဖို့ ဖြစ်လာတဲ့အကြောင်းကို ကြည့်ရှုရမှာပါဒီဇာတ်ကားလေးက အစအလယ်အဆုံး ပျင်းစရာမကောင်းဘဲ တက်ကြွဖျတ်လတ်နေတဲ့မင်းသမီးလေးကလည်း အတော်ချစ်ဖို့ကောင်းပါတယ် ဝါရင့်မင်းသားကြီး Jagapathi Babu ရဲ့သရုပ်ဆောင်ချက်တွေကလည်း မိမိုက်နေတာပါပဲ…ဇာတ်ဝင်တေးလေးတွေလည်းနားထောင်ကြည့်ရင် အတော်ကောင်းပြီး သီချင်းနောက်ခံဇာတ်ကွက်လေးတွေကလည်းချစ်စရာရယ်စရာကောင်းတာမို့ တစ်ကားလုံးမရစ်ဘဲ ကြည့်လိုက်ဖို့ အကြံပေးလိုက်ပါရစေ File size…4Gb / 900MB Quality…1080p H264 AAC 5.1CH / 720p AAC 2.0CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go - O & Shwe Pwint & Haruko
movie
Good Luck Sakhi (2022)
2022