Star Trek Into Darkness (2013)
Earth Will Fall

Synopsis:
Star Trek Into Darkness (2013)
IMDb – 7.7/10_____Rotten – 84%
Star Trek into Darkness (သို့မဟုတ်) တစ်ကျော့ပြန် Khan
Star Trek ဇာတ်ကားတွေမှာ အလွန်ကောင်းမွန်တဲ့ Villains တွေရှားတယ်။ The Next Generations တုန်းကတော့ လူဆိုးကြီး Q ရှိတယ်။ တစ်ခြားနာမည်ကြီး လူဆိုးမျိုးနွယ်တွေကတော့ Klingons တို့Romulans တို့Ferengi တို့တော့ရှိတာပေါ့။ အကောင်းဆုံး Villain ကိုပြပါဆိုရင် Khan တစ်ယောက်ပဲ ရှိမယ်ထင်တယ်။ ဒါကြောင့်လည်း J.J. Abrams ရဲ့ဒုတိယမြောက်ဇာတ်ကားတွင် ထိုဇာတ်ကောင်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ The Wrath of Khan ဇာတ်ကားတုန်းက Khan သည် Spock ရဲ့အသက်ဇီဝိန်ကို ချွေနိုင်ခဲ့သည်အထိ တတ်စွမ်းနိုင်ခဲ့တယ်လေ။
J.J. Abrams ဇာတ်ကားတွေရဲ့New Timeline မှာတော့ Khan သည် မသေသေးပေ။ စကြာဝဋာကြီးရဲ့တစ်နေရာမှာ ရှိနေသေးခဲ့ခြင်းနဲ့စတင်ခဲ့တယ်။ ထို့အပြင် Khan လို့လည်း အသိမပေးခဲ့သေးပေ။ ဘာတဲ့။ John Harrison ဆိုပဲ။ အရင်က Starfleet ရဲ့အလုပ်သမားတွေထဲကတစ်ယောက်ပေ့ါ။ ပရိသတ်တွေ ညာခဲ့တာပေါ့။ ဒါကြောင့်လည်း John Harrison အဖြစ် သရုပ်ဆောင်တဲ့ Benedict Cumberbatch က Captain Krik နဲ့Spock အဖြစ် သရုပ်ဆောင်တဲ့ Chris Pine နဲ့Zachary Quinto တို့နှစ်ယောက်ကို အဖမ်းခံထားရတဲ့ မှန်သားနောက်ကွယ်ကနေ “My name is Khan” လို့ပြောပြီး အသိပေးလိုက်တဲ့အခန်းဟာ ကျွန်တော့်အတွက်တော့ အလွန်ကို Epic ဖြစ်ခဲ့တာပေ့ါ။ ဒါပေမဲ့ ဒီ Timeline က Captain Kirk က အတိတ်က ရှိခဲ့တဲ့ Khan ကို ဘယ်လိုလုပ်သိမှာလဲ။ သူ့အတွက်တော့ အံ့သြစရာ မဖြစ်ခဲ့ပေ။ ထိုအခန်းဟာ အံ့သြရမလို ရယ်ရမလို ဖြစ်ခဲ့မိတာတော့ အမှန်ပဲ။
ဇာတ်ကားရဲ့အဆုံးမှာတော့ Khan တစ်ယောက် မသေခဲ့ပေ။ ထို့အစားသူ့ကို Cryotube ထဲမှာ ပိတ်ထားပြီး ထည့်ဖမ်းထားခြင်းနဲ့အဆုံးသတ်ပစ်လိုက်ကြတယ်။ ဒါကလည်း ရှင်းပါတယ်။ ဒီလို ရှားရှားပါးပါး Villain ကောင်းတစ်ယောက်ကို နောက်ဇာတ်ကားတွေအတွက် ပြန်လည် အသုံးချလို့ရအောင် တမင်ရည်ရွယ်တဲ့သဘောပဲဆိုတာ သိသာထင်ရှားလွန်းခဲ့တယ်လေ။
ယခုဆိုရင် Star Trek သည် နှစ် 50 တိုင်ခဲ့ပြီပေါ့…
~WH~ See Less
(ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. ၏ Facebook Page https://www.facebook.com/movieswwwf/photos/a.618178698356274/618181428356001 မှကူးယူဖော်ပြပါသည်။)
File Size : (953 MB)
Quality : Blu-Ray 720p
Running Time : 2hr 12min
Format : Mp4
Genre :Action, Adventure, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay DTS x264-PHD
Translated by Myat Noe Wutt Yi
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။