Star Trek (2009)
The future begins.

Synopsis:
Star Trek (2009)
IMDb – 7.9/10_____Rotten – 94%
Won 1 Oscar. Another 24 wins & 93 nominations
ခေတ်သစ် Star Trek (တစ်နည်းပြောရရင် ကျွန်တော်တို့ခေတ်ရဲ့Star Trek)
J. J. Abrams က 2009 နှစ်စပိုင်းလောက်မှာ Star Trek ရုပ်ရှင်တွေကို ပြန်လည်ဆန်းသစ် ရိုက်ကူးမယ်လို့သိရတော့ ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။ ထိုအချိန်လောက်က ကျွန်တော်ဟာ Star Trek fan တစ်ယောက် မဟုတ်ခဲ့သလို J. J. Abrams ကိုလည်း ကြိုက်တဲ့ Directors စာရင်းထဲမှာ မရှိခဲ့လိုပဲ။ အမှန်ကို ဝန်ခံရမယ်ဆိုရင် 2009 တုန်းက ထွက်ရှိခဲ့တဲ့ Star Trek ဇာတ်ကားကို ပထမအကြိမ် ကျွန်တော်ကြည့်ခဲ့စဉ်က မကြိုက်ခဲ့ပေမဲ့ Star Trek into Darkness (2013) ကို ကြည့်ပြီး Star Trek fan စစ်စစ် လုံးလုံးလျားလျားကြီးဖြစ်တော့မှ Star Trek (2009) ကို ပြန်ကြည့်ဖြစ်ခဲ့တာ။
J.J. Abrams ရဲ့Star Trek သည် သူ့ရဲ့ပြောစကားအရဆိုရင် “Rebbot” လည်း မဟုတ်သလို “Reinvention” လည်း မဟုတ်ပါဘူးတဲ့။ “Revitalisation” ပါတဲ့။ သူ့ရဲ့ရုပ်ရှင်ဟာ Original ဇာတ်ကောင်တွေဖြစ်တဲ့ Kirk, Spock, Scotty, Bones, Uhura, Sulu နဲ့Chekov တို့ကို နောက်တစ်ကြိမ်အတူတကွပြန်လည်တွေ့ဆုံရတဲ့ ရုပ်ရှင်ပေါ့။ ထို့အပြင် ထိုဇာတ်ကောင်တွေ အသီးသီးကိုလည်း တစ်ယောက်ချင်းစီ စရိုက်ကိုပေါ်လွင်အောင်ပြသ နိုင်ခဲ့လို့လည်း ကျွန်တော့်စိတ်ထင် အကောင်းဆုံးဇာတ်ကား ဖြစ်နိုင်ခဲ့တာ ဖြစ်မယ်။ သူတို့တွေရဲ့Starfleet Enterprise ကို မဝင်ခင်က ဘဝတွေကိုလည်း ပြသနိုင်ခဲ့ခြင်းကြောင့် အလိုလိုနေရင်း ထိုဇာတ်ကောင်တွေဟာ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်လာခဲ့တယ်။ ထူးခြားတာက Original Spock ဖြစ်တဲ့ Leonard Nimyo ကိုယ်တိုင် တစ်ခန်းပါဝင်ခဲ့တာပဲ။
J. J. Abrams ပြောခဲ့သလိုပဲ သူ့ရဲ့ ပထမဆုံး Star Trek ဇာတ်ကားသည် Star Trek fans တွေအတွက်လည်း ဖြစ်သလို fan မဟုတ်တဲ့သူတွေအတွက် (normal ပရိသတ်) လည်းဖြစ်တယ်လို့ဆိုခဲ့သည့်အတိုင်း သူ့ရဲ့ထိုပထမဆုံး Star Trek ဇာတ်ကားကြောင့် ကျွန်တော်သည်လည်း Star Trek fan တစ်ယောက် ဖြစ်လာခဲ့ပေတော့တယ်။ J.J. Abrams က Star Trek ဇာတ်ကားတွေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ သိတယ်။ Action ပဲ။ Star Wars နဲ့ယှဉ်ရင် Star Trek သည် ကြာမြင့်လွန်းတဲ့ စကားပြောခန်းတွေပဲ ပိုပြီး Action တွေကတော့ နည်းပါးလွန်းခြင်းပဲ။ ဒါကြောင့်လည်း သူရိုက်တဲ့ Star Trek ဇာတ်ကားကို Action ခန်းတွေ ပိုမိုပါဝင်စေခဲ့တာပဲ။
~WH~ See Less
(ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. ၏ Facebook Page https://www.facebook.com/movieswwwf/photos/a.618178698356274/618181131689364 မှကူးယူဖော်ပြပါသည်။)
File Size : (953 MB)
Quality : Blu-Ray 720p
Running Time : 2hr 7min
Format : Mp4
Genre :Action, Adventure, Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay DTS x264-PHD
Translated by Myat Noe Wutt Yi
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။