Stairs (2019)


Synopsis:
CM ပရိတ်သတ်ကြီးအတွက် ကိုယ့်ကို ကို Brainwash လုပ်လို့
ကောင်းမယ့်ဇာတ်ကားတစ်ကား တင်ပေးလိုက်ပါတယ်
ဒီဇာတ်ကားက ကိုယ့်ကိုကို ပြန်ပြီးစစ်တိုက်နေရသလိုမျိုး
parallel universe ပုံစံမျိုးပါ စတန်ဒန်ဦးဆောင်ပြီး
စစ်ဆင်ရေးတာဝန်တစ်ခုနဲ့ လာခဲ့တဲ့ စစ်သားတွေက
ဂိတ်ပေါက်တစ်ခုကနေ ဝင်ကမ္ဘာထဲရောက်သလို
သံသရာလည်ပြီး ထွက်ပေါက်တွေ့ဖို့ခက် ပုံစံတူ
လှေကားတွေပဲထပ်တလဲလဲတက်နေရပါတယ်
အောက်ကိုဆင်းလို့မရပါဘူး
အောက်ကိုဆင်းသွားရင် အောက်ထပ်ရောက်တဲ့အခါသေတာပါပဲ
နောက်ပြီး ဂိတ်ပေါက်ကနေထွက်လာရင်လည်း
ဒီစစ်ကွင်းပြင်နေရာကိုပဲပြန်ရောက်လာတာပါ
ဝင်ကမ္ဘာလိုမျိုးဖြစ်နေတာပါ
အဲ့ဒီဂိတ်ကိုရောက်သွားတာက ရန်သူ့စခန်းကိုဝင်စီးပြီးမှပါ
သူတို့အဖွဲ့လာခဲ့တဲ့ တာဝန်ကတော့
ရန်သူ့စခန်းကိုဝင်စီးပြီး တွေ့သမျှသူတွေအကုန်သတ်
ရသမျှသတင်းအချက်အလက်တွေယူဖို့
စစ်ဆင်ရေးနဲ့လာခဲ့ပါတယ် အဲ့ဒီ့စခန်းမှာရောက်တော့
အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ကို
မသတ်သင့်ဘဲ စတန်ဒန်ရဲ့ခေါင်းမာမှုကြောင့် ပစ်သတ်လိုက်ပါတယ်
ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ အဲ့အမျိူးသမီးကို ဒေသခံတွေ
သေမင်းတမန်တော်ဆိုပြီး သမုတ်ကြတာပါ
စောနကအပေါ်မှာရေးခဲ့သလိုပဲ သူတို့ဟာ ဒီအချိန် ဒီနေ့ရက်ကိုပဲ
ပြန်ပြန်ရောက်ရောက်လာတာနဲ့ကြုံနေရတာပါ
အဲ့ဒီ့ အဖမ်းခံထားရတဲ့ သေမင်းတမန်လို့ခေါ်ကြတဲ့
အမျိုးသမီးကို မသတ်ခဲ့ရင်သူတို့အနေနဲ့ အသက်ရှင်ဖို့
လမ်းစကိုတွေ့နိုင်မှာလား ဘာတွေဆက်ဖြစ်ကြမလဲ
အဲ့ဒီ့အမျိုးသမီးကိုရော ကယ်တင်နိုင်မှာလား
လှေကားထစ်တွေမှာ ရွာလည်ပြီး အစကိုပြန်ပြန်ရောက်သွားတော့ရော
သူတို့ကို ဘာတွေက ဒုက္ခပေးအုံးမှာလဲ
သူတို့နဲ့ သူတို့ရဲ့တခြားဘဝတွေပြန်တိုက်ခိုက်ကြမှာလား
ဘယ်လိုတွေဇာတ်သိမ်းမလဲဆိုတာကို
ကြည့်ရှုခံစားရမှာဖြစ်ပါတယ်
File Size
IMDb 5.9/10
Rotten Tomatoes 63%
Grene – Horror/Sci-fi
Duration – 1:40:00
Translator – Pyae Shan Tun Wai
Encoder – XCode
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။