Spy X Family Code: White (2023)
Genre – Anime, Action, Comedy
IMDB – 7.4/10
MyAnimeList – 8.1/10
ချစ်စရာကောင်းတဲ့ Anya လေးတို့ မိသားစု ဒီတစ်ခါမှာတော့ စီးရီးအနေနဲ့မဟုတ်ပဲ
ရုပ်ရှင်ကားအဖြစ် ရုံတင်ခဲ့တာ အခုတော့ အကြည်ထွက်လာပြီဖြစ်လို့CM ပရိသတ်တွေအတွက်
ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ရပါတယ်။
ဒီကားလေးက အရှေ့ပိုင်းမှာ သူတို့မိသားစုလေးအကြောင်းကို အကြမ်းဖျဉ်းလေး ရှင်းပြထားတာပါပြီး
သီးသန့် Missionလုပ်ကြတဲ့ဇာတ်အိမ်လေး ဖြစ်နေတော့ စီးရီးမကြည့်ဖူးတဲ့လူတွေလည်း
အဆင်ပြေလောက်မယ်ထင်ပါတယ်။
ဒါပေမဲ့လည်း ထွက်ခဲ့သမျှ S2 ထိ ကြည့်ထားရင်တော့ ပိုကောင်းတာပေါ့လေ CM မှာလည်း အကုန်တင်ဆက်ပေးထားပါတယ်ဗျ။
ထုံးစံအတိုင်း သူလျှိုဖေဖေကြီး Loid ရယ် လုပ်ကြံသတ်ဖြတ်ရေးသမား မေမေကြီး Yor ရယ် သူများစိတ်ကို ဖတ်နိုင်တဲ့
Anya တို့ မိသားစု ဒီတစ်ခေါက်တော့ နှင်းတွေကျပြီး အေးချမ်းတဲ့ Frigis မြို့လေးကို မိသားစုလိုက် ခရီးထွက်ပြီး ပြဿနာရှာကြမှာပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ Strix စစ်ဆင်ရေးလုပ်နေတဲ့ Loid ကို တာဝန်ကနေ ရပ်စဲခိုင်းပြီး လူစားထိုးပါတယ် သဘောကတော့ ဒီ ဟန်ဆောင်မိသားစုလေးကို ဖျက်သိမ်းရတော့မှာပါ။ ဒီအချိန်မှာ Anya တို့ကျောင်းက အချိုပွဲပြိုင်ပွဲမှာ ပထမဆု အနိုင်ရမယ်ဆိုရင် Stella ကြယ်ရမှာ ဖြစ်တဲ့အတွက် Loid အနေနဲ့ သမီးဖြစ်သူ Anya နဲ့အတူ ကြယ်ရဖို့ ဒိုင်လူကြီးဖြစ်သူ ကြိုက်တဲ့ မုန့်တစ်မျိုးရှိရာ မြို့လေးကို ခရီးဆက်ကြပါတော့တယ်။
ဒီအချိန်မှာ အလုပ်ကနေ ဖောက်ပြန်တတ်တဲ့ယောက်ျားတွေအကြောင်း ဂျင်းမိလာတဲ့ မိန်းမဖြစ်သူက တစ်မျိုး၊ ခရီးသွားနေစဉ် ရထားပေါ်မှာ
ငတ်ကြီးကျရာကနေ ပြဿနာအကြီးကြီး ရှာလာတဲ့ သမီးတော်က တစ်မျိုး၊ ကိုယ့်ဘာသာကိုယ် နေရာပျောက်မှာရယ် ဌာနက ထပ်တိုးတာဝန်ပေးလိုက်လို့ ဖိအားပေါင်းစုံဝင်ပြီး ဗျာများနေတဲ့ Loid တို့ မိသားစုလိုက်ကြီး ပျော်ပျော်ပါးပါး သူများမြို့မှာ ပြဿနာတွေရှာ ပေါက်ကရတွေလုပ်ပြီး နိုင်ငံတော်အဆင့်
လျှို့ဝှက်ချက်တွေနဲ့ ဘယ်လိုပတ်သက်မိပြီး စွန့်စားခန်း ထွက်ကြမလဲဆိုတာ ၂ နာရီနီးပါး အားရးပါးရ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
ခါတိုင်းလိုပဲ မိသားစု ၃ ယောက်ကို Role ညီတူမျှတူလေး ခွဲထားပြီး အူတက်အောင် ခွီနေရမယ့် Anya ရဲ့ ချစ်စရာ ဟာသတွေ
Romance ဆန်ဆန် ပါဝင်လာတဲ့ Loid နဲ့ Yor တို့ အကြောင်းလေးတွေ လိုအပ်တဲ့အချိန် နှစ်ယောက်သား ကလေးအတွက်
ရှယ်ကြမ်းပြ ရမ်းပြတာတွေကို ကြည့်ရမှာဖြစ်လို့ Code White ကတော့ အနှစ်ပါလို့ ပြောရင်း နိဂုံးချုပ်ပါရစေဗျာ။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်ဗျ)
File size… 1.8GB/ 915MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….1h 50m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Thura Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။