Channel Myanmar

SPL II: A Time for Consequences (2015)

Saat po long 2    

2h ActionAdventureCrime

6.7
IMDB: 6.7/10 6,021 votes

, ,

3 wins & 6 nominations.

China | Hong Kong

369996

Report error

SPL II: A Time for Consequences (2015)
IMDb – 6.7/10_____Rotten – 100%

 

442

ထိုင်းမင်းသား TONY JAA နဲ့ အခြားသောနာမည်ကြီးမင်းသားတွေပါဝင်ထားတဲ့
IMDB Rating (6.7/10) ရရှိထားတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားပါ။
အက်ရှင်ပရိသတ်တွေအတွက် အမှန်အကန်အက်ရှင်ကြည့်ရမယ့် ဇာတ်ကားသစ်လေးတစ် ကားဖြစ်ပါတယ်။ လျှို့ဝှက် ရဲစုံထောက် ချန်ချီကစ် ဟာ မှုခင်းတွေကို ကြိုးကိုင် ညွှန်ကြားနေ တဲ့ မစ္စတာဟောင် ဆိုသူကို ဖမ်းဆီးနိုင်ဖို့ အတွက် ဆေးသမား အယောင်ဆောင်ပြီး စုံစမ်းခဲ့ပါတယ်။ အဲဒီနောက်တော့ ကစ် ရဲ့အခြေအနေမှန်ပေါ်သွားပြီး မျက်မြင် သက်သေလည်း ပျောက်သွားခဲ့ပါတယ်။ လူဆိုး ဂိုဏ်းအဖွဲ့ဟာ ကစ်ကို ပြန်ပေးဆွဲ ခဲ့ပြီး ထိုင်းမှာရှိတဲ့ အကျဉ်းထောင်ကို ပို့ပစ် ခဲ့ပါတယ်။ အဲဒီ အကျဉ်းထောင်မှာ ထိုင်း ရဲအရာရှိ ချက်တ်ချိုင် ဟာ အစောင့် တာဝန်ကျ ခဲ့ပြီး သွေးကင်ဆာ ဖြစ်နေ တဲ့ သမီးလေးအတွက် အရေးတကြီး ငွေ လိုအပ်နေသူပါ။ သူဟာ ကစ် ကို စောင့်ကြည့်ဖို့ အတွက် တာဝန်ပေးခံရပြီး အကျဉ်းသား နဲ့ ထောင်ဝန်ထမ်းဆို တဲ့ ဆန့် ကျင်ဘက် အခြေအနေကြောင့် တစ်ကြောင်း၊ ဘာသာစကားမတူ ညီတာကြောင့် တစ်ကြောင်း နှစ်ယောက်သား စကားတောင်မ ပြောကြပါဘူး။

 

 

ဒါပေမဲ့ လည်း အခြေအနေ တစ်ရပ်က သူတို့နှစ်ယောက်ကြား အပြောင်းလဲ ကြီးပြောင်းလဲ စေခဲ့ပါတယ်။ အဲဒါ ကတော့ ချိုင် ရဲ့သမီးလေး သွေး ကင်ဆာရောဂါ အတွက် ရိုးတွင်းခြင်ဆီ အစားထိုး ကုသဖို့ကို ကစ် က ကူညီပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ချိုင် ဟာ ကစ် အသက်အန္တရာယ် ကင်းနေစေဖို့ အတွက် အစွမ်းကုန်ကြိုးစားနေချိန် မှာတော့ ထောင်မှူး ကတော့ ကစ် ကို အသေသတ် နိုင်ဖို့ အရေးလုပ်ဆောင် ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူဆိုးဂိုဏ်းချုပ်ကြီး မစ္စတာဟောင် က လူ့ ခန္ဓာကိုယ် အစိတ်အပိုင်းမှောင်ခိုမှုမှာ ပါနေတဲ့ အတွက် ကစ် ကိုထောင်မှာ သတ်ဖြတ်ပြီး ကိုယ်တွင်း အစိတ်အပိုင်း ထုတ်ယူချင်တဲ့ အတွက်ပါ။ တစ်ရက်မှာတော့ ကြိုးကိုင် နေသူ လူဆိုးကြီး မစ္စတာဟောင် ဟာ ထိုင်းမှာ လူလုံးပြဖို့ ဖြစ်လာခဲ့ ပါတယ်။ သူ အသက် ဆက်ရှင်ဖို့ အတွက် သူ့ညီ ရဲ့နှလုံး နဲ့ အစားထိုး ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဘာအပြစ်မှ မရှိဘဲ ထောင်ကျနေတဲ့ ကစ် ဟာ ဟောင်ကောင်ရဲ တစ်ယောက် ဆိုတာ ချိုင် သိသွားခဲ့ တဲ့အပြင် သူ့ သမီးအသက် ကို ကယ်တင်ပေး မယ့်သူ ဖြစ်တာကြောင့် ကစ် ထောင်က လွတ်ဖို့အရေး ကူညီပေးခဲ့ ပါတယ်။ လူဆိုးခေါင်းဆောင် မစ္စတာဟောင် ကို ဖမ်းချင် တဲ့ ကစ်တစ်ယောက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင် မှာလား။ ချိုင်တို့ သားအဖ ကို ကစ် က တကယ်ကော ကူညီပေးနိုင် မှာလား ဆိုတာ ကိုယ်တိုင် ခံစားကြည့်လိုက် ပါဦးနော်။

 

 

(ရုပ်ရှင်အညွှန်းကို ohnphwa.com မှကူးယူဖော်ပြပါသည်။)

 

File size…(900MB)
Quality…WEB-DL Rip 720p
Format…mp4
Duration….02:00:17
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

နမူနာကြည့်ရန်


ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies