Southpaw(2015)
Believe in Hope.

Synopsis:
Southpaw(2015)
===========
သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကား
တစ်ကားထွက်လာတယ်…ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက်
Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်…
ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်…
ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့…
ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။
ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။
ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။
တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်…
ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ…
ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။
လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။
‘ သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း ‘
‘ ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း ‘
ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။
ဒီကားမှာ အဓိကထားပြောချင်တာတော့ JakeGyllenhaal ပါပဲ ဘယ်လိုမှ Jake လို့မထင်မိအောင်ကောင်းလွန်းတယ် ။
လုံးဝအရိုင်းစိုင်းဖိုက်တာကြီးတစ်ယောက် ကြိုးဝိုင်းစင်မြင့်ထက်မှာ အောင်သေအောင်သားစားနေတဲ့ သွေးဆာနေတဲ့ဘောက်ဆာသမားတစ်ယောက်အဖြစ်ပဲမြင်ရမှာပါ ။
နောက်ပြီး Equalizer တို့ Training Day တို့နဲ့ရေလည်လန်းခဲ့တဲ့ ဒါရိုက်တာ Antoine Fuqua ရဲ့ပေါင်းစပ်မှုနဲ့ဆိုတော့ ပြောစရာမရှိတော့ပါဘူး ။
ဒီ Southpaw ဆိုတဲ့ ညာခြေညာလက်အယောင်ပြပြီး ဘယ်ခြေဘယ်လက်သုံးထိုးနည်းဟာ တိကျတဲ့ထိုးသတ်မှုအပေါင်းစည်းပါ ။
ဘီလီအတွက်လဲ အဓိပ္ပာယ်အများကြီးရှိပီး သူ့အတွက်တစိမ်းတရံဆန်တဲ့ ထိုးသတ်မှုမျိုး ။
ချောက်ကမ်းပါးထက်ရောက်နေတဲ့ လူတစ်ယောက်ရဲ့အားမာန် ငါမလုပ်ရင်မဖြစ်ဘူး ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ motivational sense တွေအများကြီးပါတဲ့ Southpaw…
တချိန်က Eminem ကို သရုပ်ဆောင်ဖို့ဖြစ်စေခဲ့တဲ့Southpaw…
Rap God ကြီး Eminem ရဲ့ Soundtrack တွေနဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ ဘဝခရီးကိုခံစားကြည့်ကြပါ….။
(အညွှန်းရေးသူကတော့ Hein That Naing ဖြစ်ပါတယ်)
File size__( 2.5GB) and ( 964MB)
Quality__Blu-Ray 1080p5.1Ch, 720p
Format__mp4
Duration__02:3:48
Type__Drama , Sport
Subtitle__Myanmar Subtitle (Hardsub)
Translated by Themes
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။