Soul of Blades ( 2021 )

Synopsis:
“ဓားကိုသွန်းမလုပ်ခင် ဓားဝိညာဥ်ကိုအရင်သွန်းလုပ်ရတယ်။
ဒါမှ ဓားနဲ့ဓားပိုင်ရှင်ဟာတစ်ထပ်တည်းကျပြီး အချင်းချင်းဆက်သွယ်နိုင်တယ်” တဲ့။
နန်ကုန်းအိမ်တော်ကသွန်းလုပ်တဲ့ လောကမှာအကောင်းဆုံး
ပထမတန်းစားဓားလို့ညွှန်းဆိုရလောက်တဲ့ ရွှေရောင်ဓားဟာ
ထိပ်သီးသိုင်းသမားချင်ယိယောက်ရဲ့လုယူသွားခြင်းကိုခံရပါတယ်။
ဓားရဲ့ဂုဏ်သတင်းကြောင့် သိုင်းလောကလူအများရဲ့ပစ်မှတ်ထားခြင်းကိုခံရပြီး
လူပေါင်းများစွာဟာအဲ့ဒီဓားနောက်လိုက်နေကြပါတယ်။
ချင်ယိသောက်ဟာတစ်လောကလုံးနဲ့တစ်ယောက်တည်းဖြစ်နေပြီး
ထွက်ပြေးပုန်းရှောင်ရပါတော့တယ်။
ကံကြမ္မာဆုံချင်တော့ ထွက်ပြေးတဲ့လမ်းမှာ
ခွေးလေးလို့ခေါ်တဲ့သူတောင်းစားလေးနဲ့တွေ့ခဲ့ပြီးသားအဖြစ်မွေးစားခဲ့ပါတယ်။
တရားမျှတမှုမရှိတဲ့လောကကြီးမှာ သူတို့သားအဖရှင်သန်နေထိုင်လာရင်း
နန်ကုန်းအိမ်တော်ရဲ့သခင်မလေးဟာ သူတို့ကိုတွေ့သွားပါတော့တယ်။
နန်ကုန်းသခင်မလေးဟာ ချင်ယိသောက်ရဲ့မွေးစားသားကို
မာယာနဲ့ချဥ်းကပ်ပြီး မွေးစားအဖေကိုပြန်သတ်အောင် သွေးထိုးပေးချိန်မှာတော့…
သိုင်းလောကအရှုပ်အထွေးနဲ့အတူ အချစ် အမုန်း
ရန်ငြိုးတို့ရဲ့ကြားမှာ ကလဲ့စားဟာဘယ်လိုအဆုံးသတ်လေမလဲ။
ဆန်းကြယ်တဲ့ ပထမတန်းစားဓားရဲ့လျှို့ဝှက်ချက်ကရောဘာလဲ။
နောက်ဆုံးမှာလောကပထမဓားကိုဘယ်သူက
ပိုင်ဆိုင်သွားပြီး ရှုပ်ထွေးနေတဲ့လောကကို ကယ်တင်နိုင်မလဲ။
ဘယ်သူက သူရဲကောင်းအစစ်အမှန်ဖြစ်လေမလဲဆိုတာ ကြည့်ရှုလိုက်ကြရအောင်။
[ Reviewed By Yin Wai Phyo ]
Quality : WEB-DL 1080p , 480p
Format : mp4
Genres : Action , Fantasy
Runtime : 1h 30 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။