Exit print mode Print Data A+ A- Undo all

Sorcery (2023)

Sorcery (2023)Sorcery (2023)

Synopsis:

442

“မှော်အတတ်”

မှော်အတတ်ဆိုတာမျိုးက ရိုးရာမျိုးနွယ်တွေကနေ လက်ဆင့်ကမ်းဆင်းသက်လာတာများပြီး လက်ခံသူ ၊လက်မခံသူကွဲနေတတ်တာက အရင်တည်းက ရှိလာခဲ့တာပါ။ လက်မခံသူတစ်ဖက်ပိတ်အများစုက မှော်ဆိုတာ ရွံကြောက်စရာ၊နိမ့်ကျတဲ့အရာ၊ မယုံတမ်းလုပ်ကြံထားတာတွေလို့တွေးတတ်ကြတယ်။ လက်ခံကျင့်သုံးနေကြသူတွေအတွက်ကျ ရိုးရာကိုထိန်းသိမ်းရာလည်းရောက်မယ် သတ္တဝါတွေကိုလည်းအကူအညီပေးနိုင်ရာရောက်တယ် စတဲ့အကြောင်းတွေနဲ့ လက်ဆင့်ကမ်းယုံကြည်လာခဲ့ပါတယ်။

သို့ပေမဲ့ ဆန့်ကျင်သူ ၊ လူနည်းစုကျင့်သုံးသူ ဆိုပြီးအုပ်စုနှစ်ခုကွဲပြီး ဆန့်ကျင်သူတို့ဖက်ကအင်အားကြီးလာတော့ ကျင့်သုံးသူတို့ကို မတရားဖိနှိပ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတည်းကဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေကိုမျက်မြင်ခံစားကြည့်လို့ရအောင် ဒါရိုက်တာ Christopher Murray က ၁၉ရာစုဝန်းကျင် ချီလီနိုင်ငံက ဟွီလီချီဆိုတဲ့ လူမျိုးအကြောင်းအခြေခံရိုက်ပြပေးထားပါတယ် ၊

ဇာတ်ဆောင်က ဟွီလီချီလူမျိုး၊လူဖြူတွေရဲ့အစေခံမလေး ရိုဆ ဆိုတဲ့ ၁၃နှစ်သမီးလေးပါ ။အဖေကမှော်အတတ်တွေလုပ်တယ်လို့စွပ်စွဲခံရပြီးသူ့ရှေ့တင်အရှင်လတ်လတ်ခွေးကိုက်သတ်ခံလိုက်ရတာပါ။ ဆိုတော့ ငယ်ရွယ်တဲ့ရိုဆလေးခမျာအဖေ့အတွက်တရားမျှတမှုရအောင် ကြိုးစားတဲ့ခရီးစဉ်စတင်ပါတော့တယ်။ အရင်ကလူပတ်ဝန်းကျင်နဲ့ဝင်ဆံ့အောင် ခရစ်ယာန်ဘာသာကျင့်သုံးခဲ့တဲ့ ရိုဆဟာ နောက် သူ့မျိုးနွယ်တွေနဲ့တွေ့ပြီး ကိုယ့်ရိုးရာ ကိုယ်ကျင့်သုံးကာ သူတို့ကို ဖိနှိပ်ခဲ့တဲ့လူတွေကိုဘယ်လို လက်စားချေမလဲ …. နက်နဲပြီး ဇာတ်အေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်

 

File size…(1.5 GB)/(740 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:40:00
Genre…Fantasy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Mia

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
230.031
Status
Released
ID IMDb.com
tt20395798
IMDB Rating
6.1
ID Themoviedb.org
977246
TMDb Rating
6.192
TMDb votes
13