Song Lang (2018)
80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက
Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊
အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။
ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။
ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။
လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊
စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း
လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။
အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။
ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ…
အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့
သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။
Genre….. BL, Drama, Romance
Quality…. 1080p | 720p
File size… 1.9GB | 683MB
Format… mp4
Duration…. 1h 53min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Mary Christ
Encoder ….. Aaron
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။













![[18+] Sisid (2022)](https://www.channelmyanmar.to/wp-content/uploads/2023/07/MV5BNDQwYTBjODUtZmMwNy00MTg2LWEwN2UtZDA3MTNhY2I1OThjXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_-133x200.jpg)











![[18+] My Father, Myself (2022)](https://www.channelmyanmar.to/wp-content/uploads/2023/07/MV5BMTBjY2VhZmUtNGNjYi00MmZiLWE5ZWEtNjRhZTc3YWQ5MGNhXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_-160x200.jpg)















