Son of Rambow (2007)
Make Believe. Not War.

Synopsis:
ဒီကားလေးကိုစကြည့်မိတော့ကျွန်တော်တို့ယောက်ျားလေးတွေငယ်ငယ်တုန်းက ကစားတာတွေကိုသွားသတိရမိတယ်
စစ်တိုက်တမ်းကစားရင်ဟိုဘက်နဲ့ဒီဘက်ခဲတွေပစ်ပြီးဆော့တာပေါ့
လေသေနတ်တွေစပေါ်လာတုန်းကဆိုရင်လေသေနတ်နဲ့ပစ် နွေရာသီဆိုစွန်လွှတ်် ဂျင်ပေါက် အရုပ်ပစ် နဲ့ ဒီကြားထဲစမတ်ဒေါင်းကွဆိုပြီးချသေးတာပဲ
ရုပ်ရှင်ကြည့်ပြီးရင် ကိုယ်ကြိုက်တဲ့ဇာတ်ကောင်တွေဆိုအတုခိုး သူ့အတိုင်းလိုက်လုပ်နဲ့စဉ်းစားရင်းပျော်ဖို့ကောင်းခဲ့တာ ဒီကားမှာလဲအဲ့လိုပဲ ဝီလီယံဆိုတဲ့ကောင်လေးတစ်ယောက် ကျောင်းမှာဆိိုးပေတေတဲ့လီကန်တာအိမ်ကိုရောက်သွားပြီး ရမ်ဘိုကား FIRST BLOOD ဆိုတဲ့ဇာတ်ကားကိုကြည့်မိပြီး စတော့တာပဲ
နဂိုကတည်းကပုံဆွဲဝါသနာပါနဲ့သူ့ကိုယ်သူရမ်ဘိုရဲ့သားဆိုကိုယ့်ဟာကိုဇာတ်လမ်းရေးထားတာရုပ်ရှင်ဇာတ်လမ်းဝင်ပြိုင်မယ့်လီကန်တာလဲဇာတ်လမ်းကြိုက်ပါတယ်ဆိုပြီးရိုက်တော့တာပဲ
သူတို့ဘယ်လိုရုပ်ရှင်ရိုက်ကြလဲဆိုတာဇာတ်လမ်းထဲမှာကြည့်ပေါ့နော်
ဟာသခန်းလေးတွေလဲပါတယ်သူတို့ရုပ်ရှင်ရိုက်တာကိုကြည့်ပြီးငယ်ငယ်ကကမြင်းကြောထတာတွေတောင်သတိရမိတယ်
ကျောင်းမှာဆော်ကြည်ဘဲ ပြင်သစ်ကလာတဲ့ ဒီဒီယာတစ်ယောက်ဝီလီယံတို့ရိုက်မယ့်ဇာတ်လမ်းထဲမှာဝင်ပါပါရစေဆိုပြီးဝင်ရိုက်ပါတယ်
ကန်တာကအမြင်ကတ်တော့ပြသနာတွေဖြစ်တော့တာပဲနောက်ဆုံးမှာ dramaပုံစံမျိုးလေးနဲ့ဇာတ်သိမ်းထား တယ်ဇာတ်ဆောင်က ကလေးတွေပဲဆိုပြီးအထင်မသေးပါနဲ့ IMDB rating 7 ရထားတဲ့ဇာတ်ကားကောင်းလေးပါ
ကဲကျွန်တော်တို့ကလေးဘဝကိုတစ်ခေါက်လောက်ပြန်သွားကြတာပေါ့
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)
Quality : Blu-Ray 720p
Running Time : 1hr 36min
Format : Mp4
Genre : Action, Adventure, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264-iNFAMOUS
Translated by Tin Myo Lwin
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။