Sommersby(1993)
She knew his face. His touch. His voice. She knew everything about him... But the truth.

Synopsis:
Sommersby(1993)အညွှန်း
********************
(zawgyi)
လှပသောရုပ်ရှင်ကြောင့် ခံစားမှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ…
(unicode)
ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်….ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်….သူ့ဇနီးနှင့် ကလေးဖြစ်သူက ဂျက်ကို အံအားသင့်စွာဖြင့်ကြိုဆိုကြသည်….ဂျက်ကိုသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ တစ်ရွာလုံးကတော့ ဝိုင်းဝန်းကြိုဆိုကြသည်….
ဒီနေရာမှာ ဘာထူးထူးဆန်းလာလဲဆိုတော့ ဂျက်ရှိစဉ်ကထဲက မွေးထားတဲ့ခွေးက စိမ်းစိမ်းကားကား ထိုးဟောင်ခဲ့တယ်…ပြီးတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ချုပ်တော့လည်း ဖိနပ်အတိုင်းကို
မှတ်မိနေတဲ့ဆိုင်ရှင်က ဆိုက်သေးသွားတယ်နော်လို့မှတ်ချက်ချပြန်တယ်….
ဂျက်ရှိစဉ်ကထဲက သေဆုံးတဲ့သူတစ်ယောက်ရှိတယ်..ဒါကိုလည်းစကားမှားပြီးပြောမိပြန်တယ်….သူဟာ ဂျက်နဲ့တထေရောထဲတူတဲ့သူဖြစ်ပေမယ့် ဂျက်အတုလား အစစ်လား
တကယ့်ကို ဝေခွဲရခက်ပါတယ်…
ဒီကားနဲ့ပတ်သက်ပြီးဇာတ်ကြောင်းက ဒီလောက်ပဲပြောပါရစေ…အတွေးပေါင်းများစွာနဲ့
လှပသောရုပ်ရှင်ကြောင့် ခံစားမှှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ…
ဒီကားဟာ ရစ်ချက်ဂီယာနဲ့ မင်းသမီးကြီး ဂျိုဒီဖော့်စ်စတာတို့ အဓိကသရုပ်ဆောင်ထားပါတယ်.. ရစ်ချက်ဂီယာလို့ မသိကြပေမယ့် Pretty Woman ဇာတ်ကားနဲ့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေရင်းနှီးကြမှာပါ…ဒီကားကိုကြည့်ရင် ဂျက်ရဲ့အပြုအမူ လုပ်ကိုင်ဆောင်ရွက်ပုံတွေ စကားပြောပုံတွေကို အသေးစိတ်ဂရုစိုက်ကြည့်စေချင်တယ်…
ဂျက်ဘာကြောင့်ဒီလိုလုပ်တာလဲ..ဘာဖြစ်လို့ ဒီလိုလမ်းတွေကိုရွေးချယ်ခဲ့တာလဲ…
ဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားတို့ကို အတွေးပေါင်းများစွာ ချန်ပေးခဲ့လိမ့်မယ်…
ဂျက်လုပ်တာမှန်ရဲ့လား….ငါသာဆိုရင် ဒီလမ်းကိုရွေးချယ်နိုင်ပါ့မလား….
တခြားရွေးချယ်စရာတစ်ခုဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား…ဆိုတာမျိုးတွေပေါ့…
ခံစားကြည့်ကြပါ….ခင်ဗျားတို့ နှလုံးသားကို မဖမ်းစားနိုင်ဘူးဆိုရင် သေချာတယ်
ခင်ဗျားတို့နှလုံးသားဟာ ကျောက်သားတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ….
File Size : (1.07GB) and (377 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:54:00
Genre : Mystery, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Initiative
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။