Some Guy Who Kills People (2011)
Your number is up.

Synopsis:
CM ပရိတ်သတ် ကြီးအတွက် လူသတ်ကားလေးတစ်ကား
တင်ဆက်ပေးလိုက်ရပါတယ်။ ဒီကားလေးက ကန် ဆိုတဲ့
လူတစ်ယောက်အကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။
ကန်က မကြာခင်ကမှ စိတ်ဆေးရုံက ဆင်းလာတဲ့ သူတစ်ယောက်
ဖြစ်ပါတယ်။သူ့ကို ငယ်ဘ၀ကတည်းက အနိုင်ကျင့် ယုတ်မာ မှု့တွေကြောင့်
စိတ်ကျန်းမာရေးချို့ယွင်းပြီး စိတ်ကျန်းမာရေး ဆေးရုံ ရောက်သွားတာပါ
အခုတော့ ဆေးရုံ ကနေဆင်းပြီး တော့ ဘာဂါရောင်းတဲ့ ဆိုင်မှာ လုပ်နေပါတယ်။
အဲ့မှာပဲ သူသိခဲ့ရတာက သူ့မှာ သမီးလေးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။
ဒီလိုနဲ့ သူ့သမီးလေးကို ချစ်ဖို့ နားလည်ဖို့ ကြိုးစားရင်းနဲ့ ကန်တစ်ယောက်
နေထိုင်နေပါတယ်။ ဒီလိုနေထိုင်နေတဲ့ အချိန်မှာပဲ ကန်ကို အနိုင်ကျင့်
စိတ်ကျန်းမာရေးဆေးရုံပို့တဲ့ လူတွေဟာ တစ်ယောက်ပြီး တစ်ယောက်
ရက်ရက် စက်စက် အသတ်ခံရပါတယ်။ လက်သည်ကို ရှာမရပါဘူး။
အဲ့အချိန်မှာပဲ ကန်တို့မြို့က ရဲမှုးက ကန် အမေ့ ဆီကို လာရင်းနဲ့
ကန်က လူသတ်သမားဖြစ်မယ်ဆိုတာ သံသယ ၀င်လာပါတယ်။
ရှာလို့ရသမျှ သက်သေတွေ အထောက်အထားတွေ အကုန်လုံးက
ကန်ဆီကိုပဲ ဦးတည် နေပါတယ်။ ဒီအချိန်မှာပဲ ကန် တစ်ယောက်
ပြစ်မှု့ကျုးလွန်တဲ့ နေရာမှာ ငြင်းလို့မရတဲ့ အနေအထားတစ်ခုမှာ
ရှိနေတာကို ကန်ရဲ့ သမီးလေးက တွေ့သွားတဲ့အခါ……
သမီးလေး ဆီက အချစ်တွေ နားလည်မှု့ တွေ ရယူပြီး အေးဆေးတဲ့
ဘ၀လေးတစ်ခု တည်ဆောက်ချင်နေတဲ့ ကန်တစ်ယောက် ဘယ်လိုတွေ
ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှု့ရမှာပါ။
File Size : (800 MB) and (300 MB)
Quality : WEB-DL 720p
Running Time : 1hr 35min
Format : Mp4
Genre : Comedy, Crime, Drama
Subtitle : Myanmar Subtitle (Hard Sub)
Encoded by A_Z
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။