Channel Myanmar

So Cold the River (2022)

Uncategorized

4.5
IMDB: 4.5/10 2300 votes

163394

Report error

So Cold the River (2022)
====================

ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန်
လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။
တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။
သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ
အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။

442

ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့
အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။
သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး
မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း
ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့
မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို
ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။

ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ
ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ်
ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို
ဆက်စပ်ကြည့်ရင်းနဲ့… အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ
ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော
ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

File Size……….(983 MB) / (486 MB)
Quality…………WebRip 1080p / 720p
Duration………1Hr 35mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama, Horror, Thriller
Translator…….Jo Jo Va
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies