Snoopy Presents: Welcome Home, Franklin (2024)


Synopsis:
နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့
အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေး
တင်ဆက်ပေးချင်ပါတယ်ဗျာ။
Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန်
ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanut
ဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်
ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာ
စစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကို
ရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklin
လေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေ
ခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…
ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။
တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကို ရောက်လာတော့
ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေး
နည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်း
မရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေး
ကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklin
တစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင်
သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူ
ဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲ
ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။ မိသားစုနဲ့ အတူတူ
ကြည့်နိုင်ပြီးတော့ သူငယ်ချင်းမေတ္တာအကြောင်းကိုလည်း
ပညာပေး ပုံဖော်ထားတဲ့အတွက် ကလေးတွေကို ပြဖို့ဆိုရင်လည်း
အသင့်တော်ဆုံးပါပဲ။
File size…606MB / 272MB
Quality…WEB-DL 1080p 5.1 CH/ 720p
Format…mp4
Duration….39m
Genre ….. Animation
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eainmat
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။