Singularity


Synopsis:
ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်….
ထူးချွန်တဲ့သိပ္ပံပညာရှင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့နည်းပညာတွေကိုတိုးမြှင့်ဖို့အတွက်
အကောင်းဆုံးဆိုတာကိုလုပ်ဆောင်ချင်လာကြပါတယ်…
ဒါကြောင့်လည်း သူတို့ရဲ့အကောင်းဆုံးပေးဆပ်မှု့တွေကိုခံစားဖို့အတွက်
အဆုံးဆိုးနဲ့ သဘာဝတရားကြီးကိုဖျက်ဆီးနေကြတာ လူသားတွေဆိုတာကို ယုံကြည်လာကြပါတယ်…
တစ်နေ့မှာတော့ သူတို့ရဲ့အကြီးမားဆုံးတီထွင်မှု့အတွက်သူတို့အသက်တွေကိုပေးဆပ်လိုက်ကြပြီး
မကောင်းဘူးလို့သတ်မှတ်ထားခဲ့ကြတဲ့လူသားမျိုးနွယ်ကို တစစီဖျက်ဆီးခဲ့ပါတယ်…
ခံစားချက်ရှိပြီး ဆိုးရွားတာတွေကိုပဲလုပ်နေတဲ့လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကိုအစားထိုးပြီး
ကမ္ဘာကိုသာယာအောင်ဖန်တီးနိုင်ကြမယ်လို့လည်းသူတို့ယူဆခဲ့ကြပါတယ်….
ဒါကြောင့်လည်း လူသားမျိုးနွယ်ကိုဖျက်ဆီးပြီး လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကို
အစားထိုးခဲ့ပါတယ်…
သူတို့ဟာဥာဏ်ကြီးရှင်တွေဖြစ်တဲ့အတွက် ထာဝရမသေဆုံးနိုင်တဲ့ အရာတွေအဖြစ်တည်ရှိနေကြပြီး
နောက်ဆုံးကျန်တဲ့ လူသားမျိုးနွယ်များရှိတယ်လို့ယူဆရတဲ့ မြို့လေးတစ်မြို့ကို
သူတို့ရဲ့နည်းပညာမြင့် စက်ရုပ်တစ်ရုပ်နဲ့အစားထိုးပြီး သွားရောက်ဖျက်ဆီးဖို့ကြိုးစားကြမှာပဲဖြစ်ပါတယ်…
ဒီကားလေးထဲမှာပေးချင်တဲ့ အချက်ကတော့ သူတို့ယူဆချက်တွေဟာတချို့တ၀က်သာမှန်ကန်ခဲ့ပါတယ်…
နောက်ပြီးလူသားတိုင်းပဲ ခံစားချက်ရှိတာမဟုတ်ပါဘူး…
လူသားမဟုတ်တဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်တောင် အချစ် ဆိုတဲ့ထူးဆန်းတဲ့အရာနဲ့ကြုံတွေ့လာတဲ့အခါ
ပြောင်းလဲမှု့တချို့ဟာစတင်လာခဲ့ပါတော့တယ်….
ဒါကြောင့် သိပ္ပံကားထူးထူးဆန်းဆန်းလေးနဲ့ စက်ရုပ်ကားတွေကြိုက်တဲ့လူတွေအတွက်ကတော့
အတိုင်းတာတစ်ခုထိစိတ်ကျေနပ်မှု့ရစေမယ့် ကားလေးဖြစ်ပါတယ်….
File Size : (794MB) and (275 MB)
Quality : 720p Web DL
Running Time : 1hr 32min
Format : Mp4
Genre :Sci-Fi
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p Web DL
Translated by Thet Htar Phyu
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။