Channel Myanmar

Report error

Single 8 (2023)

442

ဒီရုပ်ရှင်က ခမ်းခမ်းနားနားရုပ်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ခမ်းခမ်းနားနားရုပ်ရှင်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ရုပ်ရှင်။ အဲဒီခမ်းခမ်းနားနားရုပ်ရှင်ဆိုတာက ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်တဲ့ Star Wars ။ အမေရိကန်မှာပြပြီးတစ်နှစ်အကြာ ၁၉၇၈ဇွန်လမှာ Star Warsက ဂျပန်ကိုရောက်လာခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ သမားရိုးကျ သိပ္ပံရုပ်ရှင်တွေရဲ့ သမားရိုးကျပုံစံတွေအားလုံးကနေခွဲထွက်ပြီး ဝေဖန်ရေးသမားတွေချီးကျူးတာခံခဲ့ရတယ်၊။ ဒီဇာတ်လမ်းက Star Warsကနေ အနုပညာဓာတ်ခံနိုးကြားပြီး သူတိုကိုယ်ပိုင် ရုပ်ရှင်ကိုရိုက်ဖိုဆုံးဖြတ်လိုက်တဲ့ ဆယ်ကျော်သက်လေးတွေအကြောင်းပဲ။

ဒီရုပ်ရှင်က ပြောရရင် ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်လေးတွေ ကျောင်းနှုတ်ဆက်ပွဲမှာ ပြဖို ရုပ်ရှင်ရိုက်ကြတဲ့အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်က ၁၉၈၀မတိုင်ခင်ကာလတွေမှာ တည်ထားတယ်။ ဒီကောင်လေးတွေက စစချင်း စပီးဘာ့ချ်ရဲ့ Jawsကို ဝက်ဝံလိုက်တဲ့ ပုံစံနဲ့ ပြောင်းရိုက်ခဲ့တယ်။ တော်တော်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက် စတာဝါးစ်ထွက်လာတော့လည်း စတားဝါးစ်ကို တော်တော်လေးရူးသွပ်ခဲ့ကြတယ်။ စတားဝါးစ်ထဲကလို အာကာသယာဉ်အရုပ်တွေလိုက်လုပ်ပြီး စတားဝါးစ်လို ရုပ်ရှင်ကိုပါ ရိုက်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းနှုတ်ဆက်ပွဲအတွက် ရုပ်ရှင်ရိုက်ရဖို အကြောင်းဖန်လာတဲ့အခါ စတားဝါးစ်လို သိပ္ပံရုပ်ရှင်ကားတစ်ကားရိုက်ပြဖို ကြံခဲ့ကြတယ်။ စတားဝါးစ်လိုကားကို ချစ်လို အဲဒီလိုကားမျိုး ရိုက်ချင်ခဲ့တဲ့ ဆယ်ကျော်သက်လေးတွေ သူတိုရုပ်ရှင်ကားကို ဘယ်လိုအသက်သွင်းလဲဆိုတာကိုပဲ ဒီရုပ်ရှင်တစ်လျှောက်လုံးမှာ ပြထားတယ်။

ဒီရုပ်ရှင်က အကောင်းကြီးတော့မဟုတ်ဘူး ဒါပေမဲ့ တော်တော်ချစ်စရာကောင်းတဲ့ရုပ်ရှင်ပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပဲ။ ဘာပစ္စည်းမှမရှိ ဘာမှမရှိသလောက်ဖြစ်နေတဲ့ အခြေအနေမှာ သူတို ဒီရုပ်ရှင်ကို ရအောင်ဘယ်လိုအသက်သွင်းလဲကြည့်ရင်း ကြည့်နေတဲ့သူပါ ရိုက်ချင်တဲ့စိတ်ရှိခဲ့ရင် ဖြစ်အောင်ရိုက်ပြချင်သွားအောင် လှုဆော်နိုင်တဲ့ ရုပ်ရှင်လိုပြောရမယ်။ ကူးဘရစ် ကူရိုဆာဝါ စပီးဘာ့ချ် ဂျော့လူးကပ်စ်တိုကို homageပေးသွားတဲ့အပြင် တခြားရုပ်ရှင်တွေကိုလည်း ထည့်ချီးကျူးထားတယ်။ ဘာမှတော့ ခမ်းခမ်းနားနားမဟုတ်ပေမဲ့ ရုပ်ရှင်ကိုချစ်ကြတဲ့ လူငယ်တစ်စု ရုပ်ရှင်ရအောင်ရိုက်ဖိုလုပ်ကြတာကို ကြည့်ရတာက တော်တော်လေး အရသာရှိနေတယ်။ သူ့နာမည်က Single 8ကိုက ဖူဂျီကနေထုတ်ထားတဲ့ အပျော်တမ်းသမားတွေသုံးဖိုထုတ်ပေးထားတဲ့ ဖလင်တစ်မျိုးရဲ့နာမည်ပါပဲ။ တစ်ခုရှိတာက ပုံမှန်ဆိုရင် ရုပ်ရှင်ထဲ ရိုက်နေတဲ့ရုပ်ရှင်ကို ရုပ်ရှင်ထဲ သေချာဇာတ်ရည်လည်အောင် မပြကြပေမဲ့ ဒီထဲတော့ သေချာပြသွားတယ်။ ရုပ်ရှင်ထဲက ရုပ်ရှင်ကလည်း ခမ်းကြီးနားကြီးမဟုတ်ပေမဲ့ သိပ္ပံရုပ်ရှင်တွေကို Homageပေးထားတဲ့ အသိအမှတ်ပြုလိုရတဲ့ရုပ်ရှင်လိုပဲ ပြောရပါမယ်။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

File size_(2.5GB)/(1.2B)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:53:00
Genre_Drama
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by WiRa Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Single8 (2023)
Single8 (2023)


No downloads available

Genres



Related movies