Simran (2017)


Synopsis:
Simran (2017)
IMDb – 5.2/10_____Rotten – 70%
Simranရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
Imdb rating 5.2 ရရှိထားပြီး Kangana Ranaut,Sohum Shah,Hiten Kumar တို့
ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။
ပရိသတ်တို့သာ ငွေကြေးအခက်အခဲ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ။
မုန့်ဖိုးလိုတာဆိုရင်တော့ အလုပ်ခဏထွက်လုပ်ရုံပဲလေ။
ခုကားမှာကျတော့ ကိန်းကြီး လိုအပ်နေတာဗျ။
ပြီးတော့ ဒီကားမှာက အိမ်ထောင်ကွဲအမျိုးသမီးဆိုတော့ငွေလိုလာတဲ့အခါ တော်တော် ဒုက္ခတိုးရတယ်ဗျာ။
အဲ့လိုနဲ့ လမ်းမှားရောက်ပြီး လမ်းပျောက်သွားတဲ့ မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းက ဘဝသရုပ်ဖော် ပီသလာတယ်ဗျာ။
ဇာတ်လမ်းကလည်း တစ်ခန်းပြီးတစ်ခန်း ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရမယ့် ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့
ကွာရှင်းထားတဲ့တစ်ခုလပ်တစ်ယောက်ဖြစ်သူ Pratful Patel ဟာ
မိဘတွေနဲ့အတူနေထိုင်ရင်း သူမပိုင်အိမ်တစ်လုံးဝယ်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။
တစ်နေ့မှာတော့ဖခင်ဖြစ်သူနဲ့ရန်ဖြစ်ပြီး Las Vegas ကိုထွက်သွားပါတော့တယ်။
Las Vegasမှာ လောင်းကစားလုပ်ရင်း အစပိုင်းမှာအနိုင်ရရှိခဲ့ပေမယ့်နောက်ပိုင်းမှာအရှုံးကြီးရှုံးပါတော့တယ်။
တဖြည်းဖြည်းနဲ့လောင်းကစားစွဲသွားတဲ့သူဟာ ရှိသမျှပိုက်ဆံအကုန်ကုန်ရုံတင်မက
ငွေတိုးချေးစားတဲ့သူတွေဆီကနေပိုက်ဆံချေးလောင်းကစားလုပ်ခဲ့ပါတယ်။
အကုန်ရှုံးပြီးတဲ့နောက်မှာ အကြွေးပြန်ဆပ်ဖို့အတွက် ဘဏ်ဓားပြတိုက်တဲ့သူတစ်ယောက်ဖြစ်လာပါတော့တယ်။
ဒီကြားထဲ အကြပ်အတည်းဆိုက်နေတဲ့သူမဟာ အချစ်သစ်နဲ့ဆုံစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။
ဒါပေမဲ့သူ တစ်ကယ်ပဲ အချစ်သစ်နဲ့လက်တွဲသွားရမှာလား……
သူမလုပ်ခဲ့တဲ့ဒုစရိုက်မှုတွေပေါ်သွားမှာလား…..
အဆုံးသတ်မှာ ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာ ပရိသတ်တွေပဲကြည့်လိုက်တော့နော်
File Size : (900 MB)
Quality : HDRip 720p
Running Time : 2hr 4min
Format : Mp4
Genre :Crime, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source :1080p HDRip x264 AC3-Hon3y
Translated by Lex Lutho
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။