Shiddat (2021)
Feel the power of love

Synopsis:
Shiddat(2021)
————–
Imdb 7.8/10
အတော်လေး ရိုမန့်ဖြစ်တဲ့ရုပ်ရှင်ကားလို့ပြောရပါမယ်.
အချစ်ကို ဘဝကြီးတခုလို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းနဲ့ ၃၀ကျော်၄၀ဝန်းကျင် လူလတ်ပိုင်းတစ်ယောက်တို့ရဲ့
အချစ်ဇာတ်လမ်းနှစ်ခုကို ဇာတ်လမ်းတပုဒ်အဖြစ် တွဲလျက် တင်ဆက်ထားပါတယ်…
ဇာတ်လမ်းအကျဉ်း
——————
ဂျာဂီက ပျော်ပျော်နေတတ်တဲ့ အားကစားသမားတစ်ယောက်.
တနေ့မှာတော့ ရေကူးနေတဲ့ ကာတီကာကို ကျောင်းမှာတွေ့ရင်း
ကာတီကာ့ကို ချစ်မိသွားတယ် ဆယ်ကျော်သက်အချစ်ဆိုပေမယ့်
ဂျာဂီအချစ်က အတော်လေးလေးနက်ပါတယ်….
ကာတီကာနဲ့ဂျာဂီတို့နှစ်ယောက်က သိပ်ကိုလဲ လိုက်ဖက်တဲ့
စုံတွဲတွေပေါ့…ဒါပေမယ့် အချစ်စစ်တို့လမ်းဟာ
မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း တနေ့မှာ ကာတီကာက
လန်ဒန်က မိသားစုပြန်သွားရပြီး မထင်မှတ်ပဲ မိဘတွေရဲ့
အိမ်ထောင်ချပေးခြင်ကို ခံလိုက်ရပါတယ်….
ဂျာဂီလို အန္ဒိယမှာနေတဲ့လူအတွက် လန်ဒန်ဆိုတာ
သိပ်ဝေးလွန်းပါတယ်…ဒါပေမယ့် ဂျာဂီရဲ့အချစ်တွေကို
နယ်မြေအကွာအဝေးတွေက ကန့်သတ်မထားနိုင်ပါဘူး…
ဂျာဂီက လန်ဒန်နဲ့အနီးဆုံးဖြစ်တဲ့ ပြင်သစ်ကို လမ်းလျှောက်လိုက်
ကားကြုံစီးလိုက်နဲ့ ကီလိုမီတာပေါင်းထောင်ချီနေတဲ့ ပြင်သစ်ကို ရောက်အောင်သွားခဲ့ပေမယ့်
ဗီဇာမပါတာကြောင့် အဖမ်းခံရပြီး သံရုံးကအရာရှိ ဂေါ်သမ်နဲ့ဆုံခဲ့ပါတယ်…
ဂေါ်သမ်ကတော့ ကွာရှင်းမလို့ဖြစ်နေတဲ့ အိမ်ထောင်ရေးနဲ့ သွေးအေးသွားတဲ့
အချစ်ရေးကြောင့် အချစ်ရေးကို အယုံအကြည်မရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး
ဂျာဂီဘယ်လိုမှရှင်းပြမရတဲ့ လူစားမျိုးပါ…ဂျာဂီတစ်ယောက် လန်ဒန်ကို
ရောက်အောင်သွားနိုင်မှာလား သူကြိုးစားသမျှကိုရော သူ့ကောင်မလေးက အသိမှတ်ပြုရဲ့လား
သံအမတ်ဂေါ်သမ်ကရော ဂျာ့ဂီကို ပြည်နှင်ဒဏ်ပေးမှာလားးစတဲ့မေးခွန်းတွေနဲ့
လူလေးဦးရဲ့ အချစ်အပေါ်ခံယူချက်တွေ ကြိုးစားပုံတွေ အမြင်တွေကိုချပြ
ဖျော်ဖြေထားတဲ့ဇာတ်လမ်းတပုဒ်ဖြစ်ကြောင်း ညွှန်းချင်ပါတယ်
File size…1.43GB / 2.36GB
Quality…720p / 1080p WEB DL 5.1CH
Format…Mp4
Duration….2h 27min
Subtitle….Myanmar Subtitle ( Hard Sub)
Encoder….YK
Translated by Honeyey & YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။