She Said, He Said (2019)


Synopsis:
ဒီဇာတ်လမ်းလေးကတော့ “လီယို” နဲ့ “ရိုဆာ” ဆိုတဲ့
ဆယ်ကျော်သက်လူငယ်လေးနှစ်ယောက်ရဲ့
ပေါ်တူဂီကျောင်းသားအချစ်ဇာတ်လမ်းလေးပါ
လီယိုနဲ့ ရိုဆာနှစ်ယောက်လုံးက ဒီနှစ်ကိုးတန်းနှစ်မှ
ကျောင်းပြောင်းလာကြတဲ့ ကျောင်းသားသစ်နဲ့
ကျောင်းသူသစ်ပေမဲ့ နှစ်ယောက်သားကဆန့်ကျင်ဘက်
ရိုဆာကတော့ ပထမဆုံးရက်မှာ သူငယ်ချင်းမရှိပဲ
ကိုယ်ပျောက်လူသားလိုသူ့ကိုယ်သူခံစားနေရလို့
ဒီကျောင်းကိုရွေးမိတာမှားပြီလားဆိုပြီး စိတ်ဓာတ်ကျသွားတဲ့ကောင်မလေး
လီယိုကတော့ ဘယ်သူနဲ့မှတောင်မသိသေးဘူး
အတန်းထဲစဝင်လာတာနဲ့ အတန်းသားအားလုံးကိုသဘောကျပြီး
ဒီကျောင်းကိုအရမ်းကြိုက်သွားပြီဆိုပြီး ပျော်နေတဲ့ကောင်လေး
ဒီလိုနဲ့ လီယိုနဲ့ရိုဆာတို့ အတန်းထဲမှာ ရှေ့ဆင့်နောက်ဆင့်ထိုင်မိပြီး
လီယိုကရိုဆာ့ကိုအရင်ဆုံးမိတ်ဖွဲ့လိုက်တဲ့အခါ လီယိုတစ်ယောက်
ရိုဆာ့ရဲ့ပထမဦးဆုံးသူငယ်ချင်းဖြစ်လာပါတော့တယ်
She said, He said ဆိုတဲ့အတိုင်း ရိုဆာနဲ့လီယိုတို့ရဲ့
တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အချိန်မှာ
ထုတ်မပြောဖြစ်တဲ့ စိတ်ထဲကခံစားချက်လေးတွေ၊
နောက်ပိုင်းမှာ သူတို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်ကြပုံတွေ၊
ကျောင်းသားဇာတ်လမ်းဆိုတဲ့အတိုင်း ဆယ်ကျော်သက်လူငယ်ကျောင်းသားလေးတွေကြားက
ချစ်စရာသံယောဇဥ်လေးတွေကို ကြည့်ရှုကြရမှာဖြစ်လို့
ပေါ့ပေါ့ပါးပါးကျောင်းသားဇာတ်လမ်းကြိုက်သူတို့အတွက်တော့
ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာပါ
File Size – 838 mb
Quality – web-dl 1080p
Subtitle – burmese
Translator – MTA
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။