Shaolin (2011)
In a land torn by strife, the righteous monks of Shaolin stand as a beacon of hope for the oppressed masses.

Synopsis:
IMDb (6.9) / Rotten Tomatoes (74%)
ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ..
ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊
ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်..
အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ..
ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ..
ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်..
ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်..
စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်..
တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း သံဝေဂရစေခဲ့ပါတယ်..
နောင်မှတတဲ့ နောင်တတရားဟာ မကောင်းတဲ့အရာလို့ အကြမ်းဖျင်းသိထားကြပေမဲ့ အမှန်ဘက်ကို ခြေလှမ်းစဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကိုလည်း မီးမောင်းထိုးပြထားတဲ့အတွက်..
ဘယ်လောက်ဆိုးသွမ်းခဲ့တဲ့လူဖြစ်ပါစေ နောင်တဆိုတာဖြစ်လာရင်တော့ အချိန်မှီပြန်ပြင်ဆင်နိုင်သေးတယ်ဆိုတဲ့အသိတရားကိုရရှိစေမှာပါ…
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ရှောင်လင်ဇာတ်ကားဟာ တရုတ်ကွန်ဖူးအက်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ဒရမ်မာရသခံစားချင်သူတွေအတွက်လည်း လက်မလွှတ်သင့်တဲ့ရုပ်ရှင် ဖြစ်ပါတယ်..
လူဘဝရဲ့ လောကဓံအနိမ့်အမြင့်ကို ကြံ့ကြံ့ခံနိုင်စေဖို့ ဟောကြားခဲ့တဲ့ ဗုဒ္ဓရဲ့ ဒဿနတစ်ချို့လည်းပါဝင်တာမို့ ကြည့်ရှုသင့်တယ်လို့ပဲ တိုက်တွန်းချင်ပါတယ်။ ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ MgKing ပဲဖြစ်ပါတယ်။)
File size…(1.2 GB)
Quality….Blu-ray Rip 720p
Format…mp4
Duration….02:11:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by MgKing
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။