2012 က ထွက်ရှိခဲ့တဲ့ Seven Something ဇာတ်ကားလေးဟာ
ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး Top 20 List ထဲမှာဝင်တဲ့ဇာတ်ကားလေးပါ
ထိုင်းတို့ Ro ပြီဆိုရင် အသေကြွေတယ်မလား..ဒီဇာတ်ကားလေးဟာလည်း
အချစ်ဇာတ်လမ်းလေး သုံးခုကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်
ပထမဆုံးကတော့ ဗီဒီယိုရိုက်တာအရမ်းဝါသနာပါတဲ့ ဒါရိုက်တာဖြစ်ချင်တဲ့
အထက်တန်းကျောင်းသားလေးတစ်ယောက်.သေချာပြောရမယ်ဆိုရင်တော့
Social Media ( Facebook , twitter , instagram ) တွေကိုဘဝမှတ်နေတဲ့
ကျောင်းသားလေးရဲ့အချစ်ဇာတ်လမ်းလေး
ဒုတိယကတော့ ကျော်ကြားမှုကိုမက်မောတဲ့မင်းသမီးတစ်ယောက်နဲ့
အဏ္ဏဝါ ပြတိုက်ကရေငုတ်သမားလေးတစ်ယောက်..သူတို့တွေ
ချစ်ခဲ့ကြပေမယ့် မိန်းကလေးက ကျော်ကြားမှုကိုအလွန်အမင်းပဲ
မက်မောလွန်းတာကြောင့်လမ်းခွဲခဲ့ရတယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကြည့်ရမယ့်အချစ်ဇာတ်လမ်းလေး
တတိယတစ်ခုကတော့.. ခင်ပွန်းသည်ဆုံးပါးသွားတဲ့အသက်၄၀ကျော်
မမကြီးနဲ့ ၂၀ ကျော် အက်စမာရောဂါကြောင့်မာရသွန်ပြေးတဲ့ကောင်လေး
တို့ဇာတ်လမ်းလေး..ခံစားချက်တွေဖြစ်ပေါ်ခဲ့ပေမယ့်
မဖြစ်သင့်ဘူး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဘယ်လိုကျော်ဖြတ်ပြီး
ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြည့်ရမှာပါ..
အချစ်ဇာတ်လမ်းကောင်းလေးတွေကြိုက်နှစ်သက်သူတွေအတွက်တော့
ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်
( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/ ကြည့်လို့ရပါတယ်။)
– Zawgyi-
အညွှန်းနဲ့ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။