Scooby-Doo! and the Cyber Chase (2001)
Like, compu-zoinks!

Synopsis:
Scooby-Doo! and the Cyber Chase (2001)
=============================
IMDb Rating – 7.0/10
ဒီတစ်ခါရုပ်ရှင်လေးမှာတော့ Scooby တို့အုပ်စုဟာ သူငယ်ချင်း
သိပ္ပံကျောင်းသား Eric ရဲ့ တက္ကသိုလ်ကို သွားစရာအကြောင်းဖန်
လာပါတော့တယ်။ အကြောင်းအရင်းကတော့ Game developer
တစ်ယောက်ဖြစ်တဲ့ Eric က Scooby တို့အုပ်စုရဲ့ စွန့်စားခန်းတွေ
အပေါ်မူတည်ပြီး ဂိမ်းတစ်ခုထွင်ထားလို့ပါပဲ။ ရှက်ဂီနဲ့စကူဘီကတော့
ဂိမ်းအဓိကဇာတ်ကောင်ဖြစ်ရတဲ့အရှိန်နဲ့ ဂိမ်းကိုစမ်းဆော့ကြည့်ချင်စိတ်
ငယ်ထိပ်ရောက်နေခဲ့ပါတယ်။
ဒါပေမယ့် Eric ဆီ တကယ်ရောက်သွားတဲ့အချိန်မှာတော့ ထင်ထား
တာနဲ့ တက်တက်စင်အောင်လွဲတော့တာပါပဲ။ ဂိမ်းကို အစမ်းဆော့
ကြည့်ကြဖို့နေနေသာသာ ဂိမ်းဖွင့်ခွင့်တောင် မရကြပါဘူး။ ပြဿနာက
အဲဒီမှာစတာပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Eric ရဲ့ ဂိမ်းတည်ဆောက်မှုမှာ
အဓိကဖြစ်တဲ့ လေဆာပစ်လွှတ်မှုကနေ ဗိုင်းရပ်စ်တစ်ကောင်ခုန်ထွက်
လာခဲ့ပြီး ပြဿနာရှာသွားတာမို့လို့ပါ။ ဂိမ်းထဲကနေ အပြင်လောကအထိ
သက်ရှိထင်ရှား အကောင်လိုက်ထွက်ချလာတဲ့ ဗိုင်းရပ်စ်ကြီးကို ထုံးစံ
အတိုင်း စကူဘီတို့ကပဲ လိုက်ရှာဖမ်းပေးရတော့တာပေါ့။ ဒါပေမယ့် စကူဘီ
တို့သူငယ်ချင်း ၅ယောက်လုံးပါ ဗိုင်းရပ်စ်နဲ့အတူ ဂိမ်းထဲကို အပို့ခံလိုက်ရ
တဲ့အခါမှာတော့ ….
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Hnin Wut Yi ဖြစ်ပါတယ်)
File Size……….(1.5 GB) / (746 MB)
Quality…………WEB-DL 1080p / 720p
Duration………1Hr 14Min
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Animation, Action, Adventure
Translator……Hnin Wut Yi
Encoder……….Zin Phyo Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။