Sam (2015)
How do you get even with a womanizer? Make him a woman!

Synopsis:
အခုတစ်ခါတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတဲ့ ခပ်မြူးမြူး ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ယောကျာ်း ဘဝ ကနေ မိန်းမ ဘဝကိုပြောင်း သွားတဲ့ သူတစ်ယောက်အကြောင်းကို ရိုက်ကူး ပြထားတာပါ
အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒါနဲ့စကားမစပ်ယူတို့ယောကျာ်းတွေထဲက ယောကျာ်းဘဝကနေမိန်းမဘဝပြောင်းချင်တဲ့သူဘယ်နှယောက်ရှိလဲလို့မေးလဲမေးချင်တယ်မေးလဲမေးပလိုက်ပြီ…
ဒီဇာတ်ကားလေးထဲမှာ ဆမ်က မိန်းမလိုက်စားသူလူရှုပ်လူပွေတစ်ယောက်ပါ တစ်နေ့သူ့ရဲ့အချစ်ဆုံးဘော်ဒါကြီးဒေါ့ ရဲ့စေ့စပ်ထားတဲ့စေ့စပ်ပွဲကပြန် မူးမူးရူးရူးနဲ့ဆိုင်တစ်ဆိုင်ထဲဝင်သွားခဲ့ပါတယ် စျေးဆိုင်ရှင်ကြီးနဲ့ဘာညာသာဒကာ
လျှောက်ပြောရင်းမိန်းမတွေရဲ့မကောင်းကြောင်းဘယ်လိုဘယ်သင်းရင်ဖွင့်
ပါတော့တယ် စျေးဆိုင်ရှင်ကြီးကလည်းသူ့ကိုဖြေသိမ့်ရင်း ထူးဆန်းတဲ့အရာတစ်ခုသောက်ခိုင်းခဲ့ပါတယ် နောက်တစ်နေ့မနက်အိပ်ယာထတဲ့အချိန်မှာတော့ဒေါ့ဟာအရမ်းကိုချောမောလှပတဲ့မိန်းမချောလေးတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပါတယ် ကြံရာမရတဲ့အဆုံးမှာတော့သူ့ရဲ့ယောကျာ်းဘဝကိုဖုံးကွယ်ပြီးမိန်းမတစ်ယောက်အဖြစ်ဟန်ဆောင်နေသွားရပုံကိုဟာသဆန်ဆန်လေးကြည့်ရှုရမှာဖြစ်ပါတယ် ယူတို့လည်းသိပ်ပြီးအားကျရင်ဇာတ်ကားလေးကြည့်ပြီးနည်းနာယူကြပါလို့….
အရေအကြီးဆုံးတစ်ချက်ကတော့မိန်းမချောလေးကိုငမ်းမှာဆိုလည်းတကယ်တော့သူဟာဆမ်ဆိုတဲ့ယောကျာ်းအစစ်ကြီးပါဆိုတဲ့အသိတရားလေးဝင်ကြပါဦးလို့့ 🙂
Qty – 720p Bluray
Duration – 1hr 40min
Gern – Comedy / Drama
Review – Pyae Xein Sett
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။