Salaar: Part 1 – Ceasefire (2023)
The most violent men called one man the most violent

Synopsis:
Salaar: Part 1 – Ceasefire (2023)
==========================
WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်
သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့
ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ
၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ
အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား
ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့
မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ
တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ
မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲ
ဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်
ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က
အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါ
တစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ
ပြန်လာကူညီမယ်လို့ ကတိပြုခဲ့ပါတယ် အင်အားရှိသူသာအနိုင်ရတဲ့ နေရာတစ်ခုမှာ
ဒေဗာရဲ့အကူအညီကိုလိုအပ်လာတဲ့အခါမှာတော့….
အဲ့လိုအရှုပ်ထုပ်တွေထဲကို ဖခင်ရဲ့ရန်ငြိုးဟောင်းတွေရှိတာမသိပဲ အိန္ဒိယကို အမေရိက ကပြန်လာခဲ့တဲ့
အာဒယာ(ရှရူသီ) ပါ ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းကတော့ ကြည့်ရင်းနဲ့ပဲခံစားကြဖို့ပြောချင်ပါတယ်
ဘာဟုဗလီတစ်ယောက် ရာမယနမှာ ချာခဲ့သမျှ အတိုးနဲ့ကြမ်းပြထားတာမို့ Prabhas ဖန်များ
တဝကြီးအားပေးနိုင်ကြောင်း သတင်းကောင်းပါးရင်း CM Bollywood ပရိသတ်ကြီးအတွက်
တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကပဲ ကြိုးစားတင်ဆက်ထားပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)
File size…8.34GB / 2.95GB / 1.2GB
Quality…4k HEVC WEB DL / NF WEB DL 1080p /720p
Format…mp4
Duration….2h 55m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။