Safe Haven (2013)
You know it when you find it

Synopsis:
Safe Haven (2013)_____IMDb – 6.7/10
ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့
အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။
အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ပြန်ပြီး ယုံကြည်လာ၊ ချစ်တတ်လာပေမယ့် ထူးဆန်းတဲ့သူစိမ်းတစ်ယောက်က မေးခွန်းတွေလိုက်လံမေးမြန်းလာတဲ့အခါ ကေတီရဲ့အတိတ်ဆိုးက သူ့ကိုပြန်ပြီး
ခြောက်လှန့်လာပါတော့တယ်။
ကေတီ အရင်က ဘာတွေလုပ်မိခဲ့တာလဲ၊ ဒါတွေကို ကေတီတစ်ယောက် ဘယ်လိုကျော်လွှားမလဲ၊ အဲလက်စ်တို့ကရော ကေတီ့ကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာကိုတော့ ဒီချစ်စရာ ရုပ်ရှင်ကားထဲမှာ ဆက်ပြီးခံစားလိုက်ကြပါစို့။
File Size : (950 MB)
Quality : Blu-Ray 720p
Running Time : 1hr 55min
Format : Mp4
Genre : Drama, Romance, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p.BluRay.x264-SPARKS
Translated by May Myat Thu
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။