S1m0ne
A star is... created.

Synopsis:
လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်
Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်
အတော်လေးကို သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့
5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်
ပြန်ကြည့်ခဲ့ရပြန်တယ်…
ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ တင်မယ်ပေါ့ ဆိုပြီး
စိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်…
အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီး
Online မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့
Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်
ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်…
ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်…
ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့
ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့
ဒေဝါလီ ခံနေရပါပြီ အခု ရိုက်လက်စ ရုပ်ရှင် အတွက်လဲသူ့မှာ ရှိသမျှ ပေါင်နှံရောင်းချပြီးပါပြီ…
ဒီလိုနဲ့ ဇတ်လမ်းပြီးခါနီးမှာ ရုပ်ရှင်မင်းသမီး က ချေမိုးပြီး သူလိုချင်တာတွေ မဖြည့်ဆည်းပေးနိုင်တဲ့
ဒါရိုက်တာ နဲ့ ဆက်မရိုက်နိုင်ပါဘူး ဆိုပြီး ထားရစ်ခဲ့တော့တယ်…
မင်းသားကိုလဲ ဖင် မ ရ မင်းသမီးကိုလဲ မျက်နှာမညိုုစေရနဲ့ ဒါရိုက်တာကြီးရဲ့
သည်းခံနိုင်စွမ်းတွေ အကုန်ကုန်သွားပါပြီ မင်းသား မင်းသမီးတွေဟာ တက်သစ်စမှာ
ရိုကျိုးပြီး လိုက်နာကြပေမယ့် အောင်မြင်သွားတဲ့နောက် ချေမိုးပြီး ဒါရိုက်တွေကို
ကောင်းကောင်းကြီး ပညာပေးတဲ့ ခေတ်မှာ ပိုက်ဆံထက် အနုပညာကို မြတ်နိုးတဲ့
ဗစ်တာ တစ်ယောက် ခွေးလုံးလုုံးဖြစ်တော့တာပါပဲ ပြောရရင် ဟောလိဝုပေါကားခေတ်ပေါ့ 😀
ဒီမင်းသမီးများ စောင်ကြီးစောင်ကျယ်ပေါ့ ရတယ် အသစ်လေးတွေ ခေါ်ရိုက်မယ် ဆိုပြီး
အသစ်တွေကို ဆက်သွယ်ကြည့်တော့လဲ သူတို့နာမည်ပျက်မှာဆိုုးလို့ ဘယ်သူမှ ဗစ်တာ နဲ့ တွဲမရိုက်ချင်ကြပါဘူး
ဒါပေမယ့် အဲ့ဒီလို ပေါခေတ်ပျက်ကြီးထဲကနေ ထိုးဖောက်ထွက်ချင်တဲ့ ဗစ်တာ အတွက်
စိတ်ကြိုက် သရုပ်ဆောင်ပေးနိုင်တဲ့ မင်းသမီး တစ်ယောက် ဗစ်တာဆီကို ရောက်ရှိလာခဲ့ပါတယ်
သူကတော့…..
*****************************
ဒီရုုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Ye Zarni Aung ဖြစ်ပြီး
Thit San Khant မှ Encode ပေးထားပါတယ်
File size – ( 850MB )
Quality – DVD Rip 720P
Format – MP4
Duration -1h 58m
Subtitle – Myanmar Subtitle
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။