RV: Resurrected Victims (2017)
VENGEANCE BRINGS THE DEAD TO LIFE

Synopsis:
သေရွာပြန် ဆိုတာကို ပရိသတ်ကြီး ကြားဖူးပါသလား?
“မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ” ဆိုတဲ့ စကားပုံကိုရော ကြားဖူးပါသလား
ဇာတ်ကွက်လှလှလေးတွေ လှည့်ပြတတ်တဲ့ ကိုရီးယားရဲ့ ထုံးစံအတိုင်း ယခု တင်ဆက်ပေမယ့် ဇာတ်လမ်းလေးဟာလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်
မတရားသဖြင့် သေဆုံးခဲ့ရပါတဲ့ နစ်နာသူတွေဟာ သူတို့ကို သတ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို ဥပဒေက အပြစ်မပေးခဲ့ပါလျှင် သူတို့ ကိုယ်တိုင် အပြစ်ပေးဖို့ ပြန်လာတတ်ကြပါတယ် ပြန်လာတဲ့အခါမှာလည်း သူတို့ကို သေစေသူများကိုသာ ရန်ရှာ သတ်ဖြတ်ကြပါတယ်
မိခင်ဖြစ်သူ ချွဲမြောင်စု သေဆုံးသွားပြီးတဲ့နောက်မှာ အမေမကြိုက်တဲ့ အရက်ကိုပင် မသောက်ပဲ တရားခွင်မှာ ရဲဝံစွာ လာဘ်ပေးလာဘ်ယူ ကင်းကင်းနဲ့ အမှုတွေကို ဖြေရှင်းတတ်တဲ့ ဆိုးဂျင်ဟုန်ဟာ ပြတ်သားတဲ့ စုံစမ်းရေးမှူးတစ်ယောက်ပါ…
မိခင်ဖြစ်သူ၏ သေဆုံးမှုကို တရားခံအတုနှင့် အမှုပိတ်လိုက်သောကြောင့်
မကျေမနပ်နှင့် ဆက်လက် စုံစမ်းနေသူလည်း ဖြစ်ပါတယ်…
တစ်ရက်မှာတော့ …
ချွဲမြောင်ဆုဟာ သူ့သေဆုံးမှုအတွက် တရားခံ အစစ်ကို အပြစ်ပေးဖို့ လူ့လောကကို ပြန်ရောက်လာပါတယ် …
သို့ပေမယ့် ထိုအချိန်မှာ ချွဲမြောင်စုပထမဆုံး ရန်ရှာသောသူဟာ သူ့သား ဆိုးဂျင်ဟုန် ဖြစ်နေသောအခါ…
ဆိုးဂျင်ဟုန်က တကယ်ပဲ မိခင်ကို သတ်ခဲ့လေသလား?
ဒါဆို တရားခံကိုရော သူဘာလို့ လိုက်ရှာနေသလဲ?
ခေါင်းဆောင်မင်းသား Kim RaeWon ကလည်း တစ်ခါတုန်းက တက္ကသိုလ် ဇာတ်လမ်းတွဲနဲ့ ပရိသတ် နှလုံးသားကို သိမ်းပိုက်ဖူးသူဆိုတော့ ကြည့်ရတာ ပို အရသာရှိမှာပါ
စိတ်ဝင်စားစရာ ကောင်းတဲ့ Thriller ကားကောင်းလေးမို့ ရှပ်ရှင်ချစ်ပရိသတ်ကြီး လက်မလွှတ်သင့်တဲ့ ကားလေးပါလို့ အကြံပြုလိုပါတယ်…
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ဇွန်လဲ့ဖြူပါ)
File Size : (700 MB) and (320 MB)
Quality : HDRip 720p
Running Time : 1hr 31min
Format : Mp4
Genre :Mystery, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zun Lae Phyu
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။