Exit print mode Print Data A+ A- Undo all

Run Rabbit Run (2023)

Run Rabbit Run (2023)Run Rabbit Run (2023)

Synopsis:

442

Netflix​ ရဲ့နောက်ဆုံးထွက် Psychological Horror ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ Run Rabbit Run က​ သြစတြေးလျ​ရုပ်​ရှင်​ဖြစ်ပြီး​ ဇွန်​ 28​ ရက်နေ့မှာ Netflix​ မှာ​စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Sundance ရုပ်ရှင်​ပွဲတော်​မှာလည်း​ premier အဖြစ်​ပြသခဲ့ပါသေးတယ်။ Succession မှာ​ ပါဝင်ခဲ့တဲ့ Sarah Snook က​ အဓိက​ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်း​အကျဥ်း​ကတော့​ Sarah က​ မျိုး​ဥနဲ့သားအောင်ခြင်းဆိုင်ရာ​ ဆရာဝန်တစ်ဦးဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကိုမယုံကြည်သူ လက်တွေ့ကျသူတစ်ဦးဖြစ်ပါတယ်။
Sarah မှာ​ Mia လို့ခေါ်တဲ့သမီးလေးနဲ့အတူရှိပြီး ခင်​ပွန်းဖြစ်သူ​ Pete​ နဲ့ကွာရှင်းထားပါတယ်။ တစ်နေ့​မှာတော့​ သမီးဖြစ်သူ Mia က​ ထူးထူးဆန်းဆန်းအပြုအမူတွေကို​ ပြုမူလာပြီး​ တစ်နေ့​တခြား​ Mia ရဲ့အခြေအနေက ပိုမိုဆိုးရွားလာချိန်မှာတော့ Sarah တစ်ယောက်​ သူမေ့ထားတဲ့အတိတ်ဟောင်းတစ်ခုရဲ့​ခြောက်လှန့်မှုကို​ ရင်ဆိုင်​ရပါတော့တယ်။
Run​ Rabbit​ Run​ ဇာတ်ကား​က​ စိတ္တဇ​ Horror ဇာတ်ကား​မျိုးဖြစ်ပြီး​ တခြားသော သြစတြေးလျ​ Horror ရုပ်ရှင်များဖြစ်တဲ့ The​ Babadook,​ Relic, Bloody Hell တို့လို Theme မျိုးဖြစ်ပါတယ်။၊ Horror ကားပေမဲ့ ဝုန်း​ဒိုင်းခြောက်လှန့်တဲ့ Jump​scare​ တွေလုံးဝမပါဘဲ Hereditary လိုမျိုး ဖြည်းဖြည်းချင်း​ ဇာတ်​ရှိန်မြှင့်သွားတဲ့ပုံစံမျိုးပါ။
သားအမိ​နှစ်ဦးရဲ့​ အထီးကျန်​ဆန်​တဲ့​ ဆက်နွယ်​မှုအကြားမှာ tension တွေတဖြည်းဖြည်းပေါ်လာပြီး ရုပ်ရှင်​ရဲ့နောက်ဆုံးပိုင်းတွေမှာ ဖြစ်ရပ်​မှန်နဲ့ ထင်ရာမြင်ရာစိတ်ကူးယဥ်မှုတွေအကြား ဝေခွဲ​မရဖြစ်လာတဲ့​ မိခင်​တစ်ဦး​နေရာမှာ​ သရုပ်ဆောင်​တဲ့​ Sarah Snook​ ကို​ ဝေဖန်​သူများက​ ချီး​ကျူးခဲ့ကြပါတယ်။
Horror ကား​ဖြစ်​ပေမဲ့​ Chilling​ ဖြစ်ပြီး​ ပြင်း​ထန်တဲ့စိတ်ခံစားမှုတွေ၊ နောင်တ​တရားနဲ့​ အတိတ်​ရဲ့ခြောက်လှန်မှုတွေအကြား​ လွန်​ဆွဲရုန်းကန်နေရတဲ့ မိခင်တစ်ဦးအကြောင်းကို တင်ဆက်​ထားတဲ့​ Run Rabbit​ Run ဟာ​ Black Swan လို​ Psychological​ Horror ရုပ်ရှင်​မျိုးကို​နှစ်သက်သူတွေအတွက်တော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။

 

File size…(1 GB)/(590 MB)/(269 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:41:00
Genre…Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
97.863
Status
Released
ID IMDb.com
714669
ID Themoviedb.org
714669
TMDb Rating
5.53
TMDb votes
67