Exit print mode Print Data A+ A- Undo all

Ruby Sparks (2012)

She's Out Of His Mind
Ruby Sparks (2012)Ruby Sparks (2012)

Synopsis:

Ruby Sparks (2012)
IMDb – 7.2/10_____Rotten Tomatoes – 79%

 

442

 

 

[ Spoilers Alert ]

အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။
အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော….သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။
တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။
ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို …အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ …. စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင်
Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။
ဇာတ်ကားရဲ့ နာမည်ကတော့ Ruby Sparks ပဲ ဖြစ်ပါတယ် ။

ဇာတ်လမ်းလေးကတော့ –
ကယ်ဗင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ပါ ။ သူ ရေးတဲ့ ဝတ္ထုတွေက အင်မတန်လူကြိုက်များပါတယ်။
ဒါပေမယ့် သူဟာ စာရေးဆရာတစ်ယောက်ပီပီ အင်မတန်စိတ်ကူးယဉ်တတ်ပါတယ်။ တစ်ယောက်တည်းလည်း တစ်ယောက်တည်းသမား။ ဇီဇာလည်း အတော်ကြောင်တဲ့လူတစ်ယောက်ပါ။
နောက်ပြီး သူဟာ Romantic ဆန်သူတစ်ယောက်။
သူဟာ Romantic ဆန်ပေမယ့်လည်း သူ့မှာ ချစ်သူ တစ်ယောက်မှ မရှိပါဘူး ။ သူဟာ သူ့စိတ်ကူးနဲ့ပဲ ချစ်သူတစ်ယောက်ကို ပုံဖော်ပြီး သူ့ ဝတ္ထုထဲမှာ ထည့်ရေးပါတယ်။
အဲဒီမှာ ပြဿနာစတတ်တော့တာပါပဲ။ အဲဒါကတော့ – ကယ်ဗင်ဟာ အိပ်မက်လိုလို အပြင်မှာဖြစ်နေသလိုလို အဖြစ်နဲ့ကြုံတွေ့တော့တာပါပဲ။ အဲဒါက ဘာလဲဆိုတော့ ။
ကောင်မလေးတစ်ယောက်ဟာ သူ့အိမ်ထဲမှာ ရောက်နေတယ်။ သူ ဘေးနားမှာ ရောက်နေတယ်လို့ ခဏ ခဏ သူ တွေ့လာခဲ့ရပါတယ်။
နဂိုကမှ ဇီဇာကြောင်တဲ့ ကယ်ဗင်ဟာ ဒီကိစ္စဟာ သူ စိတ်မူမမှန်ဘူး၊ စိတ်ကယောင်ခြောက်ခြားဖြစ်လို့ ဒီလို မြင်နေရတယ် ထင်ပြီး စိတ်ရောဂါပါရဂူတွေနဲ့တောင် တွေ့ရှိပြီး ကုသမှုတွေ ဘာတွေတောင် ပြုလုပ်ခဲ့ပါတယ်။
အမှန်တကယ်က အဲဒီကောင်မလေးဟာ တကယ်အပြင်မှာ တကယ်ရှိနေတာပါ ။ အဲဒီကောင်မလေးဟာ ရူဘီ လို့ ခေါ်ပါတယ်။ သူ ဘယ်ကနေထွက်လာသလဲ ဆိုရင်
ကယ်ဗင်ရေးနေတဲ့ ဝတ္ထုဇာတ်လမ်းထဲက ထွက်ရှိလာခဲ့တာပါ။ အဲဒါကို ကယ်ဗင်ဟာ လုံးဝမသိခဲ့ပါဘူး ။ ရူဘီ ရဲ့ မျက်နှာကိုလည်း သူ သေသေချာချာ မသိသေးပါဘူး။ အိပ်မက်လား တကယ်လား ပေါ့ ။
ဒါပေမယ့် ကယ်ဗင်ဟာ ရူဘီ့ကို စတင်ချစ်ကြိုက်မိနေပါပြီ။ သူ ရေးနေတဲ့ ဝတ္ထုထဲက မိန်းကလေးကို သူ သဘောကျ နှစ်သက်နေပါပြီ။
တနေ့ ကယ်ဗင်ဟာ ပန်းခြံထဲမှာ စာဖတ်နေခဲ့ပါတယ်။ သူ့ အချစ်တော်ခွေးလေးလည်း ပါလာခဲ့ပါတယ် ။ အဲဒီမှာ မိန်းကလေးတစ်ယောက်က အဲဒီခွေးလေးကို သဘောကျလို့ အဲဒီခွေးလေးကို ပုံတူ ပန်းချီဆွဲခွင့်ပေးပါလား ဆိုပြီး ကယ်ဗင်ကို ပြောပါတယ်။
အဲဒီ မိန်းကလေးဟာ ရူဘီ ပါ ။ ဒါပေမယ့် ကယ်ဗင်ဟာ အဲဒီမိန်းကလေးကို ရူဘီ လို့ မသိပါဘူး။ သာမာန်ပန်းချီဆရာမလေး တစ်ယောက်ထင်နေခဲ့ပါတယ် ။
အဲဒီနောက်မှာ ကယ်ဗင်ဟာ ရူဘီ နဲ့ ခွဲခွာခဲ့ပြီး အိမ်ပြန်လာခဲ့ပါတယ် ။ သူ့အိမ်ကိုရောက်ပြီး သူ့ရဲ့ လက်နှိပ်စက်နဲ့ ရေးလက်စဝတ္ထုကို ဆက်ရေးနေခဲ့ပါတယ် ။ အဲဒီနေ့ညမှာ ကယ်ဗင်ဟာ စာရေးရင်းနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။
သူ မနက်နှိုးလာတဲ့အခါမှာ သူ့ရဲ့ အိမ်အောက်ထပ်မှာ ချက်ပြုတ်နေတဲ့ ရူဘီ သူ တွေ့ရှိသွားခဲ့ပါတယ်။ အင်မတန်ပြာတောက်သွားပြီး “ဒါက အမှန်တကယ်ဖြစ်ရပ်မဟုတ်ဘူး၊ ဒါ တကယ်မဟုတ်ဘူး”ဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။
သူ ရူးနေပြီဆိုတာ သေချာတယ် ဘာညာပေါ့ ။ ဒါပေမယ့် ရူဘီဟာ တကယ်ရှိနေခဲ့ပါတယ် ။ ကယ်ဗင်ဟာ ရူဘီကို သူ တစ်ယောက်တည်း မြင်နေရတယ် လို့ပဲ ထင်နေခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအထင်မှားယွင်းကြောင်းကို ကယ်ဗင်ဟာ တနေရာမှာ သိလိုက်ရပါတယ် ။

 

 

ကယ်ဗင့်ရဲ့ စာဖတ်ပရိသတ်မိန်းကလေးတစ်ဦးနဲ့ Date လုပ်နေတဲ့ လက်ဖက်ရည်ဝိုင်းကို ရူဘီ က ရောက်လာခဲ့ပါတယ် ။ အဲဒီမှာ ရူဘီဟာ ကယ်ဗင် Date လုပ်နေတဲ့ ကောင်မလေးကို ရန်ရှာပါတော့တယ်။
Date လုပ်နေတဲ့ တစ်ဖက်က ကောင်မလေးဟာ စိတ်ဆိုးပြီး ထွက်သွားပါတယ်။ အဲဒါနဲ့ ဘေးက ဖြတ်လျှောက်သွားတဲ့လူကို လက်ဆွဲပြီး ခင်ဗျား သူ့ကိုမြင်ရလား လို့ မေးတဲ့အခါမှာ ရူဘီက သူ့ကို စားပွဲပေါ်မှာရှိတဲ့ ရေနဲ့ကောက်ပက်လိုက်ပါတယ်။
ကယ်ဗင် သိလိုက်ပါပြီ ရူဘီဟာ အမှန်တကယ် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကိုပေါ့။
အစကတည်းက ကယ်ဗင်ဟာ ဝတ္ထုထဲက ရူဘီကို ချစ်မြတ်နိုးနေတာနဲ့ အခုအပြင်လောကမှာ ရူဘီ တစ်ယောက်ပေါ်လာတာနဲ့ ကယ်ဗင်နဲ့ ရူဘီဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။
ကယ်ဗင်ဟာ သူ့မှာ ချစ်သူတစ်ယောက်ရနေပြီဖြစ်ကြောင်း၊ ဟိုတုန်းက မြင်နေခဲ့တဲ့ ကောင်မလေးက သူ့ဝတ္ထုထဲက ဇာတ်ကောင် ရူဘီဖြစ်ကြောင်း ကို သူ့ရဲ့ အစ်ကိုဖြစ်သူဆီ လှမ်းကြွားပါတယ်။
သူ့ရဲ့ အစ်ကိုကလည်း ကယ်ဗင်ရဲ့ စိတ်ရောဂါကို သိသူတစ်ယောက်ဆိုတော့ မယုံပါဘူး။ ငါ့ကို မနောက်ပါနဲ့ကွာ ဘာညာပေါ့ ။ အဲဒါနဲ့ ကယ်ဗင်ရဲ့ အကိုဟာ ကယ်ဗင်ရဲ့ အိမ်ကို ရောက်ရှိလာခဲ့ပါတယ်။
အိမ်ရောက်တော့ သူ့ အကိုဟာ ရူဘီကို တွေ့တဲ့အခါမှာ အင်မတန်အံ့သြသွားပါတယ်။ သူ မယုံကြည်တာ တစ်ခုရှိပါသေးတယ်။ ရူဘီဟာ ဝတ္ထုထဲက အပြင်ထွက်လာတဲ့ကောင်မလေးတစ်ယောက်ဆိုတာကိုပါ။
ဒီအကြောင်းကို သက်သေပြဖို့ ကယ်ဗင်ဟာ သူ့အကိုရဲ့ ရှေ့မှာပဲလက်နှိပ်စက်နဲ့ သူရေးလက်စ ဝတ္ထုမှာ “ရူဘီဟာ ပြင်သစ်စကားကို ကောင်းကောင်းပြောနိုင်တယ်” ဆိုပြီး ရေးလိုက်ပါတယ်။
အစက ပြင်သစ်စကားကို မပြောတတ်တဲ့ ရူဘီဟာ ပြင်သစ်သီချင်းတွေဆို ပြင်သစ်စကားတွေ ကောက်ခါငင်ကာ ထပြောမှ သူ့ အကိုဖြစ်သူဟာ ဒီကိစ္စကို အင်မတန်အံ့သြသွားပြီး လက်လည်းလက်ခံသွားခဲ့ပါတယ်။

ရူဘီ ကို သူလိုသလို ဖန်ဆင်းပြုပြင်လို့ ကယ်ဗင်သိသွားပြီးနောက်မှာ ရူဘီကို သူ ဘာတွေ ဆက်လက်ပြုပြင်မလည်း၊ ဘယ်လိုတွေ ပြုလုပ်မလည်း ဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။
“ရူဘီဟာ ဒေါသထွက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်” လို့ ရေးလိုက်တဲ့အခါ ဒေါသအလျှင်အမြန်ထွက်တတ်တဲ့ ရူဘီချက်ချင်းဖြစ်သွားသလို
“ရူဘီဟာ အင်မတန်အားငယ်တတ်ပြီး မိမိချစ်သူကို အားကိုးသော မိန်းကလေးတစ်ယောက်ဖြစ်သည်”လို့ ရေးလိုက်တဲ့အခါ ကယ်ဗင်အနားမှာ တစ်စက္ကန့်မှ ခွဲမသွားတော့ပဲ အမြဲကပ်နေတဲ့ ကပ်ပါးကောင်မလေးတစ်ယောက် ချက်ချင်းဖြစ်သွားပါတယ်။
အဲဒီလို ကယ်ဗင် လိုသလိုပုံသွင်းလို့ရတဲ့ ရူဘီကတော့ သူ့ကိုယ်သူ ဝတ္ထုထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်နေမှန်းကို မသိရှာပါဘူး။ သူ့ကိုယ်သူ တကယ့်အစစ်အမှန်လို့ပဲ ထင်နေခဲ့ပါတယ်။
အဲဒီနောက်မှာ ကယ်ဗင်ဟာ ရူဘီကို ဘယ်လို ညွှန်ကြားချက်တွေပေးမလဲ၊ ဘာတွေကို ဘယ်လို သူ့လက်နှိပ်စက်လေးရိုက်ပြီး ရူဘီကို ဖန်ဆင်းမလဲ ၊
ရူဘီဟာ သူ့ကိုယ်သူ အစစ်အမှန်မဟုတ်ဘူး သူဟာ အတုအယောင်တစ်ခုဖြစ်နေတဲ့အခါ လို့ သိသွားတဲ့အခါမှာ ကယ်ဗင်နဲ့ ရူဘီ တို့ရဲ့ Relationship ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဇာတ်ကားကို ကြည့်ရှု့မှ အရသာရှိစေဖု့ိ ပြောမပြတော့ပါဘူး။

Cast တွေအနေနဲ့ ကယ်ဗင် အဖြစ် Paul Dano ၊ ရူဘီ အဖြစ် Zoe Kazan ပါဝင်ပါတယ်။ ဒါရိုက်တာတွေကတော့ Jonathan Dayton နဲ့ Valerie Faris တို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးသူကတော့ ရူဘီ အဖြစ် သရုပ်ဆောင်တဲ့ Zoe Kazan ဖြစ်ပါတယ်။
တကယ့်အပြင်မှာလည်း Paul Dano နဲ့ Zoe Kazan တို့ကလည်း Partner တို့ဖြစ်ပါတယ် ။
မှော်ဆန်တဲ့ အဖြစ်အပျက်ဆိုပေမယ့် ရိုးရိုးသာမာန်အချစ်ဇာတ်ကားလေးတစ်ကားအဖြစ်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
IMDb 7.2 ရှိတဲ့ ဒီရုပ်ရှင်ဟာ ပေါ့ပေါ့ပါးပါးလေးနဲ့ ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ် ။ ထွက်ရှိထားတာ ကြာပြီဆိုပေမယ့် ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအဖြစ် ညွှန်းလိုက်ပါရစေ ။

 

(ရုပ်ရှင်အညွှန်းကို Movie Movies’s FB Page မှကူးယူဖော်ပြပါသည်။)

 

 

 

 

File size…(857 MB)
Quality…Blu-Ray  720p
Format…mp4
Duration….01:44:06
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Ruby Sparks
Director
Jonathan Dayton, Lyn Matsuda Norton, Valerie Faris
Stars
Aasif Mandvi, Alia Shawkat, Annette Bening, Antonio Banderas, Chris Messina, Deborah Ann Woll, Elliott Gould, Paul Dano, Steve Coogan, Zoe Kazan
Release Date
25 July 2012 (USA)
Rated
R
Runtime
1h 44min
Awards
1 win & 11 nominations.
Country
USA
Budget
USD $8 000 000,00
Revenue
USD $9 128 263,00
Popularity
12.157
Status
Released
ID IMDb.com
tt1839492
IMDB Rating
7.2
IMDB votes
94,533
ID Themoviedb.org
103332
TMDb Rating
7.1
TMDb votes
1095