ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တွေကို
ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ကလေးသရုပ်ဆောင်တွေနဲ့
အသားပေးရိုက်ကူးထားတဲ့ Fantasy Adventure ဇာတ်ကား
တစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းပုံစံက ထူးခြားတယ်လို့ ပြောလို့
ရပါတယ်။
ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြ
ထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတို့လို
စိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေ
ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Robin နဲ့
သူငယ်ချင်းတစ်စုဟာ သူတို့အိမ်နားကသစ်တောထဲမှာ ကစားနေကျ
ဖြစ်ပါတယ်။ တစ်နေ့ စီးပွားရေးလုပ်ငန်းတစ်ခုက အဆောက်အအုံ
တစ်ခုဆောက်ဖို့အတွက် သူတို့ရဲ့ကစားနေကျနေရာကို ဖျက်ဆီးပစ်ဖို့
လုပ်လာပါတယ်။ အဲဒါကို Robin က သူရဲ့သူငယ်ချင်းတွေကို
ဦးဆောင်ပြီးတော့ တားဖို့ကြိုးစားတဲ့အခါ ဘယ်လိုအဖြစ်အပျက်
တွေကို တွေ့ကြုံရမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊
နောက်ဆုံးမှာရော တားဆီးနိုင်သွားပါ့မလားဆိုတာတွေကို
ကလေးသဘာဝအရ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရမှာ
ဖြစ်ပါတယ်။
File size…1.81GB / 1.03GB
Quality…WEB-Rip 1080p / 720p
Format…mp4
Duration….1h 40m
Genre ….. Adventure , Family , Fantasy
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Austin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။