Rimini (2022)
~ IMDb – 7/10, RT – 94%, Meta – 81% ~
အခုမိတ်ဆက်ပေးမှာကတော့ မနှစ်က ထွက်ခဲ့တဲ့ ဩစတြေးလျကားသစ်လေးတစ်ကားပါ။ ရီမီနီဆိုတာ အီတလီနိုင်ငံက မြို့တစ်မြို့ပေမယ့် ဩစတြေးလျပေါ့ပ်အဆိုတော်ကြီးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီး အီတလီ၊ ရိုမေးနီးယား၊ ဂျာမနီ၊ ဩစတြေးလျတို့မှာ ရိုက်ထားတာပါ။
ရီချီဘရာဗိုလို့ ခေါ်တဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ ပေါ့ပ်စတားတစ်ဦးဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူ့အောင်မြင်မှုလေးတွေ လိုက်လံဖမ်းဆုပ်ရင်း သူ့သီချင်းတစ်ချို့ ခေတ်စားနေသေးတဲ့ အီတလီနိုင်ငံ ရီမီနီမြို့မှာ အခြေချဖြစ်ပါတယ်။ ဘဝကို အနိမ့်တကာ့အနိမ့်ဆုံးထိ ကိုယ်တိုင်ထိုးဆင်းပြီး အရက်၊ ဆေးလိပ်၊ (အထူးသဖြင့်) မိန်းမ အပျော်အပါးမှန်သမျှ အကုန်ချပြီး လူမဝင်သလောက်နီးပါး ရုံလေးတွေမှာ ဖျော်ဖြေရင်း မဖြစ်စလောက် ဝင်ငွေလေးနဲ့ ရပ်တည်နေပါတယ်။
ဒီလိုမျိုး ဘဝကို စိတ်ကြိုက်ဖြုန်းတီးပြီး ဖြစ်သလိုနေထိုင်နေတဲ့ ရီချီ့ဘဝထဲကို ငယ်ငယ်လေးကတည်းက သူပစ်ထားခဲ့တဲ့ သမီးဖြစ်သူရောက်လာပြီး သူရထိုက်တဲ့ သူ့ပိုက်ဆံ တစ်နည်းပြောရရင် အဖေဖြစ်သူက ဖန်တီးပေးသင့်တဲ့ သူ့အနာဂတ်ကို တောင်းဆိုလာပါတယ်။ ပစ်တုန်းက ပစ်ခဲ့ပေမယ့် ပြန်တွေ့တော့လည်း သမီးအတွက် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်မိသွားတဲ့ ရီချီတစ်ယောက် ဘယ်လိုများ သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ကြရမှာပါ။
အထူးသတိချပ်ရမှာကတော့… အပေါ်မှာရေးပြထားတဲ့ ဇာတ်အိမ်ကို ဖတ်ပြီးတော့ ” ဟာ..ဒီကားလေးဟာတော့ ခေတ်ဟောင်းအဆိုတော်ကြီးတစ်ယောက်အကြောင်းလေးပါလား၊ သားအဖ မေတ္တာဘွဲ့ဇာတ်လမ်းလေးပါလား ” ဆိုပြီး မိဘတွေနဲ့ အတူတူကြည့်ဖို့များတွေးမယ်ဆိုရင်တော့ အမှားကြီးမှားသွားလိမ့်မပေါ့။ ထိန်းမနိုင်အရွယ်တွေ ကဲရင် သာတောင်ဆိုးသတဲ့ လို့ အဆိုလည်း ရှိလေတော့ ဒီကားထဲမယ် ဆင်နှာမောင်းကိုတောင် ကင်မရာဦးတိုက် ပြထားသေးသမို့ စဉ်းစဉ်းစားစားသာ ကြည့်ကြစေချင်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.85GB, 820MB
Quality – 1080p, 720p
IMDb Rating – 7/10
Format – mp4
Duration – 1H 54Min
Genre – Comedy, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Z
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။






















![[18+] Bachelor Party (1984)](https://image.tmdb.org/t/p/w185/pB6sqgWPlHY5wjoq7IdNJ5YduTK.jpg)





















