Exit print mode Print Data A+ A- Undo all

Ribblehead (2022)

Ribblehead (2022)Ribblehead (2022)

Synopsis:

442

အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်​တာ​မကြာသေးတဲ့ ဗြိတိသျှ​ စိတ္တဇ​ဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝ​လွန် Horror လို့​လည်းပြောလို့ရပါတယ်။

ဇာတ်ကား​နာမည်ဖြစ်တဲ့ Ribblehead​ က ဗြိတိန်​နိုင်​ငံမှာတည်​ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်း​အကြောင်း​ကို​လည်း​ Documentary တွေ​အများကြီး​ရိုက်​ထားတာရှိပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့

မာခ့်စမစ်ဆင် ဟာ စာအုပ်​တစ်​အုပ်​တည်း​နဲ့ အောင်မြင်​သွား​တဲ့​ လူငယ်​စာရေးဆရာ​ဖြစ်ပြီး အရက်​စွဲနေပါတယ်။ ဒုတိယ​တစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်​အခဲတွေရှိလာတာကြောင့် ဇနီး​ဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေး​လက်​ဒေသ​က အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီ​ဒေသမှာ နာမည်​ကျော်​ Ribblehead တံတား​ကြီးနဲ့ ရထားလမ်း​ရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမား​တွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်​ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့​ဒုတိယ​ဝတ္ထု​ကို ဒီ​ရထား​လမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်​တဲ့သမိုင်းအချက်အလက်တွေကို သုတေသန​ပြုရှာဖွေရာကနေ ကြောက်​စရာကောင်းတဲ့ အဖြစ်​အပျက်တွေ တစ်ခု​ပြီး​တစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်​ထင်​ယောင်မှား​မှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်း​ခြောက်​လာပါတော့တယ်။

ဇာတ်လမ်း​က slow burn အမျိုး​အစားဖြစ်ပြီး ဇာတ်​အိမ်​က လှပကောင်းမွန်ပါတယ်။ ဇာတ်​ရှိန်​တက်တာ အနည်းငယ်နှေးပြီး စိတ္တဇ​ဒရာမာ​အမျိုးအစား​ဖြစ်ပေမဲ့ သဘာဝလွန်ပြကွက်တွေလည်းပါဝင်ပါတယ်။ မာခ့်​မြင်နေရတဲ့ ဖြစ်​ရပ်တွေက သူ့စိတ်ထင်မဟုတ်ဘဲ တကယ်​ဖြစ်​ခဲ့တာမျိုးပါ။

ဇာတ်ကား​ရဲ့ Cinematography​ က ကောင်း​မွန်ပြီး Ribblehead​ ဒေသရဲ့လှပတဲ့ရှုခင်းတွေကို မြင်​တွေ့ရမှာပါ။ Slow burn အင်ဒီရုပ်ရှင်မျိုးကြိုက်ရင် သေချာ​အချိန်​ယူပြီး ကြည့်ရှုသင့်တဲ့ ဇာတ်​ကားကောင်းတစ်ကားဖြစ်ပါတယ်။

 

File size…(1.3 GB)/(550 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:28:00
Genre…Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Wolfenheim



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
1.193
Status
Released
ID IMDb.com
tt14186922
ID Themoviedb.org
842493