Exit print mode Print Data A+ A- Undo all

Rewind (2023)

Do you make time for what matters most?
Rewind (2023)Rewind (2023)

Synopsis:

Rewind (2023)

ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး
သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ
ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။
ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့
စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို
ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။
မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း
လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး
ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ …….
ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ …..
အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား…. ဆိုတာတွေကို
ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။

442

အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။

Genre….. Drama, Romance, Sci-fi
Quality…. 1080p | 720p
File size… 1.3GB | 712MB
Format… mp4
Duration…. 1h 52min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Char Ou
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
24 March 2024
Runtime
1h 52min
Awards
11 Nominations
Revenue
USD $16 000 000,00
Popularity
48.255
Status
Released
ID IMDb.com
1143183
IMDB Rating
7
IMDB votes
1.1k
ID Themoviedb.org
1143183
TMDb Rating
6.909
TMDb votes
22