Exit print mode Print Data A+ A- Undo all

Return to Seoul (2022)

Return to Seoul (2022)Return to Seoul (2022)

Synopsis:

Return to Seoul ( 2022 )

ယဉ်ကျေးမှု ဆိုတာကို ” သဘာဝပတ်ဝန်းကျင်မှ လူတိုင်းကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။
ယဉ်ကျေးမှု ဆိုသည်မှာ လူတစ်မျိုး၏ ဘဝတည်ဆောက် ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။
လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ ဆက်ဆံ နေထိုင်စားသောက် လှုပ်ရှားသည့် ပုံစံသည် လူတို့၏ ယဉ်ကျေးမှု စနစ်ဖြစ်သည်”လို့ ဖွင့်ဆိုထားတယ်။
သူ့ဖွင့်ဆိုချက်အတိုင်းပဲ ယဉ်ကျေးမှုဟာ ရွေ့လျောသွားတဲ့နေရာ ရွေ့လျားသွားတဲ့ပတ်ဝန်းကျင်ကိုလိုက်ပြီး မတူညီကြဘူး။
နိုင်ငံကွဲ ဒေသကွဲ အရပ်ကွဲတာတွေထားဦး။ အိမ်တစ်အိမ်ထဲတောင် အဖေနဲ့သားရဲ့ ယဉ်ကျေးမှုခြင်းက မတူနိုင်ဘူး။
ဘယ်တုန်းကမှလည်း လူကြီးတွေရဲ့ ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထပ်မတူမကျဖူးဘူး။
ဟိုးတုန်းက ဆံပင်အရှည်ထားလို့ လမ်းသရဲလို့သမုတ်ခံရတဲ့ ကျွန်တော်တို့ရှေ့မျိုးဆက်တွေနဲ့ သူတို့ရှေ့မျိုးဆက်တွေရဲ့ ယဉ်ကျေးမှုလည်းမတူသလို ကျွန်တော်တို့နဲ့ ဆံပင်ရှည်ထားတဲ့မျိုးဆက်က ယဉ်ကျေးမှုလည်းမတူဘူး။
တကယ်လို့သာ နိုင်ငံကွဲသားသမီးတစ်ယောက်နဲ့ အဖေတစ်ယောက်ရဲ့ ယဉ်ကျေးမှုဆို ဘယ်လောက်ထိ ကွာခြားသွားနိုင်လဲ။ ဒီရုပ်ရှင်က ဒီအကြောင်းပါပဲ။

442

ဇာတ်ကားစစအဖွင့်မှာ ကိုရီးယားမျက်နှာနဲ့ ကောင်မလေးတစ်ယောက် တည်းခိုခန်းမှာ အခန်းလာငှားတယ်။
လက်ရှိကိုရီးယားတွေထက်တောင် ကိုရီးယားစစ်တဲ့ ရုပ်ပေါက်နေပေမဲ့ တကယ်က သူက ပြင်သစ်သူ။
သူ့ကိုယ်သူ ကိုရီးယားမိဘတွေရဲ့ သမီးမှန်း မွေးစားခံထားရမှန်း သူသိထားတယ်။
ဒီတော့ ကိုရီးယားကို သူရောက်လာတာက သူ့အဖေနဲ့အမေအရင်းကို ရှာဖို့လို့ ပြောလို့ရတယ်။
ဒီလိုနဲ့ ကိုရီးယားသူငယ်ချင်းတွေနဲ့ ကိုရီးယားယဉ်ကျေးမှုအတိုင်း သူတို့အရက်ဝိုင်းဖွဲ့ကြရာကနေ သူ့မိဘတွေကိုရှာတွေ့မယ့်လမ်းစကို သူရသွားတယ်။
ကိုရီးယားရဲ့နာမည်ကြီး ကလေးမွေးစားရေးစီမံစင်တာပေါ့။ အဲဒီကိုသူသွားတော့ စင်တာရဲ့စနစ်က ထူးထူးခြားခြားပဲ သားသမီးထက် မိဘကို ကာကွယ်ပေးထားတာကိုတွေ့လိုက်ရတယ်။
မွေးစားခံခဲ့ရတဲ့ သားသမီးက မိဘရင်းကို လာစုံစမ်းရင် စင်တာက မိဘရင်းတွေကိုသိခဲ့ရင် အဲဒီမိဘရင်းတွေရဲ့ လိပ်စာကို ၃ခါတိတိ ကြေးနန်းပို့ပေးတယ်။
အကြောင်းပြန်မလာရင် ဥပဒေအရ မိဘတွေအနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့။
ဘာနေနေ ဆက်သွယ်ကြည့်တော့ သူ့အဖေဘက်က ဆက်သွယ်လာပေမဲ့ သူ့အမေဘက်ကတော့ အကြောင်းပြန်မလာခဲ့ဘူး။
ဒီလိုနဲ့ သူ့အဖေနဲ့ သူ့အဖေဘက်က အမျိုးတွေနဲ့ သွားတွေ့ကြည့်ခဲ့တယ်။ သူ့ကို စကားပြန်လုပ်ပေးတဲ့လူကတော့ သူ့သူငယ်ချင်းပြင်သစ်လိုတတ်တဲ့ကောင်မလေး။
ဒီပြင်သစ်မလေးက မိဘရင်းတွေကို တွေ့လည်းတွေ့ချင်သလို ဒေါသလည်းနည်းနည်းရှိနေတယ်။
သူကိုရီးယားနိုင်ငံရဲ့စီးပွားရေးမပြေလည်တဲ့ကာလတစ်ခုမှာ သူ့သမီးကောင်းစားစေချင်လို့ မွေးစားဖို့ပေးလိုက်မိတဲ့အဖေက နောင်တနဲ့ သမီးကိုပြန်လိုချင်တယ်။
သမီးကလည်း ရိုင်းစိုင်းသလို ( သူ့နိုင်ငံနဲ့ သူ့ယဉ်ကျေးမှုအရတော့ ဒီလောက်ကြီးမရိုင်းဘူး ) အဖေကလည်း သမီးကို အတင်းဆက်သွယ်တာတွေ ဘာညာလုပ်လာတယ်။
( ဒါကလည်း ကိုရီးယားရဲ့မိဘကို အလေးထားတဲ့ ယဉ်ကျေးမှုအရဆို ဒီလောက်မရိုင်းပေမဲ့ ကောင်မလေးအမြင်ကျ အတင်းကြီးဝင်စွက်ဖက်သလိုဖြစ်ပြီး မတရားရိုင်းသွားတယ်)
ထူးတာက ဒီ၂ယောက်ကြားက ပေါင်းကူးဖြစ်တဲ့ စကားပြန်မလေးက သူတို့၂ယောက်စကားတွေကို စကားပြန်ရုံတင်မဟုတ်ဘဲ
ယဉ်ကျေးမှုပေါင်းကူးပါလုပ်ပေးပြီး တစ်ယောက်စကားတစ်ယောက်နားမှာ မခါးရအောင် ဆိုသလိုမျိုး ပြန်ပေးသွားတာပဲ။
ဒီဇာတ်မှာတော့ ယဉ်ကျေးမှု ၂ခုကြားမှာ အစကတည်းက ယဉ်ကျေးမှုမတူနိုင်တဲ့ အဖေနဲ့သမီး ဘယ်လိုရှေ့ဆက်ကြမလဲ ကြည့်ကြရမှာပါ။
ဒါရိုက်တာရဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ကို ပြင်ဆင်ရိုက်ကူးထားတာမို့ ဒါမျိုးအဖြစ်တွေလည်းလောကမှာ ရှိတတ်ကြောင်းလည်းသိရတာပေါ့။

Return to Seoul ဟာ ကိုရီးယားမှာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ကမ္ဘောဒီးယား ပြင်သစ် ဒါရိုက်တာ Davy Chouရဲ့ ကမ္ဘောဒီယားကားပါပဲ။
ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ကမ္ဘောဒီးယားက အော်စကာ Best International Featureအတွက် သူ့နိုင်ငံကိုယ်စားပြုရွေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။

အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p | 480p
File size… 1.68GB | 680MB | 349MB
Format… mp4
Duration…. 1h 59min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. WiRa Aung
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Retour à Séoul
Release Date
3 May 2023
Rated
R
Runtime
1h 59min
Awards
9 wins & 19 nominations
Country
South Korea
Revenue
USD $1 594 998,00
Popularity
24.737
Status
Released
ID IMDb.com
tt19719836
IMDB Rating
7.1
IMDB votes
2.3k
ID Themoviedb.org
952701
TMDb Rating
5.99
TMDb votes
52